Connect with us

Hi, what are you looking for?

သတင်း

ဂျိုရှုအာဗန် UFC ဖလိုင်းဝိတ်ချန်ပီယံခါးပတ်စိန်ခေါ်ပွဲအဖြစ်ဘရာဇီးဖိုက်တာနှင့်ယှဥ်ရမည်

ဗန် နှင့် ရွိုင်ဗယ် ပွဲ UFC-317 ရဲ့ အ​ကောင်းဆုံးပွဲဆုအဖြစ်အပိုဆု​ကြေးဒေါ်လာငါး​သောင်းစီဆုရ

ဇွန်-၂၉၊၂၀၂၅။ သုည/People’s Spring

ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်သည် UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်စိန်ခေါ်ပွဲအဖြစ် လက်ရှိချန်ပီယံ ဘရာဇီးဖိုက်တာအဲလက်စ်ဇန်းဒ​ရေးပန်တိုဂျာ နှင့် ထိုးသတ်ရမည် ဖြစ်သည်။

ဗန်သည် ယနေ့နံနက်က UFC 317 ပြိုင်ပွဲတွင် UFC အဆင့်သတ်မှတ်ချက်အရ ဖလိုင်းဝိတ်တန်း ကမ္ဘာ့အဆင့် (၁) ရှိသည့် အမေရိကန်ဖိုက်တာ ဘရန်ဒန်ရွိုင်ဗယ်ကိုအမှတ်ဖြင့်အနိုင်ရပြီးနောက် UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ကို စိန်ခေါ်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ UFC 317 ၏ ဒုတိယခေါင်ပွဲတွင် ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲအဖြစ် လက်ရှိချန်ပီယံ ဘရာဇီးဖိုက်တာ ပန်တိုဂျာ နှင့် နယူးဇီလန်ဖိုက်တာ ကိုင်းဖရန့် တို့ ထိုးသတ်ခဲ့ပြီး ပန်တိုဂျာက လည်ပင်းချုပ်ကွက်ဖြင့်အနိုင်ရခဲ့သည်။

Public Service Announcement

Public Service Announcement

ယင်းပွဲစဉ်အပြီးတွင် UFC က ဂျိုရှုအာဗန်ကို စင်ပေါ်သို့ ခေါ်ပြီး ပန်တိုဂျာဖြင့် လာမည့် ချန်ပီယံခါးပတ်ကာကွယ်ပွဲတွင်ထိုးသတ်ရမည်ဖြစ်ကြောင်းအတည်ပြု ကြေညာခဲ့သည်။

အသက် ၃၅ နှစ်အရွယ် ဘရာဇီးဖိုက်တာ ပန်တိုဂျာသည် UFC ပြိုင်ပွဲတွင် ၁၇ ပွဲ ထိုးသတ်ထားပြီး ၁၄ ပွဲနိုင် ၃ ပွဲရှုံး ရလဒ်ပိုင်ဆိုင်ထားသည်။ပန်တိုဂျာက ဗန်ကို အလွန်​ကောင်းပြီး နှိမ်ချ​သော တိုက်ခိုက်​ရေးသမားဟု ချီးကျူးခဲ့သည်။

အသက် ၂၃ နှစ်အရွယ် ဂျိုရှုအာဗန်က UFC ပြိုင်ပွဲတွင် ၉ ပွဲ ယှဉ်ပြိုင်ထိုးသတ်ထားပြီး ၈ ပွဲအထိ အနိုင်ရကာ တစ်ပွဲသာ ရှုံးနိမ့်ထားသည်။ဗန်က ပွဲအပြီး သတင်း​ထောက်နှင့် အင်တာဗျူးတွင် ချန်ပီယံခါးပတ်စိန်​ခေါ်ပွဲကို ၂၀၂၅ ခုနှစ်အတွင်းဖြစ်လာရန် ​မျှော်လင့်​ကြောင်း​ပြောသည်။ ပန်တိုဂျာမှာ အလွန်​ကောင်း​သောကစားသမားဖြစ်​ကြောင်းလည်း ဗန်က မှတ်ချက်ပြုခဲ့သည်။

ထိုအပြင်UFC 317 တွင် ဗန် နှင့် ရွိုင်ဗယ် တို့၏ ပွဲစဥ်မှာ နှစ်ဦးသားလက်သီးချက်​ပေါင်း ၃၇၀ ​ကျော်ထိုးသတ်ခဲ့ကြပြီး UFC သက်တမ်းတ​လျှောက် လက်သီးအများဆုံးထိုး​သောပွဲဖြစ်ကာ ပွဲချီပြည့်အကြိတ်အနယ်ထိုးသတ်ခဲ့သဖြင့် အ​ကောင်းဆုံးပွဲ(Fight of The Night) အပိုဆုအဖြစ် ၁ ဦးလျှင်​​ဒေါ်လာ ၅၀၀၀၀ စီဆုချီးမြှင့်ခဲ့သည်။ဗန်သည် ပွဲထိုး​ကြေး နှင့် အပိုဆု​​ကြေး ​ကြောင့် တစ်ပွဲတည်း ​ဒေါ်လာ နှစ်သိန်း (မြန်မာ​ငွေ ကျပ်သိန်း ၉၀၀၀ ​ကျော်) ​ကျော်ရရှိ​ကြောင်း MMA ပြိုင်ပွဲ​လေ့လာ​သော ဝက်ဆိုက်အချို့ကတွက်ပြထားသည်။

ဗန်သည် မြန်မာပြည်ဖွားတိုင်းရင်းသား ဖြစ်ပြီး အမေရိကန်နိုင်ငံတွင် ငယ်စဉ်ကတည်းက မိသားစုနှင့်အတူ ပြောင်းရွှေ့အခြေချနေထိုင်သူ ဖြစ်သည်။ မြန်မာနိုင်ငံကိုချစ်သည့် ဗန်သည် UFC ပြိုင်ပွဲတွင် အောင်ပွဲခံတိုင်း မြန်မာအလံနှင့်အတူ အောင်ပွဲခံလေ့ရှိသူ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းဖိုက်တာဂျိုရှုအာဗန် UFC ပြိုင်ပွဲ၌ ဖလိုင်းဝိတ်တန်း ကမ္ဘာ့အဆင့်(၁) ဘရန်ဒန်ရွိုင်ဗယ်ကို အနိုင်ရရှိခဲ့မှုအား ချင်းအမျိုးသားတပ်ဦး(CNF) ဂုဏ်ပြုကြောင်းသဝဏ်လွှာထုတ်ပြန်ခဲ့သည်။

သတင်း

ဒီနိုင်ပွဲ​ကြောင့် UFC ချန်ပီယံခါးပါတ်စိန်​ခေါ်ခွင့် ရရှိ

သတင်း

UFCတွင်၈ပွဲယှဥ်ပြိုင်ထိုးသတ်ရာ၊၇ပွဲအနိုင်ရထား

သတင်း

အမေရိကန်နိုင်ငံတွင် ကျင်းပသည့် UFC MMA ပြိုင်ပွဲတွင် ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်သည် ပြိုင်ဘက် မက္ကဆီကိုဖိုက်တာကို အသာစီးထိုးသတ်ခဲ့ပြီး ဒိုင်အားလုံး၏ ဆုံးဖြတ်ချက်အရ အမှတ်ဖြင့် အနိုင်ရခဲ့သည်။