Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲမြို့လေကြောင်း တိုက်ခိုက်ခံရမှု အရပ်သား ၄ဦးသေဆုံး ၄ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့ကိုဇွန်လ ၂၄ရက်ညနေပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့တာ​ကြောင့်​ဒေသခံပြည်သူ ၄ဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်​ကောင်စီဗုံးကြဲမှု​ကြောင့်အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-TNLA

ဇွန်-၂၄၊၂၀၂၅။ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့ကိုဇွန်လ ၂၄ရက်ညနေပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့တာ​ကြောင့်​ဒေသခံပြည်သူ ၄ဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရရှိခဲ့သည်။

ကျောက်မဲမြို့၊ ရပ်ကွက် (၃)နှင့် ရပ်ကွက် (၇)ကိုညနေ ၄နာရီ၅၈မိနစ်၌တစ်ကြိမ်၊ ၅နာရီ၀၃ မိနစ်တွင် တစ်ကြိမ် ဂျက်ဖိုက်တာဖြင့် ပေါင်၅၀၀ ဗုံးနှစ်လုံး ကြဲချခြင်းဟု TNLAက ထုတ်ပြန်သည်။အမျိုးသား နှစ်ဦး နှင့် အမျိုးသမီး နှစ်ဦး သေဆုံးပြီး အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးဒဏ်ရာရကာ အိမ် (၁၀)လုံးလည် ထိခိုက်ပျက်စီးသွားခဲ့သည်ဟု ​ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလူထုကိုရည်ရွယ်ချက်ရှိရှိ ဗုံးကြဲချတိုက်ခိုက်ခြင်းဖြစ်ပြီးဒေသခံများ စစ်ရေးသတိအမြဲရှိရန်၊လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများလိုက်နာဆောင်ရွက်ရန် တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

TNLA သည်၁၀၂၇စစ်ဆင်ရေးတွင်ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကျောက်မဲမြို့၊ သီပေါ၊နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊ မန်တုံ၊နမ္မတူ၊ ကွတ်ခိုင်၊ နောင်ချို၊နမ့်ခမ်း၊မိုင်းငေါ့မြို့နှင့် မန္တလေးတိုင်းမှမိုးကုတ်မြို့တို့ကိုသိမ်းပိုက်ထိန်းချုပ်ထားသည်။

ကျောက်မဲမြို့ကိုသိမ်းယူပြီးနောက်ပိုင်း အဆိုးရွားဆုံးလေကြောင်းတိုက်ခိုက်မှုမှာ၂၀၂၄နိုဝင်ဘာလ ၃၀ရက်က ထုံးဘိုရပ်ကွက် အင်ကြင်းတောင်ပေါ်ရှိ သီလရှင်‌ကျောင်းကိုတိုက်ခိုက်မှုဖြစ်သည်။ ကျောင်းထိုင်အပါအဝင်၁၀ဦးထက်မနည်းသေဆုံးခဲ့သည်။ဇန်နဝါရီ ၂၅ ရက်နှင့် ဇန်နဝါရီ ၂၇ ရက်ကလည်း ကျောက်မဲမြို့ ပြည်သူ့ဆေးရုံ၊ မြို့တော်ခန်း

မအပါအဝင် မြို့ပေါ်ကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ကျန်းမာရေးဝန်ထမ်းနှစ်ဦးအပါအဝင် ၅ဦးသေဆုံးခဲ့ပြီး၂၀ ဦးထက်မနည်းဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့စက်တင်ဘာ ၂ရက် မနက်ပိုင်းက ကျယ်လောင်တဲ့ပေါက်ကွဲသံထွက်ပေါ်လာလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

သတင်း

မန္တလေး- မူဆယ်ပြည်ထောင်စုလမ်းပိုင်းပေါ်မှာ ဝါယာရှော့ဖြစ်နေတဲ့ ကုန်တင်ကားတစ်စီးက ကျောက်မဲမြို့အဝင် တိုးဂိတ်အတွင်း ဝင်ရောက် စဉ် မီးကူးစက်လို့ တိုးဂိတ်ပါ မီးလောင်ကျွမ်းသွားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ ၁၀၂၇ စစ်ဆင်ရေးကာလက ကျန်ခဲ့တဲ့ စစ်ကျန်လက်နက်ပေါက်ကွဲပြီး ဒေသခံအမျိုးသားတစ်ဦး သေဆုံးခဲ့ရပါတယ်။

Facebook