Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမှာ ပျူရွာက ပျူစောထီးတဦး လက်နက်ခဲယမ်းတွေနဲ့ ပကဖထံ အလင်းဝင်

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်ကစစ်ကောင်စီလက်အောက်ခံ မြင်းချင်း​ပျူကျေးရွာကနေ ပျူစောထီးတဦးဟာ လက်နက်ခဲယမ်းတွေ ယူဆောင်လာပြီး ကာကွယ်ရေးအဖွဲ့ထံ အလင်းဝင်လာခဲ့ပါတယ်။

အလင်းဝင်လာသူပျူစောထီးအား တွေ့ရစဥ်။ ဓာတ်ပုံ-ရွှေဘိုပကဖ

ဇွန်-၈၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်ကစစ်ကောင်စီလက်အောက်ခံ မြင်းချင်း​ပျူကျေးရွာကနေ ပျူစောထီးတဦးဟာ လက်နက်ခဲယမ်းတွေ ယူဆောင်လာပြီး ကာကွယ်ရေးအဖွဲ့ထံ အလင်းဝင်လာခဲ့ပါတယ်။

ဇွန်လ (၆)ရက်နေ့ကစစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊ မြင်းချင်းကျေးရွာက ပျူလက်နက်ကိုင်တစ်ဦးဟာ G3 (၁)လက်၊ကျည်ဘောက်(၃)ခု၊ G3ကျည် (၉၂)

တောင့်တို့ကိုယူဆောင်ပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“သူတို့ကကောင်းကောင်းမွန်မွန်နေချင်တယ်။ အကြောက်တရားတွေနဲ့ မရှင်သန်ချင်တော့ဘူးလို့ ပြောပါတယ်။ ကျနော်တို့က အစောကတည်း အလင်းဝင်ဖို့ စည်းရုံးလှုံ့ဆော်ခဲ့တာတွေ အများကြီးရှိပါတယ်။”လို့ရွှေဘိုပကဖတာဝန်ရှိသူတဦးက ပြောပါတယ်။

အလင်းဝင်ရောက်လာသူကိုထိုက်သင့်တဲ့ ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့ပြီး သူနဲ့အတူပါလာတဲ့ မိသားစုဝင်တွေကိုပါ လူ့အခွင့်အရေးနှင့်အညီ စောင့်ရှောက်ထားတယ်လို့ ရွှေဘိုပကဖက အသိပေးပါတယ်။

ရွှေဘိုပကဖထံ အလင်းဝင်ထားတဲ့ စစ်သား၊ ရဲနဲ့ပျူ စုစုပေါင်း(၁၀)ဦးထက်မနည်းရှိကြောင်းသိရပါတယ်။

စစ်အာဏာရှင် အမြစ်ဖြတ်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်နေတာဖြစ်တာကြောင့် စကစတပ်ဖွဲ့ဝင်များ၊ ပျူများအနေဖြင့်လည်း အမြန်ဆုံး အလင်းဝင်ရောက်ဖို့ လိုအပ်နေကြောင်း၊အချိန်မရွေး ဆက်

သွယ်ပြီး အလင်းဝင်ရောက်နိုင်ဖို့ ဖိတ်ခေါ်ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။