Connect with us

Hi, what are you looking for?

သတင်း

တောင်သာနယ် နန်းမြင့်တောင်တိုက်ပွဲ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ

သေနတ် ၁၀ လက်၊ ဂျန်ဘာ၊ ဒရုန်းဖြတ်စက်နှင့် ခဲယမ်းများ PDF များသိမ်းဆည်းရရှိ

စစ်ကောင်စီတပ်နှင့် ပျူများထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများနှင့်အတူ အောင်ပွဲခံနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ကိုတွေ့ရစဥ်။ ဓါတ်ပုံ-ပေးပို့

ကျော်ဇော/People’s Spring

တောင်သာမြို့နယ်၊ နန်းမြင့်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ကို ပူးပေါင်းအဖွဲ့များနှင့်အတူ နှစ်ရက်ဆက်တိုက်ခိုက်ခဲ့​ရာ စစ်ကောင်စီဘက်မှ ၂၀ ဦးခန့်ထိခိုက်သေဆုံးကြောင်း မြင်းခြံခရိုင် PDF အမှတ်(၃)တပ်ရင်းက ယနေ့(ဇန်နဝါရီလ ၁၂)အသိပေး ထုတ်ပြန် သည်။

ယမန်နေ့(ဇန်နဝါရီလ ၁၁ ရက်)နံနက် ၅ နာရီခန့်က တောင်သာမြို့ စွပ်ကျယ်စက်ရုံ၌တပ်စွဲထားသော စစ်ကောင်စီတပ်မှ အင်အား ၃၀ ခန့်ပါစစ်ကြောင်းသည် ဒေသခံလူငယ်တစ်ဦးအား ပေါ်တာဆွဲဖမ်းဆီးလိုက်သည်ဟု ကြား သိရ၍ လိုက်လံတိုက်ခိုက်ရန်ရှာဖွေ တိုက်ခိုက်ခဲ့ခြင်းဟု ဖော်ပြသည်။

ထိုသို့ရှာဖွေရာ နန်းမြင့်ရွာအရှေ့ဘက် နန်းမြင့်တောင်စွယ် ဘုန်းတော်ကြီးကျောင်း၌ မြင်းခြံပျူ ၁၀၀ ဦးခန့်နှင့် အဆိုပါ စစ်ကြောင်းမှာ ပူးပေါင်းသွားပြီး နန်းမြင့်တောင်စွယ်ကျောင်း၌ရှိနေစဥ် မြင်းခြံခရိုင်တပ်ရင်း(၃) Drone Teamမှ 28kg ဗုံးသီးများဖြင့်ပစ်ခတ်ခြင်း၊ MGN District Drone Team မှ Drone များပစ်ခတ်ခြင်းနှင့် တောင်သာမြို့နယ် (ပကဖ)နှင့်အတူ အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ အထိခိုက်သေဆုံးမှုများစွာရှိနိုင်ပြီး စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာနှစ်စီးဖြင့် ပစ်ကူပေးရန်လာသော်လည်း တပ်‌ဖျောက် တိုက်ခိုက်နိုင်ခဲ့၍ အပစ်မခံခဲ့ရကြောင်း ဖော်ပြ သည်။

“(စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု)အဲ့ဒါတော့ မသိနိုင်ပါဘူး ခင်ဗျာ။ ကျွန်တော်တို့ အ နေနဲ့ ခန့်မှန်းပြောရတာ မကြိုက်လို့ပါ”ဟု တိုက်ခိုက်မှုတွင်ပါဝင်သည့် မြင်းခြံခရိုင် တပ် ရင်း(၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့နောက် နန်းမြင့်တောင်စွယ်ကျောင်း၌ ရှိနေသော စစ်ကောင်စီတပ်နှင့် ပျူများ ကျောင်းဝန်းအပြင်ဘက်သို့ အလွယ်တကူထွက်မလာနိုင်စေရန် တော်

လှန်ရေးပူးပေါင်းအဖွဲ့များ ဝိုင်းရံပို့ဆို့ထားခဲ့ပြီး နောက်တစ်နေ့(ဇန်နဝါရီ လ ၁၂ ရက်(ယနေ့))နံနက် ၇ နာရီခွဲ၌ ထပ်မံ၍ အနီးကပ်တိုက်ခိုက်ရန် ပြင်ဆင်စောင့်ဆိုင်းခဲ့ကြောင်း တပ်ရင်း(၃)က ထုတ်ပြန်သည်။

ယင်းကဲ့သို့ စောင့်ဆိုင်းနေစဥ် စစ်ကောင်စီတပ်နှင့်ပျူများက မြင်းခြံဘက်သို့မှစစ်ကူတောင်းရာ ရောက်မလာ၍ မြင်းခြံပျူခေါင်း ဆောင်သီတာယုမွန်မှ ပြန်ဆုတ်ရန်ပြောသဖြင့် ကားလေးစီးနှင့် မြင်းခြံဘက်သို့ထွက်လာရာ အသင့်စောင်းဆိုင်းတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်နှင့်ပျူများလိုက်ပါလာသည့် ကားလေးစီးအနက် ရှေ့သုံးစီးအား ပစ်ခတ်ရန်မမီလိုက်ဘဲ နောက် ဆုံးတစ်စီးကို အပိုင်ဖြစ်ခတ်နိုင်ခဲ့ရာ စစ်ကောင်စီဘက်မှ Jummper တစ်လုံး၊ Drone Killer တစ်ခု၊ စက်သွယ်ရေး စက်တစ်လုံး၊ MA-1 MK II ၅ လက် ၊ G-3 ၄ လက် ၊ MA-3 တလက်၊ MK-12 တစ်လက်နှင့် ကားတစ်စီးရရှိခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း(၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“(စစ်ကောင်စီယာဥ်တစ်စီး)အဲ့ဒါကိုတော့ နယ် မြေအခြေအနေအရ လက်ရမယူခဲ့လိုက်နိုင်ဘဲ လက်နက်ခဲယမ်းကိုသာ လက်ရယူခဲ့လိုက်ပါတယ်။ ကားကိုလည်း မဖျက်စီးခဲ့လိုက်ဘူး။ နယ်မြေအခြေအနေအရ အချိန်မရလို့”ဟု ၎င်းက ရှင်းပြသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ စစ်သားနှင့် ပျူ ၂၀ ဦးခန့်ထိခိုက်သေဆုံးနိုင်သော်လည်း မျက်မြင်တွေ့ရသည့် ရုပ်အလောင်း ၅ လောင်း၊ ထိခိုက်ဒဏ်ရာရ၍ ဆေးရုံတက်ကုနေသူများအနက် ၂ ဦးထပ်မံသေဆုံးကြောင်း တပ်ရင်း(၂)မှ တာဝန်ရှိသူက ဆက်ပြောသည်။လူထု​နွေဦး ကြည့်ရှုခွင့်ရ​သော ရုပ်သံမှတ်တမ်းတွင် ကား​ပေါ်၌ စစ်သားနှင့် ပျူအချို့၏ရုပ်အ​လောင်းအချို့ကို​တွေ့ရပြီး PDF များက လက်နက်ခဲယမ်းများကိုသိမ်းဆည်း​နေသည်ကို​တွေ့ရသည်။

“ပျူ နဲ့ စကစ ရောနေတော့ ပျူ ဘယ်နှစ်ယောက်သေတယ် မသိရပေမယ့် ၊ ဒီညနေကတင် မြင်းခြံ ပျူခေါင်းဆောင် သီတာယုမွန်အိမ်မှာ ညနေက အလောင်း ၄ လောင်းနဲ့ အခုည မိုးချုပ်မှ ဆေးရုံက လာပို့တဲ့ အလောင်း ၂ လောင်းရယ် ၆ လောင်း ရောက်နေတယ် သိရတယ်”ဟု ၎င်းက ထပ်မံရှင်းပြသည်။

စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သော နန်းမြင့်ကျေးရွာမှာ မြင်းခြံမြို့နှင့် ၅ မိုင်ခန့်သာဝေးပြီး တိုက်ပွဲများအတွင်း မြင်းခြံခရိုင် တပ်ရင်း (၇)မှရဲဘော်သုံးဦးထိခိုက်ဒဏ်ရာရခဲ့သော် လည်း မစိုးရိမ်ရကြောင်း တပ်ရင်း(၂)က အသိပေးသည်။

အထက်ပါ ပူးပေါင်းစစ်ဆင်ရေးကို မြင်းခြံခရိုင် တပ်ရင်း ၃၊ တပ်ရင်း ၂၊ တပ်ရင်း ၁၊ တပ်ရင်း ၇၊ တပ်ရင်း ၈ နှင့် တောင်သာ (ပကဖ)၊ မြင်းခြံပကဖ(စွန်ရဲ)စသည့် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် တပ်ပြေးသုံးဦးလိုက်ရှာနေသည့် စစ်ကောင်စီတပ်စိပ်နှင့် PDF တပ်ဖွဲ့များ ထိပ်တိုက်တိုးကာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ(၃)မှ ပြန်ကြား ရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

သတင်း

ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ခဲယမ်းများစွာရဟု အသိပေး

သတင်း

စစ်တပ်က လေကြောင်းပစ်ကူပေးပြီး နေအိမ်များအား မီးရှို့

သတင်း

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာတွင် တိုက်ပွဲပြင်းထန်နေပြီး ထိခိုက်သေဆုံးမှုများပြားသည့်စစ်ကောင်စီတပ်က အဆိုပါကျေးရွာမှ ဆရာဝန်နှစ်ဦးအပါအဝင် ကျန်းမာရေးဝန်ထမ်းခုနစ်ဦး ဖမ်းဆီးသွားကြောင်းသတင်းရှိသည်။