Connect with us

Hi, what are you looking for?

သတင်း

နတ်ရေကန်ဗျူဟာကုန်းကထွက်​ပြေး စစ်သား ၂၃ဦးကို CDF-အရှိုဖမ်းဆီး

နတ်ရေကန်ဗျူဟာကုန်းမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေဟု CDF-အရှိုပြော

နတ်ရေကန်ဗျူဟာကုန်းကထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ဖမ်းမိထားစဉ်။ ဓာတ်ပုံ − CDF- Asho

ဇွန်-၁၃၊၂၀၂၅။ဘီဂျီ၊က​ဖေး/ People’s Spring

မကွေးတိုင်း၊ ငဖဲမြို့နယ်က စစ်ကောင်စီ​ရဲ့ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း (ဗျူဟာကုန်း)က စစ်ကောင်စီတပ်သား ၂၃ဦးကို ဖမ်းဆီးရခဲ့တယ်လို့ ချင်းဒေသကာကွယ်ရေးတပ်(CDF) -အရှို ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက လူထုနွေဦးကို ပြောပါတယ်။

နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း ဗျူဟာကုန်းအနီးကိုဇွန် ၈ ရက်က​နေ ၁၂ရက်​နေ့အတွင်း ဖြတ်တောက်တိုက်ခိုက်ရှင်းလင်းရေးလုပ်နေစဉ်မှာ နတ်ရေကန်ဗျူဟာကုန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၂၃ဦးကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

“ပြေးလာကြတယ်ဆိုတာက တာဝန်မထမ်းဆောင်ချင်တာရယ်၊စစ်မှုထမ်းကြောင့်ပါလာပြီးထွက်ပြေးချင်တာရယ်ပေါ့။ တချို့ကလည်း နှစ်ခါ၊သုံးခါ ထွက်ပြေးဖို့ ကြိုးစားနေတဲ့သူတွေပါတယ်”လို့ CDF -အရှို ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဇွန် ၈ ရက်​နောက်ပိုင်း ငါးရက်အတွင်း ထွက်ပြေးလာတဲ့သူတွေလို့ CDF -အရှို က ထုတ်ပြန်ထားပါတယ်။MA – 1 ငါးလက်၊ MA – 3 သုံးလက်နဲ့ ခဲယမ်းအချို့လည်း သိမ်းရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ဆက်သွယ်ပြီး အမြန်ဆုံးအလင်းဝင် ပူးပေါင်းကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် နတ်ရေကန်ဗျူဟာကုန်းမှာ တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်နေတယ်လို့လည်း ဆလိုင်းရိုးချင်းက ပြောပါတယ်။

” နေ့တိုင်းမဟုတ်တောင် နှစ်ရက်ခြားတစ်ခါ၊ သုံးရက်ခြားတစ်ခါတော့ အမြဲဖြစ်နေပါတယ်”လို့ ၎င်းကပြောပါတယ်။

အမ်း-ပဒါန်းလမ်းကို ထိန်းချုပ်နိုင်ဖို့၊ နတ်ရေကန်ဗျူဟာကို ထိန်းချုပ်ရေးတိုက်ခိုက်နေတဲ့ စစ်ဆင်ရေးတွေကို အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီကစတင်ခဲ့ပါတယ်။

မတ်လအစောပိုင်းကလည်း နတ်ရေကန်ဗျူဟာတောင်ကုန်းအောက်က အရေးပါတဲ့ စစ်ကောင်စီရဲ့တောင်ကုန်းအချို့ကို AA က သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီ တိုက်ပွဲတွေအတွင်းမှာ တပ်မ (၉၉)ရဲ့ ယာယီနည်းဗျူဟာမှူးဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက်ကို AAနဲ့ ပူးပေါင်းတပ်တွေက ဖမ်းမိခဲ့ပါတယ်။ မေလနှောင်းပိုင်းက တိုက်ပွဲတွေမှာလည်း နတ်ရေကန်ဗျူဟာအနီးက အဓိက ကာကင်းစခန်းဖြစ်‌တဲ့ ဆက်သွယ်ရေးတာဝါတိုင်စခန်းကို AAက သိမ်းယူခဲ့ပါတယ်။

နတ်ရေကန်ဗျူဟာကုန်းနဲ့ အမ်း-ပဒါန်းလမ်းတိုက်ပွဲမှာ အရာရှိအချို့အပါအတင် စစ်ကောင်စီတပ်ဖွဲ့ဝင်ရာချီသေဆုံးပြီး ၈၀ ထက်မနည်း ပျောက်ဆုံးနေတယ်လို့ စုံစမ်းသိရပါတယ်။ အဲဒီ စစ်ဆင်ရေးတွေမှာ တာဝန်အရှိဆုံး တပ်မ(၉၉) တပ်မမှူးဗိုလ်မှူးချုပ်တင်မောင်ကျော်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ မေလကုန်မှာ ဖမ်းဆီးပြီး ရာထူးကဖြုတ်ချ စစ်ဆေးနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းမြို့နယ်က ပြောင်းကျေးရွာမှာ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ဗုံးဒဏ် သင့်ခဲ့တဲ့ ပြည်သူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်အရှို CDF - Ashoက ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက တပ်သားလေးဦး လက်နက်နဲ့ တကွ ဘက်ပြောင်းလာတယ်လို့ အညာမြေတပ်ပေါင်းစုအဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ကိုဘိုဘိုသန့်စင်ကပြောပါတယ်။

သတင်း

စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ် ၂၆ဦးကို ထပ်မံဖမ်းမိထားကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-အရှိုက ဒီကနေ့ (နိုဝင်ဘာ ၂ရက်) သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်ကောင်စီ တပ်သားနှစ်ဦး လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့(အောက်တိုဘာ ၂၈ရက်) ထုတ်ပြန်ပါတယ်။