Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးနှင့်တူအောင်၊ စစ်ကို စစ်နှင့်တူအောင်တိုက်ရန် အားလုံး၌တာဝန်ရှိဟု CDF မင်းတပ် စစ်ဦးစီးချုပ်ပြော

စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နိုင်ရန်အတွက် စုဖွဲ့လေ့ကျင့်မှုများ လုပ်ဆောင်ရန်လိုအပ်ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) မင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေက ပြောကြားလိုက်ပြီး တော်လှန်ရေးကို တော်လှန်ရေးနှင့်တူအောင်၊ စစ်ကို စစ်နှင့်တူအောင် တိုက်ရန် အားလုံး၌ တာဝန်ရှိသည်ဟု သတိပေးသည်။

“စုဖွဲ့လေ့ကျင့်မှုမရှိဘဲနဲ့ အဖြစ်ပဲ တော်လှန်ရေးလုပ်နေရင်တော့ကျနော်တို့ ဘယ်တော့မှ အောင်မြင်မှု ရနိုင်မှာ မဟုတ်ပါဘူးဗျ”

— စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေ

ဇွန်-၁၃၊၂၀၂၅။ထားမြတ်/People’s Spring

စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နိုင်ရန်အတွက် စုဖွဲ့လေ့ကျင့်မှုများ လုပ်ဆောင်ရန်လိုအပ်ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) မင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေက ပြောကြားလိုက်ပြီး တော်လှန်ရေးကို တော်လှန်ရေးနှင့်တူအောင်၊ စစ်ကို စစ်နှင့်တူအောင် တိုက်ရန် အားလုံး၌ တာဝန်ရှိသည်ဟု သတိပေးသည်။

ဇွန်လ ၁၂ရက်က ကျင်းပသည့် CDF မင်းတပ် ၏ အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပခဲ့ပြီးသင်တန်းဆင်းပွဲ နှင့် လက်ရှိစစ်ရေး ၊နိုင်ငံရေးအ​ပေါ် အခြေမေးမြန်းရာ CDFစစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေ က​ပြောကြားခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေးတွင်အားလုံးကရှောင်နေကြပြီး အကြောင်းပြချက် မျိုးစုံပေးပြီး အခက်အခဲများ ရွတ်ပြနေပါက တော်လှန်ရေး ရေစုန်မျောသွားရုံသာရှိဟု ဆလိုင်းထန်းချွန်းဖေက ပြောသည်။

Public Service Announcement

Public Service Announcement

“အဲဒါကြောင့် ကျနော်တို့ တော်လှန်ရေး အဖွဲ့အစည်းအသီးသီးကနေပြီးတော့မှ စနစ်ကျတဲ့ စုဖွဲ့မှု လေ့ကျင့်မှုတွေလုပ်ပြီးတော့ ဒီလိုအင်အားရှိအောင် တဆင့်ချင်းတဆင့်ချင်း ကျနော်တို့ ပြန်ပြီးတော့ တည်ဆောက်ပြီးတော့ တော်လှန်ရေးကို တော်လှန်ရေးနဲ့တူအောင် စစ်ကို စစ်နှင့်တူအောင် တိုက်ဖို့အတွက် အားလုံးမှာ တာဝန်ရှိတယ်လို့ ကျနော်ကတော့ ပြောလိုပါတယ်” ဟု ဆလိုင်းထန်းချွန်းဖေက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီကို မခုခံဘဲနေပါက ပြည်သူများအနေဖြင့်စစ်ကောင်စီ၏ဖမ်းဆီးသတ်ဖြတ်ညှင်းပမ်းနှိပ်စက်မှုမျိုးစုံ ဆက်လက်ရင်ဆိုင်နေကြရမည်ဟု ၎င်းက ပြောသည်။

“အကြမ်းဖက် စစ်မိစ္ဆာ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို ကျနော်တို့က မခုခံရင် သူတို့ကဆက်ပြီးတော့ ကျနော်တို့ကိုညှင်းပမ်းနှိပ်စက်သတ်ဖြတ်နေအုံးမှာ။ပြည်သူလူထုကိုတောက်လျှောက်ပေါ့လေ အရင်က ပုံစံအတိုင်းပဲ ဖိနှိပ်မှုတွေ သတ်ဖြတ်မှုတွေ ညှင်းပမ်းမှုတွေ ဆက်လုပ်နေမှာ။ ဆိုတော့ ကျနော်တို့မှာ ရွေးချယ်စရာ မရှိပါဘူး။ကျနော်တို့ သူတို့ ရှေ့မှာ အသေခံမလား၊ သူတို့ ကို ပြန်ချမလား ပြန်တိုက်မလား အဲဒီနှစ်ခုပဲ ကျနော်တို့ ရွေးရပါလိမ့်မယ်။ ပြန်ချမယ် သူတို့ကိုပြန်တိုက်မယ် ဒီအကြမ်းဖက်စစ်အုပ်စုကို ပြန်တိုက်မယ်ဆိုရင် ကျနော်တို့မှာ မဖြစ်မနေ တပ်ကို အင်အားရှိအောင် တည်ဆောက်ရပါလိမ့်မယ်” ဟုဆလိုင်းထန်းချွန်းဖေက ပြောသည်။

ထိုမှသာ စစ်ကောင်စီကို တိုက်ခိုက်နိုင်မည်ဖြစ်ပြီး မဟုတ်ပါက အောင်မြင်မှု ရမည်မဟုတ်ဟု ၎င်းက သတိပေးသည်။

“ကျနော်တို့က အာသာ​ပြေစကားလုံးတွေပဲ ပြောပြီးတော့ ဟုတ်တိပတ်တိ စုဖွဲ့လေ့ကျင့်မှုမရှိဘဲနဲ့ အဖြစ်ပဲ တော်လှန်ရေးလုပ်နေရင်တော့ ကျနော်တို့ ဘယ်တော့မှ အောင်မြင်မှု ရနိုင်မှာ မဟုတ်ပါဘူးဗျ။ အဲဒါကြောင့် ကျနော်တို့ အကြမ်းဖက်စစ်ကောင်စီကို ပြန်ပြီးတော့ တုန့်ပြန်မယ် ငြိမ်မခံဘူး သူ့ကို ပြန်ပြီးမှ ခုခံတော်လှန်မယ်ဆိုရင်တော့ ကျနော်တို့ အင်အားရှိအောင် တည်ဆောက်ရမယ် စုဖွဲ့လေ့ကျင့်ရမယ် အဲဒါမှ ကျနော်တို့ လိုချင်တဲ့ ပန်းတိုင်ကို ရောက်နိုင်မယ်လို့ ပြောလိုပါတယ်” ဟု ဆလိုင်းထန်းချွန်းဖေက ပြောသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ် ဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းမှ ပြုလုပ်သည့် အခြေခံ စစ်သင်တန်းဆင်းပွဲကို ဇွန်လ ၁၂ရက်က ကျင်းပဲ့ရာ စစ်ဦးစီးချုပ်နှင့် တပ်မှူးများ တက်ရောက်ခဲ့ကြောင်း CDF မင်းတပ်က ထုတ်ပြန်သည်။

အဆိုပါ သင်တန်းဆင်းပွဲသို့သင်တန်းသားရာနှင့်ချီ တက်ရောက်ခဲ့သည်။ ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သည့် CDF မင်းတပ်နှင့်မဟာမိတ်များသည် မင်းတပ်မြို့ကို ၂၀၂၄ ဒီဇင်ဘာ ၂၁ရက်က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ယခုကျင်းပသည့် အခြေခံစစ်သင်တန်းဆင်းပွဲသည် မင်းတပ်မြို့သိမ်းပြီး ပထမဆုံး ပြုလုပ်သည့် သင်တန်းဆင်း ပွဲလည်းဖြစ်သည်။

စစ်ကောင်စီ အနေဖြင့် မင်းတပ်ကိုလက်လွှတ်ဆုံရှုံးခဲ့ပြီးနောက် မြေပြင်ထိုးစစ်ဆင်ခြင်းမပြုလုပ်နိုင်သော်လည်း မင်းတပ်မြို့ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိရာ ယခုနှစ်ဝက်အတွင်း လေကြောင်း တိုက်ခိုက်မှု ၁၈ကြိမ် ပြုလုပ်ခဲ့သည်။ အဆိုပါ လေကြောင်း တိုက်ခိုက်မှုများကြောင့် ပြည်သူ ၁၀ဦး သေဆုံးကာ ၂၀ဦး ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦး ၁၀၀ ကျော်ပျက်စီးခဲ့ဟု ကြားကာလ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၁၂ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။