Connect with us

Hi, what are you looking for?

သတင်း

ချင်းဖိုက်တာ ဂျိုရှုအာဗန်​ အောင်ပွဲကို ချင်းအမျိုးသားတပ်ဦး-CNF ဂုဏ်ပြု

ချင်းဖိုက်တာဂျိုရှုအာဗန် UFC ပြိုင်ပွဲ၌ ဖလိုင်းဝိတ်တန်း ကမ္ဘာ့အဆင့်(၁) ဘရန်ဒန်ရွိုင်ဗယ်ကို အနိုင်ရရှိခဲ့မှုအား ချင်းအမျိုးသားတပ်ဦး(CNF) ဂုဏ်ပြုကြောင်းသဝဏ်လွှာထုတ်ပြန်ခဲ့သည်။

ဗန် နှင့် ရွိုင်ဗယ်တို့ ယှဥ်ပြိုင်ထိုးသတ်စဥ်။ ဓါတ်ပုံ-UFC

ဇွန်-၂၉၊၂၀၂၅။People’s Spring

ချင်းဖိုက်တာဂျိုရှုအာဗန် UFC ပြိုင်ပွဲ၌ ဖလိုင်းဝိတ်တန်း ကမ္ဘာ့အဆင့်(၁) ဘရန်ဒန်ရွိုင်ဗယ်ကို အနိုင်ရရှိခဲ့မှုအား ချင်းအမျိုးသားတပ်ဦး(CNF) ဂုဏ်ပြုကြောင်းသဝဏ်လွှာထုတ်ပြန်ခဲ့သည်။

မြန်မာပြည်ဖွားချင်းလူငယ်ဗန် သည်အမေရိကန် နိုင်ငံ၊ နီးဗားနားပြည်နယ်၊ လပ်ဗီးဂတ်စ် မြိုတွင် ယ​နေ့ကျင်းပသည့်UFC 317ဖလိုင်းဝိတ်တန်းအဆင့်(၁) ဖြစ်သူ အမေရိကန်နိုင်ငံသား ရွိုင်ဗယ်နှင့်ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာအမှတ်ဖြင့်အနိုင်ရရှိခဲ့သည်။

“ဒို့နိုင်ငံသားတယောက်အနေနဲ့ ဂုဏ်ယူမဆုံးဘူး။ နိုင်ငံ့ဂုဏ် အမျိုးဂုဏ်ကို မြင့်မားမြှင့်တင်ဆောင်ကျဉ်းပေးသူပါ။ အမျိုးဂုဏ် ဇာတိဂုဏ်အတွက် ရှေ့ဆက် ကြိုးစားပေးစေချင်တယ်”ဟုCNF ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီကပြောသည်။

Public Service Announcement

Public Service Announcement

အသက် ၂၃ နှစ်အရွယ် The Fearless ဟုအမည်​ပေးထားသည့် ဗန်သည် ဘရန်ဒန်ရွိုင်ဗယ်ကိုအနိုင်ရပြီးနောက် UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ကို စိန်ခေါ်ခွင့် ရရှိခဲ့ပြီဖြစ်သည်။ဗန်နှင့် ရွိုင်ဗယ်တို့ ပွဲစဥ်မှာ UFC 317 ၏ အ​ကောင်းဆုံးပွဲအဖြစ်သတ်မှတ်ခံရပြီး ဖိုက်တာ နှစ်ဦးစလုံးကို အပိုဆု​ကြေး ​ဒေါ်လာ ငါး​သောင်းစီ ရရှိခဲ့သည်။

ဗန်သည် ချန်ပီယံစိန်​ခေါ်ပွဲကို လက်ရှိချန်ပီယံ ပန်တိုဂျာနှင့်ထိုးသတ်ခွင့်ရမည်ဖြစ်သည်။

နိုင်ငံတော်နှင့် ချင်းအမျိုးသားဂုဏ်ကိုဆောင်ကျဉ်းပေးခဲ့သူ Joshua Van ၏ အောင်မြင်မှု အား ချီးကျုးဂုဏ်ပြုကြောင်း CNFက ထုတ်ပြန်ခဲ့ပြီး ၎င်း၏ အနာဂါတ် ခရီး ဆက်လက် တောက်ပလျက် “ The Fearless” ဟူသော အောင်မြင်မှုသရဖူ အလီလီဆွတ်ခူးနိုင်ပါစေဟု ဆန္ဒပြု ဖော်ပြခဲ့သည်။

ဂျိုရှုအာဗန် သည် သိုင်းပေါင်းစုံ( MMA ) ပြိုင်ပွဲများအနက် နာမည်အကြီးဆုံးပြိုင်ပွဲဖြစ်သည့် UFC ပြိုင်ပွဲ၌ ပထမဆုံးယှဥ်ပြိုင်ခွင့်ရသည့် မြန်မာဖိုက်တာတဦးလည်းဖြစ်သည်။

ချင်းတိုင်းရင်းသားဗန်သည် မြန်မာပြည်ဖွားချင်းတိုင်းရင်းသားဖြစ်ပြီး အမေရိကန်နိုင်ငံကို ငယ်စဥ်ကတည်းကမိသားစုနှင့် အတူ ပြောင်းရွှေ့အခြေချနေထိုင်သူဖြစ်သည်။ဗန်သည် UFC ပြိုင်ပွဲများ၌ အောင်ပွဲခံတိုင်းမြန်မာနိုင်ငံအလံဖြင့်အောင်ပွဲခံလေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ Sihhmui စစ်ဘေးရှောင်စခန်းကို ဒီနေ့ မေလ ၂၉ရက်မှာ သွားရောက်လည်ပတ်ခဲ့ပါတယ်။

သတင်း

UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်ဟာ ငယ်စဥ်က ပညာသင်ခဲ့တဲ့မလေးရှားနိုင်ငံက ချင်းဒုက္ခသည်များဆိုင်ရာ လူထုအခြေပြုကျောင်း (Chin Community Schools) ကို ၁၃ နှစ်အကြာ သွားရောက်လည်ပတ်ခဲ့ပါတယ်။

သတင်း

UFC ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်နဲ့ အဆိုတော် ဖြူဖြူကျော်သိန်းတို့ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ပရိသတ်တွေ့ဆုံပွဲ (Meet & Greet) အစီအစဉ်ကို ဒီကနေ့ (မေလ ၂၅) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

ချင်းတိုင်းရင်းသား ဂျိုရှုအာဗန် အတွက် ပထမဆုံး UFC ချန်ပီယံခါးပတ်ကာကွယ်ပွဲမှာ လှလှပပ အနိုင်ယူပြီးတဲ့​နောက် မွေးရပ်မြေနဲ့ အနီးဆုံးဖြစ်တဲ့ ထိုင်းနဲ့မ​လေးရှား လာမယ့်ရက်သတ္တပတ်အတွင်း လာ​ရောက်​တော့မှာပါ။