Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီဗုံးကြဲ၍ ​မော်ချီးတွင် ပြည်သူ ၇ ဦး​သေ ၊ ၄၀ ​ကျော်ဒဏ်ရာရ

ကရင်နီပြည်နယ်၊ဖားဆောင်းမြို့နယ်၊မော်ချီးဒေသကိုစစ်ကောင်စီက ​ယ​နေ့ နံနက်ပိုင်းတွင် လေ ကြောင်းမှ ဗုံးကြဲရာ ခဲလုပ်သားခုနှစ်ဦး သေဆုံးခဲ့ပြီး ပြည်သူ ၄၀ ကျော်ဒဏ်ရာရခဲ့သည်။

ဇွန်-၂၅၊၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ဖားဆောင်းမြို့နယ်၊မော်ချီးဒေသကိုစစ်ကောင်စီက ​ယ​နေ့ နံနက်ပိုင်းတွင် လေ ကြောင်းမှ ဗုံးကြဲရာ ခဲလုပ်သားခုနှစ်ဦး သေဆုံးခဲ့ပြီး ပြည်သူ ၄၀ ကျော်ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီက ဇွန် ၂၅ ရက်နံနက် ၁၁ နာရီဝန်းကျင်တွင် ​မော်ချီး​ဒေသမှလူနေထူထပ်သည့် တောင်ပေါ်ခဲလုပ်ကွက်​ပေါ်သို့ ဗုံးကြဲခဲ့ခြင်းကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးများခဲ့ရခြင်းဟု ဒေသတွင်းကူညီနေသူအချို့က ​ပြောသည်။

“ ခဲကျင်း နဲ့ ကုန်စုံဆိုင်ပေါ်ကျတော့ အထိအခိုက်များခဲ့တယ်။တိုက်ပွဲဖြစ်နေတာကဖားဆောင်းဘက်။လာကြဲတာက မော်ချီး။ခဲကျင်းဝင်နေကြတဲ့အချိန် ၊အလုပ်တွေလုပ်နေကြတဲ့အချိန်ဆိုတော့ အထိ အခိုက်များတယ်” ဟု ဖားဆောင်းမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် တိုက်ပွဲ ဖြစ်ပွားသည့်နေရာကို ဗုံးကြဲခြင်းမဟုတ်ဘဲ ပြည်သူများနေထိုင်ရာနေရာကို အကြောင်းမဲ့တိုက်ခိုက်ခြင်းဟု ကရင်နီစစ်ရှောင် အရေးကူညီနေသူတစ်ဦးကလည်း​ပြောသည်။

“ ဂျက်ဖိုက်တာတွေကရင်နီ(ကယား)ဖက်ကို တောက်လျှောက်လာနေတာမို့ ပြည်သူများစစ်ဘေးရှောင်များလေယာဉ်သံနားစွင့် ဂရုပြုနေထိုင်ကြဖို့ သတိပေးပါရစေ” ဟု ၎င်းကပြောသည်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သူများ၏ နောက်ဆက်တွဲအခြေအနေကို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။

ယခုတိုက်ခိုက်မှုအပါအဝင် အာဏာသိမ်းပြီးနောက်ပိုင်း မော်ချီးဒေသကို စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုလေးကြိမ်ထက်မနည်းပြုလုပ်ခဲ့သည်။ထိုသို့တိုက်ခိုက်မှု​ကြောင့် လသားအရွယ်ကလေးငယ် အပါအဝင် ပြည်သူ ၂၀ ဦးခန့် သေဆုံးခဲ့ရသည်။

ဖားဆောင်းမြို့တွင်ဇွန် ၂၅ ရက်​နေ့ကတိုက်ပွဲ ဖြစ် ပွားခဲ့ကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

၂၀၂၄ ဖေဖော်ဝါရီ ၂၉ရက်တွင်စတင်သည့် ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်း ၉ ခုနှင့် ကာကင်းနေရာသုံးခုကို ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်နိုင်ခဲ့ပြီး အခြေစိုက်တပ် ရင်း(၂)ခု ဖြစ်သော ခလရ(၁၃၄) နှင့် ခလရ (၁၃၅)တပ်ရင်းတို့သာသိမ်းပိုက်ရန် ကျန်ရှိနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ အလှူမဏ္ဍပ် လုပ်ထားတဲ့နေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲသွားလို့ လသားအရွယ်ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ သုံးဦးသေဆုံးပြီး ခုနစ်ဦးထက်မနည်း ဒဏ်ရာရ သွားပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင်အတွင်းက တကူကျေးရွာကို စစ်ကောင်စီတပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ထိခိုက်မှုရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကျေးရွာ ၂ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် ပြည်သူသေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းယောမာန်က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မိုးကုတ်မြို့အနောက်ပိုင်းကို ယနေ့(စက်တင်ဘာ၂၁ရက်) ညနေ၂နာရီ၁၅မိနစ်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်သွားသည်။

Facebook