Connect with us

Hi, what are you looking for?

သတင်း

ဆောနှင့် ပေါက်မြို့နယ်တို့ကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ

မကွေးတိုင်း၊ ဆောနှင့် ပေါက်မြို့နယ်တို့ကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲရာ ပျက်ဆီးဆုံးရှုံးမှုများရှိခဲ့သည်။

ဇွန်-၂၁၊ ၂၀၂၅။ ရဲခေါင်/People’s Spring

မကွေးတိုင်း၊ ဆောနှင့် ပေါက်မြို့နယ်တို့ကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲရာ ပျက်ဆီးဆုံးရှုံးမှုများရှိခဲ့သည်။

ယနေ့နံနက် ၆ခွဲခန့်တွင် ဆောမြို့အနီးတစ်နေရာကို တံတားဦး လေတပ်မှတက်လာသည့် Y-12 ဗုံးကြဲလေယာဉ်ဖြင့် ဗုံးသီး သုံးလုံးချ၍ တိုက်ခိုက်ခဲ့သည်ဟု ဆောမြို့ခံအချို့က ဆိုသည်။

ထိုတိုက်ခိုက်မှုကြောင့် ဒေသအခေါ်ပြင်ခြောက်(ဆော-ဆိတ်ဖြူကားလမ်းဘေး)ရှိ ခြံတစ်ခုအတွင်းရှိ သိုလှောင်ထားသည့် ဆီပေပါများကို ထိမှန်ကာ မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့လေကြောင်းတိုက်ခိုက်ခဲ့တာ။ ပြည်သူထိခိုက်မှုမရှိခဲ့ပေမယ့်​ ယာယီတဲတစ်လုံး နဲ့ ဆီပေပါ အလုံး ၈၀ လောက် မီးလောင်ခဲ့တယ်”ဟု ဆောမြို့နယ်သတင်းရင်းမြစ် ကိုအောင်ကြီးက စစ်တပ်၏လေကြောင်းဗုံးကြဲမှုအပြီး ဖြစ်စဥ်ကို ရှင်းပြသည်။

ဗုံးကြဲခံရပြီး ဆုံးရှုံးသွားရသည့် ဆီပေပါများမှာ ပြည်သူပိုင်ဖြစ်ကြောင်း ၎င်းက အသိပေးသည်။

“သတင်းပေးရှိလို့ လာကြဲသွားတာ။ တော်သေးတယ် လူတွေမထိတာ”ဟု ဆောမြို့ခံတစ်ဦးက ပြောသည်။

ယနေ့ နံနက် ၇ နာရီခန့်တွင်လည်း ဆောမြို့နယ် တပြင်းရွာ အရှေ့ဖက်ရှိ ဒေသအခေါ် ပုံညာနတ်ထိပ် ဝန်းကျင်ကို စစ်ကောင်စီက ဗုံးကြဲခဲ့ကြောင်း သိရသည်။

ထိုလမ်းကြောင်းအတိုင်း ပေါက်မြို့နယ်အနောက် မြောက်ဖက်ခြမ်းရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၂၄ စက်ရုံ အနီးတစ်ဝိုက်ကို ဗုံးခုနှစ်လုံး ကြဲခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်ယောအလင်းတန်းက ထုတ်ပြန်ထားသည်။

ယခင်လ ၁ ရက်က ဆောမြို့နယ် အညာကတင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ၆နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအတင် အမျိုးသမီး ၄ဦး သေဆုံးမှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဆင်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲတွေအတွင်း စစ်တပ်ထံက လက်နက်ခဲယမ်းတချို့ ထပ်မံ သိမ်းဆည်းရရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ဒီကနေ့( ဩဂုတ် ၁၉ ရက်) ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲမှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့ပြီး အလင်း၀င်လာတဲ့ စစ်မှုထမ်းတပ်သားတွေကို ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ဂန့်ဂေါခရိုင်စစ်ဌာနက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ဆောမြို့နယ်မှာ စစ်တပ်ရဲ့ တပ်မ(၉၉)စစ်ကြောင်းထံက လက်နက်ခဲယမ်းတွေ ထပ်မံသိမ်းရတယ်လို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

Facebook