Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံရေး သတ္တိရှိရှိလုပ်ရန်နှင့် မြန်မာပြည် တော်လှန်ရေးလုပ်ငန်းများ၌ လူငယ်များ ပါဝင်ရန် TNLA ခေါင်းဆောင်များ တိုက်တွန်း

တအာင်းလူမျိုးများ နိုင်ငံရေးကို သတ္တိရှိရှိ လုပ်ဆောင်ရန် နှင့် လူငယ်များ တအာင်း ပြည်တွင်သာမက မြန်မာပြည်တခုလုံး တော်လှန်ရေးလုပ်ငန်းများ၌ ပါဝင်ရန် တအာင်းတပ်မတော်(PSLF/TNLA) ထိပ်ပိုင်းခေါင်းဆောင်များက တိုက်တွန်းပြောကြားသည်။

PSLF/TNLA ဦးဆောင်ဖွင့်လှစ်ထားသော နိုင်ငံရေးသိပ္ပံကျောင်း အပတ်စဥ်(၁) ကျောင်းဆင်းပွဲအခမ်းအနား။ ဓာတ်ပုံ - TNLA

ဇွန်-၃၀၊ ၂၀၂၅။ ထားမြတ်/People’s Spring

တအာင်းလူမျိုးများ နိုင်ငံရေးကို သတ္တိရှိရှိ လုပ်ဆောင်ရန် နှင့် လူငယ်များ တအာင်း ပြည်တွင်သာမက မြန်မာပြည်တခုလုံး တော်လှန်ရေးလုပ်ငန်းများ၌ ပါဝင်ရန် တအာင်းတပ်မတော်(PSLF/TNLA) ထိပ်ပိုင်းခေါင်းဆောင်များက တိုက်တွန်းပြောကြားသည်။

ဇွန်လ ၂၅ရက်က တအာင်းပြည် တနေရာ၌ ကျင်းပသည့် PSLF/TNLA ဦးဆောင်ဖွင့်လှစ်ထားသော နိုင်ငံရေးသိပ္ပံကျောင်း အပတ်စဥ်(၁) ကျောင်းဆင်းပွဲနှင့် ဒီပလိုမာဘွဲ့ အပ်နှင်းခြင်း အခမ်းအနား၌ TNLA ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားနှင့် အထွေထွေအတွင်းရေးမှူးချုပ် အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်တို့က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

တအာင်းပလောင်လူမျိုးများအနေဖြင့် ယခင်အချိန်က နိုင်ငံရေးအသိအားနည်းခြင်းကြောင့် အရာရာလက်လွတ်ဆုံးရှုံးခဲ့ရပြီးဖြစ်၍ လက်ရှိတွင် နိုင်ငံရေးအား သတ္တိရှိရှိ လုပ်ကြရန် အချိန်တန်ပြီဟု ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားက ပြောကြားခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ယခု နိုင်ငံရေးသိပ္ပံကျောင်းဆင်းမည့် PSLF/TNLA လူငယ်များအနေဖြင့်လည်း ရနံ့မွှေးသည့် ပန်းများ ဖြစ်စေလိုပြီး မျှစ်တိုင်း ဝါးဖြစ်စေလိုသည်ဟုလည်း လူငယ်တိုင်း ထူးချွန်ထက်မြတ်စေလိုကြောင်း ပြောဆိုခဲ့သည်။

ဗိုလ်ချုပ်တားဘုန်းကျော်ကလည်း တအာင်းပြည်တစ်ခုတည်းသာမက မြန်မာပြည်တစ်ခုလုံးပါဝင်သည့် တော်လှန်ရေးလုပ်ငန်း အသီးသီးတွင် လူငယ်များ ပါဝင်အလုပ်လုပ်ကြရန် ပြောကြားခဲ့ဟု TNLAက ထုတ်ပြန်သည်။

ထို့ပြင် လူထုအကျိုးပြု လုပ်ငန်းများ ပြုလုပ်ကာ တော်လှန်းရေးပန်းတိုင် အမြန်ဆုံးရောက်ရှိအောင် စွမ်းစွမ်းတမံ အလုပ်လုပ်ကြရန် လိုအပ်သည်ဟုလည်း ဗိုလ်ချုပ်တားဘုန်းကျော်က မှာကြားခဲ့သည်။

ယခု နိုင်ငံရေးသိပ္ပံကျောင်းကို ၂၀၂၂ ခုနှစ် ဩဂုတ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး (၃)နှစ်ကြာကာလတွင် ကျောင်းသား(၁၅)ဦးနှင့် ကျောင်းသူ(၂၀)ဦး စုစုပေါင်း (၃၅)ဦး တက်ရောက်သင်ကြားခဲ့ဟု အသိပေးသည်။

အခမ်းအနားတွင် နိုင်ငံရေးသိပ္ပံကျောင်းမှ (၃)နှစ်ကာလအတွင်း အောင်မြင်ပြီးမြောက်သော ကျောင်းသူ/သားများကို ဒီလိုပလိုမာဘွဲအပ်နှင်းခြင်း၊ ထူးချွန်သည့် ကျောင်းသူ/သားများကို ဆုချီးမြှင့်ပေးခြင်းနှင့် သင်ကြားပေးသည့် ဆရာ/မများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း ပြုလုပ်ခဲ့ဟု အသိပေးသည်။

ယခုဖွစ်လှစ်ခဲ့သည့် နိုင်ငံရေးသိပ္ပံကျောင်းသည် နိုင်ငံရေးတွင် ပါဝင်လုပ်ဆောင်နိုင်ရန် PSLF/TNLA လူငယ်များအတွက် အခွင့်အလမ်းတစ်ရပ်ဖြစ်ဟုလည်း TNLAက ထုတ်ပြန်ခဲ့ပြီး နိုင်ငံရေးအနာဂတ် မျိုးဆက်သစ်ခေါင်းဆောင်များ ထွက်ပေါ်လာရန် ရည်ရွယ်၍ ဖွင့်လှစ် ထားခြင်းဖြစ်ဟုလည်း အသိပေးသည်။

ယခု အခမ်းအနားသို့ တအာင်းပြည်ကောင်စီ ဒုဥက္ကဌ(၁) ဒီဒီမိုခမ်း၊ တအာင်းမြေတက္ကသိုလ် ဒေါက်တာဟောည်၊ ဗိုလ်မှူးချုပ် တားအိုမ်တမာဝ်း၊ ဗိုလ်မှူးကြီး တားပန်လ၊ စစ်ဦးစီးချုပ်ရုံးမှ စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် တားနော်ရိူန်း၊ အရပ်ဖက်အဖွဲအစည်း တာဝန်ရှိသူများနှင့် နိုင်ငံရေးသိပ္ပံကျောင်းမှ သက်ဆိုင်ရာ ဘာသာရပ်သင် ဒေါက်တာနှင့် ဆရာ/မများ၊ PSLF/TNLA၏ ဌာနဆိုင်ရာများမှ အရာရှိ အရာခံများနှင့် ကျောင်းသူ/သားတို့၏ မိသားစုဝင်များ စုစုပေါင်း လူဦးရေ (၆၀၀)ကျော် တက်ရောက်ခဲ့ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

သတင်း

ရန်ကုန်မှာအခုရက်ပိုင်းအတွင်းပေါ်တာဆွဲတာတွေပိုဆိုးလာတာကြောင့် လူငယ်တွေဟာ အလုပ်သွား၊အလုပ်ပြန်ဖို့ကို​တောင် စိုးရိမ်​နေကြရပါတယ် ။