Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ငလျင်သင့် အဆောက်အဦး ဖြိုရင်း အလုပ်သမား တစ်ဦး ထပ်မံသေဆုံး

မန္တလေးမှာ ငလျင်ဒဏ်သင့် အဆောက်အဦးဖြိုရင်း ပြိုကျရာကနေ အလုပ်သမားတစ်ဦးထပ်မံသေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတွေကပြောပါတယ် ။

ဇွန် – ၁၅ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးမှာ ငလျင်ဒဏ်သင့် အဆောက်အဦးဖြိုရင်း ပြိုကျရာကနေ အလုပ်သမားတစ်ဦးထပ်မံသေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတွေကပြောပါတယ် ။

ချမ်းမြသာစည်မြို့နယ် ၊ ကံသာယာရပ်ကွက် ၅၉ ဘီ လမ်း၊ ၁၁၄လမ်းရှိ ငလျင်ဒဏ်သင့် အဆောက်အဦး ကိုဖြိုရာမှာ ဒီနေ့ မနက်ပိုင်း ၁၁ နာရီခွဲခန့်က ပြိုကျမှုဖြစ်ပွားတာပါ ။

အဆောက်အဦးရဲ့ ယက်မ (Beam ) တန်းပြိုကျလာပြီး ပိမိကာအခင်းဖြစ်တဲ့နေရာမှာတင်သေဆုံးသွားတာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

” အပေါ်ဝိတ်ကတအားများနေတာ၊ အောက်ကနေထုနေတဲ့အချိန် သူ့အပေါ်ကိုပိကျတာ”လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတစ်ဦးကပြောပါတယ်။

သေဆုံးသူက အသက်၄၀အရွယ်အမျိုးသားဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း ဇွန်လ ၁၃ရက်က လည်း အောင်မြေသာစံမြို့နယ်မှာငလျင်ဒဏ်သင့် ငါးထပ်တိုက်ဘော်ဒါဆောင်ကို ဖြိုချနေချိန် အသက် ၄၄ နှစ်အရွယ် အမျိုးသားတဦး ဓာတ်လိုက်သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၃၁ ရက်ကလည်း ၂၆ လမ်း၊ လမ်း ၆၀ အနီးက ငလျင်ထိသွားတဲ့တိုက် ဖြိုချရာမှာ အလုပ်သမားသားအဖနှစ်ဦး ထိခိုက်ပြီး ၁၈ နှစ်အရွယ်သားဖြစ်သေဆုံးခဲ့တဲ့ဖြစ်စဉ်လည်းဖြစ်ထားပါတယ်။

မန္တလေးမြို့မှာ ငလျင်လှုပ်ခတ်ပြီး နှစ်လကျော်ကြာလာပေမယ့် ထိခိုက်ပျက်စီးအဆောက်အအုံတွေကို ဖြိုချရရှင်းလင်းနေရဆဲဖြစ်ပါတယ်။

ငလျင်ဒဏ်ထိအဆောက်အအုံဖြိုချရာမှာ စက်ယန္တရားတွေ အသုံးပြုပြီး ဖြိုမယ်ဆိုရင် ကျပ်သိန်းရာချီပေါက်ဈေးရှိနေတဲ့အတွက် လူအင်အားကိုသာ အများစုအသုံးပြုနေရတာပါ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။