Connect with us

Hi, what are you looking for?

သတင်း

အုတ်ဖိုတွင် ကင်းပတ်လာသည့် ပျူစောထီးအဖွဲ့ကို တိုက်ခိုက်ခံရပြီး ၁ဦးသေ

ပဲခူးတိုင်း၊ သာယာ၀တီခရိုင် အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမပေါ်သို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနိုင်ရန် ကင်းပတ်လာသည့် ပျူစောထီးအဖွဲ့ကို တိုက်ခိုက်ခဲ့ရာ ၁ဦးသေဆုံးခဲ့ကြောင်း သာယာ၀တီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ(၄)-မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို) တာဝန်ရှိသူက ပြောသည်။

◾️စစ်ကောင်စီထောက်တိုင်နှင့် အတုအယောင်ရွေးကောက်ပွဲ ပါဝင်သူများကို တိုက်ခိုက်မည်ဟု မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို) သတိပေး

စက်တင်ဘာ−၅၊ ၂၀၂၅။ ထားမြတ်/People’s Spring

ပဲခူးတိုင်း၊ သာယာ၀တီခရိုင် အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမပေါ်သို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနိုင်ရန် ကင်းပတ်လာသည့် ပျူစောထီးအဖွဲ့ကို တိုက်ခိုက်ခဲ့ရာ ၁ဦးသေဆုံးခဲ့ကြောင်း သာယာ၀တီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ(၄)-မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို) တာဝန်ရှိသူက ပြောသည်။

အေးမြသာယာမြို့ ပျူခေါင်းဆောင် ၀န ဦးဆောင်သည့် ပျူတပ်ဖွဲ့ဝင်များသည် ဆိုင်ကယ် ၅စီးဖြင့် ကင်းပတ်စဉ် စက်တင်ဘာ ၃ရက်က စဉ့်ကူးချောင်းဂေါင်းဆည်တာဘောင်ပေါ်၌ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တပ်ရင်း(၃၈၀၂) တပ်ခွဲ(၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားကာ ပျူစောထီး ကျော်ဝင်းစိန် နေရာတွင် သေဆုံးကာ ကျန်သူများ ထွက်ပြေးသွားဟု ဆိုသည်။

” စစ်ကြောင်း ထိုးဖို့တော့ရှိတယ်ဗျ။ မထိုးသေးဘူး။ ပျူတွေက ကင်းပတ်တာဗျ”ဟု တပ်ခွဲ(၄) တာဝန်ရှိသူက ပြောသည်။ သေဆုံးသူ ပျူစောထီးတွင် လက်နက် မပါလာဟုလည်း ပြောသည်။

ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များ ဒုက္ခပေးနေကြသည့် စစ်ကောင်စီတပ်များကို သာမက စစ်ကောင်စီ ထောက်တိုင်များကိုပါ တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် ၎င်းတို့ အနီး သွားလာနေထိုင်ခြင်းမပြုရန် မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက အသိပေးထားသည်။

ထို့ပြင် ဩဂုတ် ၂၉ရက်ကလည်း မင်းလှမြို့နယ် ဗိုလ်ရုံတန်းရပ်ကွက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး ဝင်ပေါက်အနီး မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်အုပ်စုမှ ပြုလုပ်မည့် တရားမဝင် ရွေးကောက်ပွဲကို လက်မခံကြောင်းသတိပေး တိုက်ခိုက်ခြင်းသာ ဖြစ်ကြောင်း မြေအောက် ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက သတင်းထုတ်ပြန်သည်။

” အဓိက ပြောချင်တာကတော့ ပြည်သူတွေကိုပေါ့။ ကျနော်တို့အနေနဲ့ အတုအယောင် ရွေးကောက်ပွဲကို ထိထိရောက်ရောက်တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်။ အဲဒါကြောင့်စစ်ကော်မရှင်ရဲ့ တရားမဝင် ရွေးကောက်ပွဲကို မပါဝင်ကြဖို့နဲ့ မဲရုံတွေနဲ့ ဝေးဝေးနေကြဖို့ပါဗျ” ဟု တပ်ခွဲ(၄) တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲတွင် ပါဝင်ကြမည့်သူများနှင့် အားပေး ကူညီကြမည်သူများအား ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမည်ဟုလည်း သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Facebook