Connect with us

Hi, what are you looking for?

သတင်း

စက်သုံးဆီ​ဈေးကြီသဖြင့် ဒီးမော့ဆို Local PDF နှင့် ကလလတတို့က​ ဈေးနှုန်းသတ်မှတ်

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းတွင် စက်သုံးဆီစျေးကြီးလွန်း​နေသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဒီးမော့ဆို(DMO Local PDF)နှင့် ကရင်နီပြည်သူ့လွှတ်မြောက်ရေတပ်ဦး(ကလလတ)KNPLFတို့က ဈေးနှုန်းသတ်မှတ်လိုက်သည်။

ကရင်နီပြည်တွင် စက်သုံးဆီ​ဈေးကြီးပြီးပြတ်လတ်​နေသည်။ဓါတ်ပုံ-Karenni People's Voice

ဇွန်-၂၂၊၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းတွင် စက်သုံးဆီစျေးကြီးလွန်း​နေသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဒီးမော့ဆို(DMO Local PDF)နှင့် ကရင်နီပြည်သူ့လွှတ်မြောက်ရေတပ်ဦး(ကလလတ)KNPLFတို့က ဈေးနှုန်းသတ်မှတ်လိုက်သည်။

ပြည်သူများ၊လက်လုပ်လက်စားများ၊အထွေထွေအလုပ်သမားများ၊လယ်သမားများ၊ဆေးရုံဆေးခန်းမှ ဝန်ထမ်းများသည် ရှိသင့်သည့်ဈေးနှုန်းထက်အဆမတန်မြင့်တက်နေသော ဓါတ်ဆီ၊ဒီဇယ် ဈေးနှုန်းများကြောင့် အခက်အခဲများစွာကြုံ‌တွေ့ရသည်ကို ထိန်းညှိပေးရန် မကြာခဏတိုင်တန်းလာခြင်းကြောင့်ဟုဇွန် ၂၂ ရက်တွင်ထုတ်ပြန်သည်။

ထို့ကြောင့်ဇွန်၂၂ ရက်ကစ၍ မူရင်းဓါတ်ဆီ၊ဒီဇယ်ဆီဝယ်ဈေးနှုန်း၊အခွန်အခနှင့်ရင်းနှီးမြှပ်နှံမှုအမြတ်ငွေတွက်ချက်ပြီး ဓါတ်ဆီပီပါတစ်လုံးကျပ် ၁၁သိန်း နှင့် ဒီဇယ် ပီပါတစ်လုံးကျပ် ၁၂ သိန်း စျေး အတိုင်းတင်သွင်းရန်အသိပေးသည်။

Public Service Announcement

Public Service Announcement

ယခုသတ်မှတ်ဈေးနှုန်းထက်ပိုမို တင်သွင်းရောင်းချပါက ထိရောက်စွာအရေးယူသွားမည်ဟုလည်း ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို နှင့် ကရင်နီပြည်သူ့လွှတ်မြောက်ရေးတပ်ဦး(ကလလတ) KNPLFက ပူးတွဲ ထုတ်ပြန်ထားသည်။

“ဘယ်သူတွေ လမ်းပိတ်ထားလဲ။ ဂိတ်ပေါင်းဘယ် လောက်ရှိလဲ။ဘယ်ဂိတ်ကအခွန်ဘယ်လောက်တောင်းလဲ။တောင်ငူလမ်းပိတ်ထားလို့ဘယ်လိုသွားနေရလဲဆိုတာတွေ မတွေးဘဲနဲ့တော့ ငါတို့သိတယ်ဆိုတဲ့ပုံစံနဲ့စျေးသတ်မှတ်တာက စက်သုံးဆီပြတ်လပ်တာ၊စျေးကြီးနေတာရဲ့ အဖြေမဟုတ်သေးဘူး”ဟု ဒီးမော့ဆိုအနောက်ခြမ်း၌ စက်သုံးဆီရောင်းနေသူတစ်ဦးကပြောသည်။

ပီပါတစ်လုံးတွင် ဂါလံ ၅၀ ဆံ့ပြီး တစ်ဂါလံလျှင် ၄ ဒသမ ၅ လီတာ ဝန်းကျင်ရှိသည်။ထို့ကြောင့် ပီပါတစ်လုံးတွင် စက်သုံးဆီ လီတာ ၂၂၀ ကျော် ပါရှိသည်။

“တကယ်ဝယ်ရင်းစျေးဆိုရင်တော့တစ်ပီပါ ခုနှစ် သိန်း ခွဲ ရှစ်သိန်းပေါ့။ဒါပေမယ့် လမ်းပိတ်ထားတာတွေရော။လမ်းမကောင်းတဲ့နယ်မြေအခြေအနေတွေအရ သယ်ယူစရိတ်စကကြီးတာ”ဟု စက်သုံးဆီတင်သွင်းနေသူက ​ပြောသည်။

ဇွန်လ ဒုတိယပတ်ကစ၍ ဒီးမော့ဆိုအနောက်ဘက်ခြမ်းနှင့်ချိတ်ဆက်သည့်လမ်းပိုင်းအချို့ပိတ်ခံရပြီးနောက် ကုန်စည်စီးဆင်းမှုနှင့်အထူးသဖြင့်စက်သုံးဆီမှာ ဝယ်ယူနိုင်ရေးခက်ခဲခဲ့သည်။

ထို့​ကြောင့်ယခင်တစ်လီတာကျပ် ၄,၀၀၀ ဝန်းကျင်ရှိ ဓာတ်ဆီ၊ဒီဇယ် စျေးသည် ၈,၀၀၀ နှင့် ၁၀,၀၀၀ အထိ စျေးတက်သွားခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီအမျိုးသားများကာကွယ်ရေတပ် -KNDF ရဲ့ ပထမအကြိမ် ညီလာခံကို AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ကရင်နီပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး(ကလလတ)ဥက္ကဌ ဗိုလ်ချုပ်ထွန်းကျော်တို့ အွန်လိုင်းကတဆင့် တက်ရောက်ခဲ့ပါတယ်။

သတင်း

စက်သုံးဆီဈေး ၃ပတ်ဆက်တိုက်မြင့်တက်လာပြီး ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၅,၀၀၀ ကျော်လာပြီလို့ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။

သတင်း

စစ်တပ်က ဆီဆိုင်တွေကို ခွဲတမ်း​လျှော့

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

Facebook