Connect with us

Hi, what are you looking for?

သတင်း

သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် မုံရွာထောင်က​နေ အိုးဘိုထောင်သို့ပြောင်း​ရွေ့ခံရ

လူထုသပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဝေမိုးနိုင်ကို မုံရွာထောင်ကနေ မန္တလေး အိုးဘိုအကျဥ်းထောင်ကို ပြောင်းရွှေ့လိုက်ကြောင်း သတင်းရရှိပါတယ်။

ကိုဝေမိုးနိုင်ကို ဆန္ဒပြပွဲတခုမှ တွေ့ရစဥ်။ ဓာတ်ပုံ-CJ ၊ Wai Moe Naing's FB

“ကျနော်တို့ရဲ့ရဲဘော်တွေဖိနှိပ်နှိပ်စက်ခံရမှာ တော်တော်လေးကို စိုးရိမ်ပါတယ်။ အဲဒါကြောင့် ပြည်သူလူထုအနေနဲ့ ထောင်ထဲကသတင်းတွေကို အမြဲမပြတ်နားစွင့်ပေးနေကြဖို့။ မဟုတ်တာလုပ်လို့ရှိရင် ဖိနှိပ်ခံရတဲ့ နိုင်ငံရေးအကျဥ်းသားတွေဘက်က ရပ်တည်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။”

— ကိုရှင်းသန့် (မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင်)

ဇွန်-၁၂၊ ၂၀၂၅။ဇေအောင်/People’s Spring

လူထုသပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဝေမိုးနိုင်ကို မုံရွာထောင်ကနေ မန္တလေး အိုးဘိုအကျဥ်းထောင်ကို ပြောင်းရွှေ့လိုက်ကြောင်း သတင်းရရှိပါတယ်။

ဒီကနေ့ ဇွန်လ (၁၂)ရက် မနက်ခင်းပိုင်းက မုံရွာအကျဥ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့ လူထုသပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဝေမိုးနိုင်ကို မန္တလေး အိုးဘိုအကျဥ်းထောင်ကို ပြောင်းရွှေ့လိုက်တာဖြစ်ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။

“ထောင်မှာ အကျဥ်းသားများလာတာရယ်၊ ပိုပြီး ဖိနှိပ်ချင်လို့ ပြောင်းတာလည်း ပါပါတယ်။”လို့ ကိုရှင်းသန့်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ယခင်က မုံရွာအကျဥ်းထောင်မှ နိုင်ငံရေး အကျဥ်းသားများအား မန္တလေးထောင်သို့ပို့ပြီး ရိုက်နှက်နှိပ်စက်ပြီးနောက် မြင်းခြံအကျဥ်းထောင်သို့ ထပ်ပို့လေ့ရှိကြောင်း၊အခုလည်း မန္တလေးထောင်သို့ ရွှေ့လိုက်တဲ့အတွက် စိုးရိမ်နေရကြောင်း ၎င်းက ပြောပါတယ်။

“ကျနော်တို့ရဲ့ရဲဘော်တွေဖိနှိပ်နှိပ်စက်ခံရမှာ တော်တော်လေးကို စိုးရိမ်ပါတယ်။ အဲဒါကြောင့် ပြည်သူလူထုအနေနဲ့ ထောင်ထဲကသတင်းတွေကို အမြဲမပြတ်နားစွင့်ပေးနေကြဖို့။ မဟုတ်တာလုပ်လို့ရှိရင် ဖိနှိပ်ခံရတဲ့ နိုင်ငံရေးအကျဥ်းသားတွေဘက်က ရပ်တည်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။”လို့ ကိုရှင်းသန့်က တောင်းဆိုပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် မုံရွာမြို့မှာ အေးချမ်းစွာ ဆန္ဒပြခဲ့တဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ၂၀၂၁ ခုနှစ် ဧပြီလ ၁၅ ရက်က စစ်တပ်ကနေ ကားနဲ့တိုက်ဖမ်းပြီး ထောင်ချခဲ့ပါတယ်။ အဲဒီနောက် ကိုဝေမိုးနိုင်ကို ပုဒ်မပေါင်းစုံနဲ့ စစ်ကောင်စီက တရားစွဲဆိုပြီးထောင်ဒဏ် နှစ်(၇၀) ကျော် ချမှတ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာအကျဥ်းထောင်မှာ အာဇာနည်​နေ့က ၁မိနစ်ငြိမ်လို့ဆိုပြီး နိုင်ငံရေးအကျဥ်းသားတွေကို စစ်တပ်က ခေါ်ထုတ်သွားကြောင်း နွေဦးနိုင်ငံရေးအကျဥ်းသားများ အစည်းအရုံးရဲ့ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။

သတင်း

မန္တလေးအိုးဘိုထောင်မှာထောင်ဒဏ် ၁၆၄ နှစ်အကျဉ်းချခံရတဲ့နိုင်ငံရေး အကျဉ်းသားတစ်ဦးလုံလောက်တဲ့ဆေးဝါးကုသမှုမရရှိတဲ့အတွက် အခုလ ဇူလိုင် ၂၀ ရက်မှာထောင်တွင်းဆုံးပါးသွားအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

သတင်း

မန္တလေးမြို့အိုးဘိုအကျဉ်းထောင်မှာ မန္တလေးပညာရေးဒီဂရီကောလိပ်ကျောင်းသားသမဂ္ဂဥက္ကဌအပါအဝင် နိုင်ငံရေးအကျဥ်းသား ၃ ဦး ရိုက်နှက် တိုက်ပိတ်ခံထားရပြီး အရေးပေါ်ဆေးကုသဖို့ လိုအပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား၁၅ ဦးကို ထောင်ဝန်ထမ်းတွေက ရိုက်နှက်ခဲ့ပြီး ၃ ဦး တိုက်ပိတ်ခံထားရကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားစုများချိတ်ဆက်ညှိနှိုင်းရေးကော်မတီ(မန္တလေး)-AFCCက ဒီကနေ့ ဇူလိင် ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။