Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်စနစ် နဲ့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း စစ်ကိုင်းမှာဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့ နှင့် ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၂၄)မှာ စစ်အာဏာရှင်စနစ်နဲ့ စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်းဆန္ဒပြခဲ့ကြပါတယ်။

ဇွန်-၂၄၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့ နှင့် ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၂၄)မှာ စစ်အာဏာရှင်စနစ်နဲ့ စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်းဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းယင်းမာပင်မြို့နယ်မှာအောင်လံလွှင့်မည်ရွှေရေကြည်သပိတ်ကော်မတီက ဒေ​​သခံပြည်သူတွေနဲ့အတူ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ညနေဆည်ဆာသပိတ် ချီတက်ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်မြို့နယ် မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အလားတူယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း “ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တပြည်လုံးလွတ်မြောက်ရေးအတွက် ဆက်ရုံးကြ” ၊ “တရားမဝင် ရွေးကောက်ပွဲ အလိုမရှိ”၊ “Freedom from fear” စာသားတွေနဲ့ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို အလိုမရှိကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်းမှာ တော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြားထဲကနေစစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။