Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ငလျင်သင့် အဆောက်အဦး ဖြိုရင်း အလုပ်သမား တစ်ဦး ထပ်မံသေဆုံး

မန္တလေးမှာ ငလျင်ဒဏ်သင့် အဆောက်အဦးဖြိုရင်း ပြိုကျရာကနေ အလုပ်သမားတစ်ဦးထပ်မံသေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတွေကပြောပါတယ် ။

ဇွန် – ၁၅ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးမှာ ငလျင်ဒဏ်သင့် အဆောက်အဦးဖြိုရင်း ပြိုကျရာကနေ အလုပ်သမားတစ်ဦးထပ်မံသေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတွေကပြောပါတယ် ။

ချမ်းမြသာစည်မြို့နယ် ၊ ကံသာယာရပ်ကွက် ၅၉ ဘီ လမ်း၊ ၁၁၄လမ်းရှိ ငလျင်ဒဏ်သင့် အဆောက်အဦး ကိုဖြိုရာမှာ ဒီနေ့ မနက်ပိုင်း ၁၁ နာရီခွဲခန့်က ပြိုကျမှုဖြစ်ပွားတာပါ ။

အဆောက်အဦးရဲ့ ယက်မ (Beam ) တန်းပြိုကျလာပြီး ပိမိကာအခင်းဖြစ်တဲ့နေရာမှာတင်သေဆုံးသွားတာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

” အပေါ်ဝိတ်ကတအားများနေတာ၊ အောက်ကနေထုနေတဲ့အချိန် သူ့အပေါ်ကိုပိကျတာ”လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတစ်ဦးကပြောပါတယ်။

သေဆုံးသူက အသက်၄၀အရွယ်အမျိုးသားဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း ဇွန်လ ၁၃ရက်က လည်း အောင်မြေသာစံမြို့နယ်မှာငလျင်ဒဏ်သင့် ငါးထပ်တိုက်ဘော်ဒါဆောင်ကို ဖြိုချနေချိန် အသက် ၄၄ နှစ်အရွယ် အမျိုးသားတဦး ဓာတ်လိုက်သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၃၁ ရက်ကလည်း ၂၆ လမ်း၊ လမ်း ၆၀ အနီးက ငလျင်ထိသွားတဲ့တိုက် ဖြိုချရာမှာ အလုပ်သမားသားအဖနှစ်ဦး ထိခိုက်ပြီး ၁၈ နှစ်အရွယ်သားဖြစ်သေဆုံးခဲ့တဲ့ဖြစ်စဉ်လည်းဖြစ်ထားပါတယ်။

မန္တလေးမြို့မှာ ငလျင်လှုပ်ခတ်ပြီး နှစ်လကျော်ကြာလာပေမယ့် ထိခိုက်ပျက်စီးအဆောက်အအုံတွေကို ဖြိုချရရှင်းလင်းနေရဆဲဖြစ်ပါတယ်။

ငလျင်ဒဏ်ထိအဆောက်အအုံဖြိုချရာမှာ စက်ယန္တရားတွေ အသုံးပြုပြီး ဖြိုမယ်ဆိုရင် ကျပ်သိန်းရာချီပေါက်ဈေးရှိနေတဲ့အတွက် လူအင်အားကိုသာ အများစုအသုံးပြုနေရတာပါ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ကနေ ဗန်းမော်ကိုစစ်ကူသွားတဲ့ စစ်သင်္ဘောတွေတိုက်ခိုက်ခံရပြီး တစ်စီးမြှုပ်သွားကာ သုံးစီးခန့် စက်ခန်းတွေ ထိခိုက်သွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က​ပြောပါတယ်။

သတင်း

မန္တလေးက ၁၃၀၀ ပြည့် အာဇာနည် ၁၇ ဦး ဗိမာန်မှာ လူထုလှုပ်ရှားမှုတွေ လာလုပ်မှာစိုးရိမ်လို့ စစ်ကောင်စီက လုံခြုံရေးတွေ ချထားကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ သုံးရက်အတွင်း အင်အားအသင့်အတင့်ရှိတဲ့ နောက်ဆက်တွဲ ငလျင်ငယ်တစ်ခု ထပ်မံလှုပ်ခတ်သွားတာကြောင့် မြို့ခံတွေ စိုးရိမ်နေကြပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီ အုပ်ချုပ်နေတဲ့ မန္တလေးမြို့မှာ ရက်ပေါင်း ၄၀ အတွင်း လမ်းဘေးမှာ သေဆုံးနေတဲ့ ရုပ်အလောင်း ၇ လောင်းထိ တွေ့ရှိခဲ့ရတယ်လို့ လူမှုကူညီရေးအသင်းတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။

Facebook