Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲမဖော်ဆောင်ဘဲ စစ်ကောင်စီနှင့် ဆွေးနွေးရန် တရုတ်အစိုးရကအမြဲတမ်းပြောဟု KIA ပြော

တရုတ်အစိုးရက ကချင်လွတ်လပ်ရေးအဖွဲ့ /ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIO/KIA) အား တိုက်ပွဲမဖော်ဆောင်ဘဲ စစ်ကောင်စီနှင့် ဆွေးနွေးရန် အမြဲတမ်းပြောဆိုနေကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

တရုတ်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် အာဏာသိမ်း​ခေါင်း​ဆောင်တို့ကို​တွေ့စဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ

■ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးယခုရက်ပိုင်းပြန်ငြိမ်နေ

ဇွန်-၅၊၂၀၂၅။ထားမြတ်/People’s Spring

တရုတ်အစိုးရက ကချင်လွတ်လပ်ရေးအဖွဲ့ /ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIO/KIA) အား တိုက်ပွဲမဖော်ဆောင်ဘဲ စစ်ကောင်စီနှင့် ဆွေးနွေးရန် အမြဲတမ်းပြောဆိုနေကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIAက ၆လကြာ ဆင်နွှဲနေသည့် ဗန်းမော် မြို့သိမ်းတိုက်ပွဲကို ဆက်မတိုက်ဘဲ အပစ်ရပ်ပြီး စစ်​ကောင်စီနှင့် ​ဆွေး​နွေးရန်တရုတ် အထူးကိုယ်စားလှယ်က ပြောဆိုကြောင်း သတင်းများထွက်​ပေါ် ​နေသဖြင့်မေးမြန်းရာ ဗိုလ်မှူးကြီးနော်ဘူကပြောကြားခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“တရုတ်အစိုးရကတော့ တိုက်ပွဲမဖြစ်ဖို့ကိစ္စကတော့အမြဲတမ်းပြောနေတာပါပဲ။ ထူးထူးထွေထွေပြောတာ မကြားဘူး။ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုတဲ့ခေါင်းစဉ်အောက်မှာ အမြဲတမ်းပြောနေတာပဲ။ခင်ဗျားတို့တိုက်ပွဲ မဖော်ဆောင်ဘဲနဲ့ ဆွေးနွေးကြပါ စကားပြောကြပါဆိုတာကတော့အမြဲတမ်းပြောနေတာပါပဲ။ဒါကတော့သိပ်ပြီးမှ ထူးခြားမှုမရှိဘူးလို့ ကျနော် အဲဒီလိုပဲ မြင်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ဖားကန့်ဒေသ ပြန်လည်ထိန်းချုပ်နိုင်ရန်စစ်​ကြောင်းထိုးနေသကဲ့သို့၀ိုင်းမော်၊ မြစ်ကြီးနား ၊ တနိုင်း လီဒိုလမ်း၊ မိုးညှင်းဒေသ စသည့် မြို့နယ်များ၊ ဒေသများတွင် စစ်ရေးလှုပ်ရှားမှုများ၊ စစ်အင်အားဖြည့်တင်းမှုများ၊ ထိုးစစ်ဆင်မှုများလုပ်ဆောင်လျက်ရှိသည်။

KIA အနေဖြင့်လည်းဗန်းမော်မြို့ကိုအပြီးသတ် သိမ်းပိုက်နိုင်ရေး ကြိုးပမ်းလျက်ရှိရာ လတ်တလောတွင် စစ်ရေး ပြန်လည်ငြိမ်သက်နေသည်ဟု စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

ထို့ပြင်တက်ဖက်တွင်လည်းဗန်းမော်တိုက်ပွဲ၌စစ်ကောင်စီ၏ စစ်သုံ့ပမ်းများ ဖမ်းဆီးရရှိသည့် ရုပ်သံမှတ်တမ်းအချို့ကို လူမှုကွန်ရက်၌ ဖြန့်ဝေနေမှုများ ရှိနေဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

“ မြန်မာစစ်တပ်ကသုံ့ပန်းမိတဲ့အထဲကချင်အမျိုးသမီးတွေပါနေတာကိုပြန်ဖွနေကြတာ။ရုပ်သံက ဗမ(ဗန်းမော်) အဟောင်းပါ” ဟုကချင်သတင်းရင်းမြစ်တဦးက ပြောသည်။

အခြား စစ်ရေးသတင်းရင်းမြစ်နှစ်ဦးကလည်း ဗန်းမော်တိုက်ပွဲ လတ်တလော ငြိမ်နေပြီး အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁)ကို ဝင်ရောက်ရှင်းလင်းနေပြီဆိုသည်မှာလည်း သတင်းမှားဖြစ်ကြောင်း၊ မကြားမိကြောင်း ပြောသည်။

စကခ(၂၁)ကိုဝင်ရောက်ရှင်းလင်းနေသည်ဆိုသည်မှာ သတင်းမှား သတင်းတုဖြစ်သည်ဟုလည်း ဗိုလ်မှူးကြီးနော်ဘူက ယနေ့ ပြေသည်။

KIA အနေဖြင့် ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီ၏ အရေးပါသည့် တပ်ရင်းဌာနချုပ်များ၊ တပ်စခန်းများသိမ်းပိုက်ရရှိထားပြီး တင့်ကား၊ သံချပ်ကာ အပါအဝင် စစ်သုံးယာဉ်များ၊ ဒရုန်းများ နှင့် စစ်ကောင်စီ ရဟတ်ယာဉ် ၂စီး တို့ကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည်။

ထိုအပြင် စစ်သုံ့ပမ်းများစွာကိုလည်း ဖမ်းဆီးရရှိထားပြီး မြို့ဧရိယာ အများစုကို ထိန်းချုပ်ထားနိုင်ခဲ့သည်။ စစ်ကောင်စီကလည်း ဗန်းမော် မကျရေးအတွက် လေကြောင်း ပစ်ကူအပြင်းအထန်ပြုလုပ်ခုလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။