Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီ ကျောက်မဲမြို့ကိုဗုံးထပ်ကြဲ ပြည်သူ ၁ဦး​သေဆုံးပြီးက​လေးငယ် ၂ဦးဒဏ်ရာရဟုကနဦးသတင်း​ရရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့ကို ယနေ့ နံနက်အစောပိုင်းတွင်စစ်ကောင်စီကလေကြောင်းမှ နှစ်ကြိမ်ဗုံးကြဲသွားရာ​ဒေသခံပြည်သူအချို့ ထိခိုက်သေဆုံးမှု ရှိခဲ့သည်။

ဇွန် ၂၄ ရက်​နေ့က ကျောက်မဲမြို့ကိုစစ်​ကောင်စီဗုံးကြဲမှု​ကြောင့် အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-TNLA

ဇွန်-၂၇၊၂၀၂၅ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့ကို ယနေ့ နံနက်အစောပိုင်းတွင်စစ်ကောင်စီကလေကြောင်းမှ နှစ်ကြိမ်ဗုံးကြဲသွားရာ​ဒေသခံပြည်သူအချို့ ထိခိုက်သေဆုံးမှု ရှိခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးတွင် TNLA က သိမ်းယူခဲ့သော ‌ခြေမြန်တပ်ရင်း ခမရ(၅၀၁)နှင့် ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ရင်းအနီးကို (ဇွန် ၂၆ ရက် ညသန်း​ခေါင်အလွန်) ဇွန် ၂၇ ရက်​နေ့မနက်အ​စောပိုင်း ၁၂နာရီ ၄၆မိနစ် နှင့် ၁၂နာရီ ၅၁မိနစ်၌ ဗုံးကြဲသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။

“တစ်လုံးက မြို့ပြင်ဘက်ကိုကြဲတာ။တစ်လုံးက မြို့ထဲ။မြို့ထဲမှာလည်း ကြောက်လန့်နေရတယ်ဗျ။ ကျောက်မဲကို သိသိသာသာကို ပစ်မှတ်ထားလာတယ်”ဟုဒေသခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

ကျောက်မဲမြို့ ရပ်ကွက်(၇)ရှိ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ရင်းအနီးဗုံးကြဲမှု၌ အမျိုးသမီးတစ်ဦးသေဆုံးကြောင်း ကနဦးသတင်းရရှိသည်။

​အခြားသတင်းရင်းမြစ် တစ်ဦးက ၁ ဦး​သေဆုံးကာ ၊ က​လေး၂ ဦးဒဏ်ရာရရှိခဲ့​ပြီး အ​ဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ​​ပြောသည်။

စစ်ကောင်စီသည် ကျောက်မဲမြို့ကို ဇွန်လ ၂၄ ရက်နေ့ကဗုံးကြဲပြီးနောက် သုံးရက် အတွင်းနောက်တစ်ကြိမ်ကြဲခြင်းဖြစ်သည်။ ဇွန်လ ၂၄ရက် ညနေက ကျောက်မဲမြို့၊ ရပ်ကွက် (၃)နှင့် ရပ်ကွက်(၇)ကို ဂျက်ဖိုက်တာဖြင့် ပေါင်၅၀၀ ဗုံးနှစ်လုံး ကြဲချရာအမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦး သေဆုံးပြီး၁၄ဦး ဒဏ်ရာရခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်ထားသည်။

ဇွန် ၂၇ ရက်နံနက် စစ်​ကောင်စီဗုံးကြဲမှုနှင့်ပတ်သက်၍ TNLAက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

TNLAသည်၁၀၂၇စစ်ဆင်ရေးတွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကျောက်မဲမြို့၊ သီပေါ၊နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊ မန်တုံ၊နမ္မတူ၊ ကွတ်ခိုင်၊ နောင်ချို၊နမ့်ခမ်း၊မိုင်းငေါ့မြို့နှင့် မန္တလေးတိုင်းမှမိုးကုတ်မြို့ကိုသိမ်းပိုက်ယူထားသည်။

ယခုရက်ပိုင်း၌ ကျောက်မဲအပြင် မိုးကုတ်၊ နမ္မတူမြို့တို့ကိုလည်း ဗုံးကြဲနေပြီး နောင်ချိုမြို့တွင်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ဂွမြို့နယ်၊ကျိန္တလီမြို့၊ရမ္မာကျွန်းလူနေကျေးရွာကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင်ငါး ရာ ဗုံး ၃ လုံး ကြဲချခဲ့တာကြောင့် ​ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ငယ်တွေအပါအဝင် ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ