Connect with us

Hi, what are you looking for?

သတင်း

နတ်ရေကန်ဗျူဟာကုန်းကထွက်​ပြေး စစ်သား ၂၃ဦးကို CDF-အရှိုဖမ်းဆီး

နတ်ရေကန်ဗျူဟာကုန်းမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေဟု CDF-အရှိုပြော

နတ်ရေကန်ဗျူဟာကုန်းကထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ဖမ်းမိထားစဉ်။ ဓာတ်ပုံ − CDF- Asho

ဇွန်-၁၃၊၂၀၂၅။ဘီဂျီ၊က​ဖေး/ People’s Spring

မကွေးတိုင်း၊ ငဖဲမြို့နယ်က စစ်ကောင်စီ​ရဲ့ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း (ဗျူဟာကုန်း)က စစ်ကောင်စီတပ်သား ၂၃ဦးကို ဖမ်းဆီးရခဲ့တယ်လို့ ချင်းဒေသကာကွယ်ရေးတပ်(CDF) -အရှို ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက လူထုနွေဦးကို ပြောပါတယ်။

နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း ဗျူဟာကုန်းအနီးကိုဇွန် ၈ ရက်က​နေ ၁၂ရက်​နေ့အတွင်း ဖြတ်တောက်တိုက်ခိုက်ရှင်းလင်းရေးလုပ်နေစဉ်မှာ နတ်ရေကန်ဗျူဟာကုန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၂၃ဦးကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

“ပြေးလာကြတယ်ဆိုတာက တာဝန်မထမ်းဆောင်ချင်တာရယ်၊စစ်မှုထမ်းကြောင့်ပါလာပြီးထွက်ပြေးချင်တာရယ်ပေါ့။ တချို့ကလည်း နှစ်ခါ၊သုံးခါ ထွက်ပြေးဖို့ ကြိုးစားနေတဲ့သူတွေပါတယ်”လို့ CDF -အရှို ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဇွန် ၈ ရက်​နောက်ပိုင်း ငါးရက်အတွင်း ထွက်ပြေးလာတဲ့သူတွေလို့ CDF -အရှို က ထုတ်ပြန်ထားပါတယ်။MA – 1 ငါးလက်၊ MA – 3 သုံးလက်နဲ့ ခဲယမ်းအချို့လည်း သိမ်းရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ဆက်သွယ်ပြီး အမြန်ဆုံးအလင်းဝင် ပူးပေါင်းကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် နတ်ရေကန်ဗျူဟာကုန်းမှာ တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်နေတယ်လို့လည်း ဆလိုင်းရိုးချင်းက ပြောပါတယ်။

” နေ့တိုင်းမဟုတ်တောင် နှစ်ရက်ခြားတစ်ခါ၊ သုံးရက်ခြားတစ်ခါတော့ အမြဲဖြစ်နေပါတယ်”လို့ ၎င်းကပြောပါတယ်။

အမ်း-ပဒါန်းလမ်းကို ထိန်းချုပ်နိုင်ဖို့၊ နတ်ရေကန်ဗျူဟာကို ထိန်းချုပ်ရေးတိုက်ခိုက်နေတဲ့ စစ်ဆင်ရေးတွေကို အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီကစတင်ခဲ့ပါတယ်။

မတ်လအစောပိုင်းကလည်း နတ်ရေကန်ဗျူဟာတောင်ကုန်းအောက်က အရေးပါတဲ့ စစ်ကောင်စီရဲ့တောင်ကုန်းအချို့ကို AA က သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီ တိုက်ပွဲတွေအတွင်းမှာ တပ်မ (၉၉)ရဲ့ ယာယီနည်းဗျူဟာမှူးဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက်ကို AAနဲ့ ပူးပေါင်းတပ်တွေက ဖမ်းမိခဲ့ပါတယ်။ မေလနှောင်းပိုင်းက တိုက်ပွဲတွေမှာလည်း နတ်ရေကန်ဗျူဟာအနီးက အဓိက ကာကင်းစခန်းဖြစ်‌တဲ့ ဆက်သွယ်ရေးတာဝါတိုင်စခန်းကို AAက သိမ်းယူခဲ့ပါတယ်။

နတ်ရေကန်ဗျူဟာကုန်းနဲ့ အမ်း-ပဒါန်းလမ်းတိုက်ပွဲမှာ အရာရှိအချို့အပါအတင် စစ်ကောင်စီတပ်ဖွဲ့ဝင်ရာချီသေဆုံးပြီး ၈၀ ထက်မနည်း ပျောက်ဆုံးနေတယ်လို့ စုံစမ်းသိရပါတယ်။ အဲဒီ စစ်ဆင်ရေးတွေမှာ တာဝန်အရှိဆုံး တပ်မ(၉၉) တပ်မမှူးဗိုလ်မှူးချုပ်တင်မောင်ကျော်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ မေလကုန်မှာ ဖမ်းဆီးပြီး ရာထူးကဖြုတ်ချ စစ်ဆေးနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်သည် နည်းမျိုးစုံသုံးပြီး အတင်းအဓမ္မ စစ်သားစုဆောင်းထားသည့် စစ်မှုထမ်းတပ်သားသစ်များကို စစ်မြေပြင်၌ ရှေ့ဆုံးမှ တိုက်ပွဲဝင်ခိုင်းနေကြောင်း ကရင်ပြည်နယ် အောင်ဇေယျစစ်ဆင်ရေးမှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ထံ အလင်းဝင်ခဲ့သည့် တပ်သားသစ်များက ထွက်ဆိုသည်။

သတင်း

မကွေးတိုင်း၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ စစ်ကောင်စီ၏ နတ်ရေကန်ဗျူဟာသို့ စေလွှတ်ခံရပြီး လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ဘက်ပူးပေါင်းလာသော စစ်ကောင်စီ တပ်သားသစ်တစ်ဦးသည် တော်လှန်ရေးရဲဘော်အဖြစ်ခံယူကာ စစ်တပ်ကို ပြန်လည်တိုက်ခိုက်သွားရန် ၎င်း၏ဆန္ဒအလျှောက်ရွေးချယ်ထားကြောင်း ၎င်းအားလက်ခံထားသည့် သရက်ခရိုင် အမှတ်(၄) တပ်ရင်းက အသိပေးသည်။

သတင်း

စစ်ကိုင်းတံတားပေါ်ပြည်သူ၂၀ဦးအစုလိုက်ပေါ်တာဆွဲခံရစဉ် ပါဝင်ခဲ့သူလည်းအလင်းဝင်

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲရာ ဘုန်းကြီးကျောင်းနှင့် ပြည်သူ လူထုနေအိမ် များ၌ နင်းမိုင်းနှင့် တိုက်မိုင်းများထောင်ထား၍ စစ်ရှောင် ပြည်သူများအနေဖြင့် မိမိနေအိမ် ပြန်ဝင်ရောက်ပါက မိုင်းသတိ ပြု သွားလာနေထိုင်ကြရန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထံ အလင်းဝင်လာသည့် တပ်သားကျော်ဇေယျာထွန်းက ပြောပြသည်။