Connect with us

Hi, what are you looking for?

သတင်း

ပေါက်သို့သွား​နေ​သော စစ်တပ်ယာဥ်တန်း တက်မ​တောင်အနီး​ သောင်တင်​နေ

ပခုက္ကူမှပေါက်သို့၃နာရီကြာခရီးကိုနှစ်ပါတ်ကျော်သည့်တိုင်စစ်တပ်ယာဥ်တန်းမ​ရောက်သေးပါ

ပခုက္ကူမြို့နယ်မှ စတင်ထွက်လာခဲ့စဥ်ကစစ်တပ်ယာဥ်တန်း ။ဓါတ်ပုံ-Successful Force-Pauk

ဇွန်-၁၆၊၂၀၂၅။ရဲခေါင်/People’s Spring

ကားဖြင့်သုံးနာရီဝန်းကျင်ခရီးသာရှိသည့်ပခုက္ကူ -ပေါက် လမ်းပိုင်းကိုနှစ်ပတ်ကျော်ကြာသည်အထိ မြေပြင် အင်အား ၄၀၀ ကျော် နှင့် ယာဥ်အစီးရေ ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည်မ​​ရောက်​သေးဘဲ တရွေ့ရွေ့သွားနေရဆဲဖြစ်သည်။

ထိုစစ်ကြောင်းဦးတည်ချက်ရာမှာပေါက် မြို့နယ်မှ အမှတ်(၂၄ )ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၄)ဟုတော်လှန်​ရေးအဖွဲ့များကသုံးသပ်ထားပြီး ကပစ (၂၄)သို့မရောက်စေရန် ဒေသတွင်း​တော်လှန်​ရေးတပ်ပေါင်းစုက ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်နေသည်။ထို​ကြောင့် ယခင်နာရီပိုင်းဖြင့်​ရောက်​သောခရီးကို နှစ်ပါတ်​ကျော်သည့်တိုင်မ​​ရောက်​သေးခြင်းဖြစ်သည်ဟု စစ်​ရေးသတင်းရင်းမြစ်များ က​ပြောသည်။

ပခုက္ကူမြို့နယ်မှ စတင်ထွက်လာခဲ့စဥ်ကစစ်တပ်ယာဥ်တန်း ။ဓါတ်ပုံ-Successful Force-Pauk

“ဒါတောင် လေကြောင်းကူလို့။မဟုတ်ရင်ဆုတ်ရတာကြာပြီ။ကျနော်တို့ အင်အားစုတွေ ဝိုင်းထားတယ်”ဟု အညာမြေတပ်ပေါင်းစု၏ ပြောရေးဆိုခွင့်ရှိသူ ကိုဘိုဘိုသန့်ဇင်ကလူထုနွေဦးသို့ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ဇွန်လ ၁၃ ရက်​နေ့ကလည်း တိုက်ပွဲ ဖြစ်ပွားခဲ့ ပြီး စစ်ကောင်စီက အကြိမ်ရေ ၂၀ ထက်မနည်းသည့် လေကြောင်းတိုက်ခိိုက်မှုပြုလုပ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့မှုများ၌ နှစ်ဖက်ထိခိုက်မှုရှိကြောင်းလည်း သိရသည်။

ပေ ၁,၀၀၀ ကျော်အမြင့်ရှိသည့်တက်မတောင်ကို စစ်ကောင်စီစစ်ကြောင်းကျော်ဖြတ်နိုင်ရန် ရုန်းကန်နေရဆဲ ဖြစ်ပြီး လက်ရှိတွင် ထိုတောင်နှင့်အနီးဆုံး သံဘို နှင့်နတ်ဥယာဉ်ရွာတို့တွင်တပ်ဖြန့်ထားသည်ဟုပေါက် မြို့နယ်စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။

ဆက်လက်၍၎င်းက “တက်မတောင် နဲ့ ရေပြာရွာ ကိုကျော်ရင်တော့ သူတို့(စကစ)စိုးမိုးနယ်မြေရောက်ပြီပြောရတယ်။သူတို့အတွက် ရေပြာကိုရောက်ဖို့အဓိကပဲ။အခု စကစ စစ်ကြောင်းရောက်နေတဲ့နေရာနဲ့ကရှစ်မိုင်လောက်ကျန်တယ်”ဟု ပြောသည်။

ဇွန်လ ၁ ရက်နေ့က ပခုက္ကူ​မြို့နယ်တပ်မ (၁၀၁)မှ ထွက်လာသည့်ခန့်မှန်းအင်အား ၄၀၀ ကျော်ပါစစ်ကြောင်း သည်ပေါက်မြို့နယ်ကာကွယ်ရေးပစ္စည်းစက်ရုံကို အားဖြည့်ခြင်းအပြင် သီး ခြားစစ်ရေးရည်မှန်းချက် များရှိနေကြောင်း ခန့်မှန်းမှုအချို့ရှိသည်။

“ကပစ ၂၄ ကို တလရအင်အားစုတွေက လျှပ်စစ်ဖြတ်တောက်ထားတယ်လေ။လျှပ်စစ်က အားလုံးတော့ မဖြတ်နိုင်သေးဘူး။တလိုင်းကို ဖြတ်ထားနိုင်တယ်။ဒါကို ပြင်နိုင်ဖို့ရယ်လျှပ်စစ်မီးအစား အခြားအစားထိုးလို့ရတဲ့နည်းပညာနှင့်စက်ရုံတွေကို လည်ပါတ်နိုင်ဖို့ (ပညာရှင်တွေလည်း ပါတယ်ကြားသ်ိရ)ပါ”ဟု အညာမြေစစ်ရေးပြုစုနေသူတစ်ဦးက ပြောသည်။

ထို့အတူ စစ်နယ်ဖြန့်လာသည့် အာရက္ခတပ်တော် AA နှင့်ဒေသတွင်းတပ်ပေါင်းစုများ၏စစ်ရေးအရှိန်ကို ကြိုတင်ကာကွယ်ရန်အတွက်လည်း ကပစ ၂၄ ကို အားဖြည့်ထားခြင်းဆိုသောသုံးသပ်ချက်အချို့လည်းရှိသည်။

“မီးကိစ္စကြောင့်လည်း တစ်ကြောင်းမှန်တယ်။ပြီးတော့ အခုသွားတဲ့ခွေးတွေသည် ပြန်မလာကြဘူးပေါ့။ပေါက် ကပစဟာ ပခုက္ကုခရိုင်နဲ့ ဂန့်ဂေါခရိုင်ရဲ့ အဓိက ခံတပ် ဖြစ်တယ်။ အေအေနဲ့ ဒေသတွင်း မဟာမိတ်တွေက ဝိုင်းတိုက်တဲ့အခါ ပေါက် ကပစဟာ အလွယ်တကူစစ်ကူသွားလို့ မရေသော နေရာဆိုတော့ ခွေးတွေကို အလုံး အရင်းကြို ပို့ထားတာ။အဲဒီ ကပစ ကျရင် သူတို့ရဲ့ လက်ကိုဖြတ်ခံထားရလိုပဲဖြစ်မှာ”ဟု ပေါက်မြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သုံးသပ်သည်။

စစ်ကောင်စီစစ်ကြောင်းနှင့်လေကြောင်းတိုက်ခိုက်မှုများကြောင့် ပခုက္ကူနှင့် ပေါက်လမ်းပိုင်းရှိ ကျေးရွာ ၃၀ ခန့်မှပြည်သူ နှစ်သောင်းဝန်းကျင်စစ်ရှောင်ခဲ့ရသည်။

ထို့အပြင် စစ်ကောင်စီက ဖမ်းဆီးထားသည့်ပြည်သူ များရှိခဲ့သည့်အပြင် လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရသူများကိုစာရင်းကောက်ယူရန်အရပ်ဖက်လူမှုအဖွဲ့အစည်းအချို့က ကြိုးပမ်းနေဆဲ ဖြစ်သည်။

စစ်ကောင်စီစစ်ကြောင်းဦးတည်ရာပေါက်မြို့နယ် မျှားပိုင်းကျေးရွာအနီးရှိသည့်ကပစ၂၄သည် လက်နက်ကြီးကျည် ၆၀ မမ၊၈၀ မမ နှင့် ၁၂၀ မမ တို့ကို အဓိကထုတ်လုပ်နေကြောင်း စစ်ဘက်ဆိုင်ရာ သတင်းအချက်အလက်အချို့တွင် ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးဖက်ဒရယ်ယူနစ် ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြိုနယ်အတွင်းရှိ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တာဝန်ရှိသူတွေနဲ့ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေဒီကနေ့မှာ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ပြီး လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေ ဖြေရှင်းနိုင်မယ့် သဘောတူညီမှုများရရှိခဲ့တယ်လို့ NUGက ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်တပ်က ပျူစောထီးကျေးရွာတွေကို ရိက္ခာပို့ရင်း စစ်ကြောင်းထိုးလို့ ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံပြည်သူတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ပေါက်မြို့နယ် လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်နဲ့ မြိုင်မြို့နယ်အစပ်က ဒေသတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူအချို့ထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့ကနေ နွားထိုးကြီးမြို့ဘက်မောင်းနှင်လာတဲ့ စစ်ကောင်စီတပ်ယာဉ်တန်းကို ပစ်ခတ်တိုက်ခိုက်ရာ တစ်ဦးသေဆုံးပြီး လက်နက်တွေလည်း သိမ်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း(၇)၊ ZERO ပြောက်ကျား တပ်ဖွဲ့ဦးဆောင်သူ ကိုသက်ကြီးက ပြောပါတယ်။