Connect with us

Hi, what are you looking for?

သတင်း

မဟာလူမျိုးကြီးဝါဒ နှင့် စစ်အာဏာရှင်စနစ် ကျင့်သုံးပြီး ပဋိပက္ခ ဖန်တီးနေသူများကို အပြီးတိုင် တိုက်ဖျက်ရန် KNUဥက္ကဋ္ဌပြော

မဟာလူမျိုးကြီးဝါဒ နှင့် အာဏာရှင်စနစ်နှင့် ထိုမူထိုစနစ်များကို ကျင့်သုံးပြီး ပြည်တွင်း ပဋိပက္ခကို ဖန်တီးနေသောသူများကို အပြီးတိုင် တိုက်ဖျက် ရန်ကရင်လူမျိုးများ၏တာဝန်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကပြောကြားသည်။

ဓါတ်ပုံ-KNU

ကရင်ပြည် ကို ကော်သူးလေ ထူထောင်နိုင်ရေး အင်တိုက်အားတိုက် ကြိုးပမ်းရန် တိုက်တွန်း

လူမျိုးများ နှင့် ပြည်သူလူထုအားလုံးငြိမ်းချမ်းကောင်းမွန်စွာဖြင့်နေထိုင်နိုင်ခြင်းကိုအာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုတည်ထောင်ခြင်းကိုလည်းအတူတကွ ကြိုးပမ်းသွားရမည်ဟု​ပြော

ဇွန်-၁၄၊၂၀၂၅။ထားမြတ်/People’s Spring

မဟာလူမျိုးကြီးဝါဒ နှင့် အာဏာရှင်စနစ်နှင့် ထိုမူထိုစနစ်များကို ကျင့်သုံးပြီး ပြည်တွင်း ပဋိပက္ခကို ဖန်တီးနေသောသူများကို အပြီးတိုင် တိုက်ဖျက် ရန်ကရင်လူမျိုးများ၏တာဝန်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကပြောကြားသည်။

Public Service Announcement

Public Service Announcement

ဇွန်လ ၁၄ရက်​နေ့တွင်ကျရောက်သည့် (၇၆)နှစ် မြောက် ကော်သူးလေနေ့ မိန့်ခွန်း၌ KNU ဥက္ကဋ္ဌက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ကော်သူးလေနေ့” သည် “ကော်သူးလေအစိုးရ” ဖွဲ့စည်းထူထောင်ခဲ့သည့်နေ့ဖြစ်သကဲ့သို့ကရင်လူမျိုးအနေဖြင့် မိမိနယ်မြေတွင်ကိုယ်ပိုင်ပြဌာန်းခွင့်ဖြင့် အုပ်ချုပ်ရေးလည်ပတ်ကာကရင်လူမျိုး များ နှင့် ဒေသခံပြည်သူလူထုများ၏ လိုအပ်ချက် နှင့် အကျိုးကို သယ်ပိုးဖြည့်ဆည်းပေးမှုကို ပြသခြင်း ဖြစ်ဟု ရှင်းပြသည်။

ကိုယ်ပိုင်ပြဌာန်းခွင့်ကို ကျင့်သုံးခြင်းသည် တော်လှန်ရေးကာလတွင် ကိုင်စွဲရပ်တည်ရမည့် နိုင်ငံရေးလမ်းညွှန်ချက်ဖြစ်သည့် မိမိနိုင်ငံရေးကံကြမ္မာ မိမိကိုယ်တိုင်ဖန်တီးရေး နှင့် ကရင်လူမျိုးများ သာမက လူမျိုးများအားလုံး ကြီးပွားဖွံ့ဖြိုးတိုးတက်ရန်အတွက် အုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲ ရေးတို့ကို လမ်းညွှန်ပေးခြင်းဖြစ်သည်ဟု KNU ဥက္ကဋ္ဌက ပြောသည်။

ခေတ်ကာလနှင့်အညီ တိုးတက်ပြောင်းလဲနေသည့် နိုင်ငံရေး အခြေအနေများ၊ အုပ်ချုပ်ရေးနှင့်ပြည်သူ့ရေးရာစီမံခန့်ခွဲရေးတို့ကို နားလည်သဘောပေါက် တတ်ကျွမ်းရန်လေ့လာသင်ယူလျက် လာမည့်အနာဂတ်ကာလတွင် မိမိတို့၏ ကံကြမ္မာကို မိမိတို့ကသာလျှင် ဖန်တီး ပြီး စီမံအုပ်ချုပ်နိုင်ရန် အနာဂတ်မျိုးဆက်သစ်များအား မွေးထုတ်သွားရမည်ဟုလည်း ပြောကြားသည်။

ကဏ္ဍပေါင်းစုံတွင် ဖွံ့ဖြိုးတိုးတက်ခြင်း၊ ငြိမ်းချမ်း သာယာဝပြောခြင်းများနှင့်ပြည့်စုံသည့်ကရင်ပြည် “ကော်သူးလေ” ထူထောင်ရန်လူငယ်ပညာတတ် များသည် ကဏ္ဍပေါင်းစုံတွင်ပါဝင်ဖြည့်ဆည်းပေးရန်လိုအပ်ကြောင်း KNU ဥက္ကဋ္ဌက ဖိတ်ခေါ်သည်။

ကရင်ပြည် “ကော်သူးလေ” ထူထောင်ရေးကို အင်တိုက်အားတိုက် ကြိုးပမ်းရန် KNU ဥက္ကဋ္ဌက ပြောကြားခဲ့ပြီး ကရင်ပြည်”ကော်သူးလေ”သည် ကရင်လူမျိုးများ၏စိတ်နှလုံးထဲတွင်ရှင်သန်ပြီးယုံကြည်မှုဖြင့်အတူတကွဖော်ဆောင်ကြရန်တိုက်တွန်းသည်။

KNU ဥက္ကဋ္ဌ၏မိန့်ခွန်းတွင်ကရင်ပြည် “ကော်သူးလေ”ကို အတူတကွထူထောင်ခြင်း နှင့် တချိန်ထဲ၌ပင် လူမျိုးများနှင့် ပြည်သူလူထုအားလုံး ငြိမ်းချမ်းကောင်းမွန်စွာဖြင့် နေထိုင်နိုင် ခြင်းကို အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ထောင်ခြင်းကိုလည်း အတူတကွ ကြိုးပမ်းသွားရမည်ဟု ပြောကြားခဲ့သည်။

လက်ရှိတွင်KNUအနေဖြင့်မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးအတွက်အခြားသောလူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းများ နှင့် စစ်အာဏာရှင်ဆန့်ကျင်သောအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရန်ကြိုးပမ်းလျှက်ရှိကြောင်း အသိပေးသည်။ထို့နည်းတူစွာပင် ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်ထားသောနယ်မြေတွင် အုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု များကိုလည်း ချမှတ်သွားမည်ဖြစ်ကြောင်းဥက္ကဋ္ဌပဒိုစောကွယ်ထူးဝင်းကပြောသည်။ ယင်းသည်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရာတွင်အောက်ခြေမှ အထက်သို့ စီမံခန့်ခွဲမှုဖြင့် ပြည်နယ်အားကောင်းအောင် တည်ဆောက်ခြင်း မှတဆင့် ပြည်ထောင်စု ထူထောင်ခြင်းကိုပုံဖော်ခြင်းဖြစ်ကြောင်းလည်း KNU ဥက္ကဋ္ဌကပြောကြားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ကမ္ဘာကြီးက စစ်ပွဲတွေကို အမြဲတမ်း တူညီတဲ့မျက်လုံးနဲ့ မကြည့်တတ်ပါဘူး။ တချို့သော ပဋိပက္ခတွေဟာ ကမ္ဘာ့မီဒီယာတွေရဲ့ အာရုံစိုက်မှု၊ နိုင်ငံတကာရဲ့ သံတမန်ရေးဖိအားနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို အလျင်အမြန် ရရှိကြပေမယ့် တချို့ကတော့ နှစ်ပေါင်းများစွာ လူသားဆုံးရှုံးမှုတွေနဲ့အတူ ဆက်လက်ဖြစ်ပွားနေသော်လည်း တိတ်တဆိတ် မေ့လျော့ခံနေရတတ်ပါတယ်။

သတင်း

လူမျိုးများ၊ ပြည်သူလူထုများအားလုံး စည်းလုံးညီညွတ်ကြရမှာ ဖြစ်ပြီး စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ကာ လွတ်လပ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာတဲ့အထိ တော်လှန်ရေးကို ဆက်လက်ဆင်နွှဲသွားကြရမယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ခိုင်မြဲအောင် ပူးပေါင်းကူညီနေသူတွေ ရပ်တန့်ကြဖို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက သတိပေးထားကြောင်း KIO ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ဥက္ကဋ္ဌရဲ့ ကချင်အာဇာနည်နေ့မိန့်ခွန်းကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

သတင်း

တိုင်းပြည်ကိုဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ဖို့အတွက် လူမျိုးစုတော်လှန်ရေးအဖွဲ့တွေ၊ဒီမိုကရေစီအင်အားစုတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေအားလုံးပူးပေါင်းရမယ်လို့ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌပဒိုစောကွယ်ထူးဝင်းကပြောကြားလိုက်ပါတယ်။