ဇွန်၂၃၊၂၀၂၅၊ရှိန်း၊ထားမြတ်/People Spring
မန္တလေးတိုင်း၊စဉ့် ကူးမြို့နယ်ကပါချုပ်ဆရာတော် ဘုရားကြီးရဲ့ မေတ္တာနန္ဒဆေးရုံ(ယက်ကန်းစင်)ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ဆေးရုံကို မီးလာဖွားတဲ့ မီးနေသည် အမျိုးသမီးတဦး သေဆုံးပြီး ဆေးကုသဖို့လာတဲ့ပြည်သူ ၁၂ဦးဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံကပြောပါတယ်။
မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်အစပ်ရှိယက်ကန်းစင် တောင်မှာရှိတဲ့ပါချုပ်ဆရာတော်အရှင် ဒေါက်တာနန္ဒ မာလာဘိဝံသ လှူဒါန်းထားတဲ့ ဆေးခန်းကို ဇွန်လ၂၂ရက် နေ့၊မနေ့ကည၁၁နာရီ ကျော်မှာ တံတားဦးလေတပ်က တပ်လာတဲ့စစ်ကောင်စီ လေယာဉ်က ဖျက်အားပြင်း ဗုံး နှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ မတ္တရာမြို့နယ်၊ဆည်တော် လမ်းခွဲကျေးရွာကနေ ဆေးရုံကို မီးဖွားဖို့လာသူ အသက်၃၀အရွယ် မီးဖွားပြီးစ မီးနေသည်အမျိုးသမီး သေဆုံးခဲ့ပါတယ်။

Public Service Announcement
“အမျိုးသမီးကတော့ မွေးပြီးပြီ။နှစ်ရက်ရှိပြီ မွေးပြီးတာ။ ကလေးကတော့ အသက်ရှင်တယ်လို့ ကြားတယ်”လို့ ပြင်ဦးလွင် ခရိုင်ပကဖ ဝာာဝန်ရှိသူက ပြောပါတယ် ။
ဒါ့အပြင် ဆေးရုံကိုဆေးကုသဖို့လာလာတဲ့ ပြည်သူ ၁၂ ဦးဒဏ်ရာရခဲ့ပါတယ်။အသက်၃၅နှစ်အရွယ် အမျိုးသမီးတဦးရဲ့ ဒဏ်ရာကပြင်းထန်တယ်လို့ သိရပါတယ်။ ဆေးရုံသားဖွားဆောင်အပါ အဝင် အဆောက်အုံ ၃လုံး ပျက်စီးခဲ့တယ်လို့ပြင်ဦးလွင် ခရိုင်ပကဖကပြောပါတယ်။
“အဲဒီဆေးရုံက ဘေးနားကရွာ တွေအကုန်လုံးက ဒါလေးပဲအားထားနေရတာ။တိုက်ပွဲတွေနဲ့ လမ်းခရီးကမကောင်းတော့ အရေးအကြောင်းဆို မန္တလေးလည်းသွားကုမရ။မတ္တရာလည်း ဝင်ဖို့မလွယ်ဆိုတော့ ဒီဆေးရုံပဲသွားကြတာ။အခုတော့ ဆေးရုံ ရောက်မှ ဗုံးကြဲခံရပြီး သေရတယ်လို့ “လို့ ဒေသခံတဦး ကပြောပါတယ်။
ဒီဆေးရုံကို PDF တွေ ဆေးကုတဲ့ ဆေးရုံဆိုပြီး စစ်ကောင်စီရဲ့ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေက လေကြောင်းတိုက်ခိုက်ဖို့ တောက် လျှောက်လှုံ့ ဆော်ခဲ့တဲ့ ဆေးရုံဖြစ်ပါတယ် ။
ပြင်ဦးလွင်ခရိုင်ပကဖတာဝန်ရှိသူက”လေကြောင်းတိုက်ခိုက်ဖို့ မသင့်တော်တဲ့နေရာတွေ တိုက်ခိုက်တယ်ဗျာ။ ဥပမာ ဆေးရုံ၊ စာသင်ကျောင်း၊ စစ်ရှောင်စခန်း၊ ဘုန်းကြီးကျောင်း အဲဒီလို နေရာတွေက လေကြောင်း တိုက်ဖိုက်ဖို့အတွက် နေရာတွေမဟုတ်ဘူး ဒါပေမဲ့ လေကြောင်းတိုက်ခိုက်တယ်။ အဲဒီလိုအနေအထားတွေကြည့်ခြင်းအားဖြင့် စကစ ရဲ့ ရက်စက်ယုတ်မာမှုတွေ မြင်တွေ့နိုင်တယ်”လို့ ပြောပါတယ် ။
စစ်ကောင်စီတပ်က မတ္တရာ၊စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တို့ကို ဆက်တိုက်ဗုံးကြဲတိုက်ခိုက် နေပြီး ဇွန်လ၂၀ရက် နေ့ကလည်း စဉ့်ကူးမြို့နယ်၊လက်ပန်လှ ကျေးရွာ ၊သစ်တော ရုံးဝင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတဦး ခြေထောက်ထိမှန်ဒဏ်ရာ ရခဲ့ပါသေးတယ်။
စစ်ကောင်စီကမတ်လ၂၈ရက်စစ်ကိုင်းငလျင်အပြီးမှာ ငလျင်ဘေးအကြောင်းပြပြီး အပစ်ရပ်စဲကြောင်း ကြေညာခဲ့ပေမယ့် နိုင်ငံတဝန်း ဗုံးဆက်တိုက်ကြဲနေပါတယ် ။ပြင်ဦးလွင်ခရိုင်ပကဖရဲ့ သတင်းထုတ်ပြန်ချက်တွေအရ စစ်ကိုင်းငလျင်ကြီးလှုပ်အပြီးမှာစစ်ကောင်စီက စဉ့်ကူးမြို့နယ်တခုတည်းကိုပင် လေကြောင်းက အကြိမ် ၂၀ကျော် ဗုံးကြဲခဲ့ပါတယ် ။


















































