Connect with us

Hi, what are you looking for?

သတင်း

ဂျိုရှုအာဗန် UFC ဖလိုင်းဝိတ်ချန်ပီယံခါးပတ်စိန်ခေါ်ပွဲအဖြစ်ဘရာဇီးဖိုက်တာနှင့်ယှဥ်ရမည်

ဗန် နှင့် ရွိုင်ဗယ် ပွဲ UFC-317 ရဲ့ အ​ကောင်းဆုံးပွဲဆုအဖြစ်အပိုဆု​ကြေးဒေါ်လာငါး​သောင်းစီဆုရ

ဇွန်-၂၉၊၂၀၂၅။ သုည/People’s Spring

ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်သည် UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်စိန်ခေါ်ပွဲအဖြစ် လက်ရှိချန်ပီယံ ဘရာဇီးဖိုက်တာအဲလက်စ်ဇန်းဒ​ရေးပန်တိုဂျာ နှင့် ထိုးသတ်ရမည် ဖြစ်သည်။

ဗန်သည် ယနေ့နံနက်က UFC 317 ပြိုင်ပွဲတွင် UFC အဆင့်သတ်မှတ်ချက်အရ ဖလိုင်းဝိတ်တန်း ကမ္ဘာ့အဆင့် (၁) ရှိသည့် အမေရိကန်ဖိုက်တာ ဘရန်ဒန်ရွိုင်ဗယ်ကိုအမှတ်ဖြင့်အနိုင်ရပြီးနောက် UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ကို စိန်ခေါ်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ UFC 317 ၏ ဒုတိယခေါင်ပွဲတွင် ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲအဖြစ် လက်ရှိချန်ပီယံ ဘရာဇီးဖိုက်တာ ပန်တိုဂျာ နှင့် နယူးဇီလန်ဖိုက်တာ ကိုင်းဖရန့် တို့ ထိုးသတ်ခဲ့ပြီး ပန်တိုဂျာက လည်ပင်းချုပ်ကွက်ဖြင့်အနိုင်ရခဲ့သည်။

Public Service Announcement

Public Service Announcement

ယင်းပွဲစဉ်အပြီးတွင် UFC က ဂျိုရှုအာဗန်ကို စင်ပေါ်သို့ ခေါ်ပြီး ပန်တိုဂျာဖြင့် လာမည့် ချန်ပီယံခါးပတ်ကာကွယ်ပွဲတွင်ထိုးသတ်ရမည်ဖြစ်ကြောင်းအတည်ပြု ကြေညာခဲ့သည်။

အသက် ၃၅ နှစ်အရွယ် ဘရာဇီးဖိုက်တာ ပန်တိုဂျာသည် UFC ပြိုင်ပွဲတွင် ၁၇ ပွဲ ထိုးသတ်ထားပြီး ၁၄ ပွဲနိုင် ၃ ပွဲရှုံး ရလဒ်ပိုင်ဆိုင်ထားသည်။ပန်တိုဂျာက ဗန်ကို အလွန်​ကောင်းပြီး နှိမ်ချ​သော တိုက်ခိုက်​ရေးသမားဟု ချီးကျူးခဲ့သည်။

အသက် ၂၃ နှစ်အရွယ် ဂျိုရှုအာဗန်က UFC ပြိုင်ပွဲတွင် ၉ ပွဲ ယှဉ်ပြိုင်ထိုးသတ်ထားပြီး ၈ ပွဲအထိ အနိုင်ရကာ တစ်ပွဲသာ ရှုံးနိမ့်ထားသည်။ဗန်က ပွဲအပြီး သတင်း​ထောက်နှင့် အင်တာဗျူးတွင် ချန်ပီယံခါးပတ်စိန်​ခေါ်ပွဲကို ၂၀၂၅ ခုနှစ်အတွင်းဖြစ်လာရန် ​မျှော်လင့်​ကြောင်း​ပြောသည်။ ပန်တိုဂျာမှာ အလွန်​ကောင်း​သောကစားသမားဖြစ်​ကြောင်းလည်း ဗန်က မှတ်ချက်ပြုခဲ့သည်။

ထိုအပြင်UFC 317 တွင် ဗန် နှင့် ရွိုင်ဗယ် တို့၏ ပွဲစဥ်မှာ နှစ်ဦးသားလက်သီးချက်​ပေါင်း ၃၇၀ ​ကျော်ထိုးသတ်ခဲ့ကြပြီး UFC သက်တမ်းတ​လျှောက် လက်သီးအများဆုံးထိုး​သောပွဲဖြစ်ကာ ပွဲချီပြည့်အကြိတ်အနယ်ထိုးသတ်ခဲ့သဖြင့် အ​ကောင်းဆုံးပွဲ(Fight of The Night) အပိုဆုအဖြစ် ၁ ဦးလျှင်​​ဒေါ်လာ ၅၀၀၀၀ စီဆုချီးမြှင့်ခဲ့သည်။ဗန်သည် ပွဲထိုး​ကြေး နှင့် အပိုဆု​​ကြေး ​ကြောင့် တစ်ပွဲတည်း ​ဒေါ်လာ နှစ်သိန်း (မြန်မာ​ငွေ ကျပ်သိန်း ၉၀၀၀ ​ကျော်) ​ကျော်ရရှိ​ကြောင်း MMA ပြိုင်ပွဲ​လေ့လာ​သော ဝက်ဆိုက်အချို့ကတွက်ပြထားသည်။

ဗန်သည် မြန်မာပြည်ဖွားတိုင်းရင်းသား ဖြစ်ပြီး အမေရိကန်နိုင်ငံတွင် ငယ်စဉ်ကတည်းက မိသားစုနှင့်အတူ ပြောင်းရွှေ့အခြေချနေထိုင်သူ ဖြစ်သည်။ မြန်မာနိုင်ငံကိုချစ်သည့် ဗန်သည် UFC ပြိုင်ပွဲတွင် အောင်ပွဲခံတိုင်း မြန်မာအလံနှင့်အတူ အောင်ပွဲခံလေ့ရှိသူ ဖြစ်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဗန်ရဲ့ပွဲကိုမြန်မာတစ်နိုင်ငံလုံးက​တော​ရောမြို့ပါမကျန်၊ ပြည်သူ​တွေ​ရော တော်လှန်​ရေးရဲ​ဘော်​တွေပါ စိတ်လှုပ်ရှားစွာအား​ပေးခဲ့ကြပါတယ် ။

သတင်း

အပိုဆု​ကြေး​ဒေါ်လာ တစ်သိန်းစီဆွတ်ခူး

သတင်း

UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲမှာ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်က ပြိုင်ဘက် ဘရာဇီးဖိုက်တာ ပန်တိုဂျာကို အမှတ်နဲ့အနိုင်ရပြီး ချန်ပီယံခါးပါတ်ကို​အောင်မြင်စွာကာကွယ်ခဲ့ပါတယ်။

သတင်း

UFC 331 ပြိုင်ပွဲရဲ့ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်နဲ့ ဘရာဇီးဖိုက်တာ ပန်တိုဂျာတို့ တရားဝင်ဆေးစစ်ဝိတ်ချိန်မှု ဒီကနေ့ (စက်တင်ဘာ ၁၉ ရက်) ပြုလုပ်ခဲ့ရာ အောင်မြင်ခဲ့ကြောင်း UFC က ထုတ်ပြန်ပါတယ်။