Connect with us

Hi, what are you looking for?

သတင်း

တော်လှန်​ရေးတပ်များ မိုးဗြဲမြို့ကို ပြန်လည်လက်လွှတ်ရ၊ မြို့​ပေါ်မှတိုက်ပွဲ​တွေဆက်ဖြစ်

ကရင်နီပြည်နယ်သို့ဝင်ပေါက်ဖြစ်​သောမိုးဗြဲမြို့ ၏မြို့ပေါ်ရပ်ကွက်များကိုစစ်ကောင်စီတပ်က ထိုး​ဖောက်ဝင်​ရောက်တပ်စွဲနိုင်ခဲ့ပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွား​နေ​ကြောင်းကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ၏ပြောရေးဆိုခွင့်ရှိသူ သာအယ်စိုးကပြောသည်။

မိုးဗြဲPDF မှတပ်ဖွဲ့ဝင်အချို့တိုက်ပွဲဝင်​နေစဥ်။ ဓါတ်ပုံ-မိုးဗြဲ PDF

ဇူလိုင်-၃၊၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်သို့ဝင်ပေါက်ဖြစ်​သောမိုးဗြဲမြို့ ၏မြို့ပေါ်ရပ်ကွက်များကိုစစ်ကောင်စီတပ်က ထိုး​ဖောက်ဝင်​ရောက်တပ်စွဲနိုင်ခဲ့ပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွား​နေ​ကြောင်းကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ၏ပြောရေးဆိုခွင့်ရှိသူ သာအယ်စိုးကပြောသည်။

မိုးဗြဲလမ်းမကြီးကိုပါစစ်ကောင်စီကထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး ခုနှစ်လကျော်ကြာစစ်​ကောင်စီ၏ တန်ပြန်ထိုးစစ်တွင် စစ်သားရာနှင့်ချီ​သေဆုံးပြီး​နောက် မိုးဗြဲတွင် စစ်ရေးအရအသာရရှိခဲ့ခြင်းဟု စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။

“မိုးဗြဲမှာတော့ မြို့ပေါ်ရပ်ကွက်တွေထဲထိ စစ်ကောင်စီကဝင်ရောက်တပ်စွဲသွားပြီ။တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ကတော့ တိုက်ပွဲတွေဆက်ဖြစ်နေတုန်းပါ”ဟုသာအယ်စိုးက လူထုနွေဦးသို့ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် မိုးဗြဲ မြို့ကို အလုံးစုံ ပြန်ထိန်း ချုပ်ရန် မြေပြင် အင်အား ၁,၀၀၀ ဝန်းကျင်သုံးခဲ့ပြီးမစ်ဇိုင်းဒုံးများနှင့် နေ့စဥ်နှင့်အမျှ လက်နက်ကြီး အသုံးပြုပစ်ခတ်မှုအပြင် လေကြောင်း မှလည်း အကြိမ်ရေ ၃၀၀ ထက်မနည်း တိုက်ခိုက်ခဲ့သည်။

“သူတို့တပ်စခန်း(ခမရ ၄၂၂)ကနေ လမ်းမကြီးအပေါ်ဘက်ပေါ့။မိုးဗြဲကနေလွတ်လွတ်ကျွတ်ကျွတ်ဖောက်ထွက်နိုင်ဖို့တောင်သူတို့မလုပ်နိုင်သေးပါဘူး။လွိုင်ကော်ရောက်ဖို့လည်းနောက်ထပ်အတားဆီးတွေအများကြီးရှိပါသေးတယ်”ဟု မိုးဗြဲမြို့တွင်ရှိနေသည့် မြေပြင်ရဲဘော်တစ်ဦးက လူထုနွေဦးကို ရှင်းပြသည်။

ကရင်နီစစ်ဘက်သတင်းရင်းမြစ်တစ်ဦးကလည်း “လမ်းမကြီးပေးလိုက်ရပြီ။မြို့မကျပေမယ့်လမ်းမကြီးကျတာက။မြို့ကျသလိုပါပဲ။အဖြေကအမြဲပြောင်းနေမှာပါ”ဟု ပြောသည်။

မိုးဗြဲမြို့ကို စစ်ကောင်စီက ပြန်ရရန် စစ်သားရာနှင့်ချီသေဆုံးခဲ့ကာ ကရင်နီပူးပေါင်းတပ်များ မှ လည်း တပ်ဖွဲ့ဝင် လေးဆယ်ဝန်းကျင်ကျဆုံးခဲ့သည်ဟုသိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်​ကောင်စီက ဆုံးရှုံးခဲ့သည့် မြို့ကို ပြန်သိမ်းနိုင်ရန် တန်ပြန်ထိုးစစ်ဆင်ခဲ့သောတိုက်ပွဲများအနက် မိုးဗြဲမြို့တိုက်ပွဲမှာခုနှစ်လ​ကျော်ကြာခဲ့ပြီး ကာလအရှည်ကြာဆုံးဖြစ်ကြောင်း စစ်ဘက်သတင်းရင်းမြစ်များက မှတ်ချက်ပြုသည်။

ကရင်နီပူး​ပေါင်းတပ်များက ၂၀၂၃ နှစ်ကုန်ပိုင်းက မိုးဗြဲ မြို့စောင့်တပ် ခမရ ၄၂၂ ကလွဲ၍ စစ်ကောင်စီတပ်စွဲခဲ့သော ဝါရီဆူဖလိုင်၊ ဒုန်းဒူထန်၊ ပွဲကုန်း၃၊ ပွဲကုန်း၁၊ ညောင် ဝိုင်း၊ ပီကင်းကောခူ၊ ဆောင်ကန်း ၊ စည် ကား၂ နဲ့ စက်တော်ရာတောင် ကုန်း (ခ)ဗျူဟာကုန်းကို ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်ပြီး မိုးဗြဲ မြို့ကိုထိန်းချုပ်ခဲ့သည်။

မိုးဗြဲမြို့ပြန်ရရေး စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဒီဇင်ဘာ လမှစတင်၍ ခမရ ၄၂၂ ကိုအခြေပြု၍ ပြန်လည်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

လူဦးရေ နှစ်သောင်းကျော်နေထိုင် ခဲ့သည့် မိုးဗြဲ မြို့သည် စစ်အုပ်စုအခြေစိုက်ရာ နေပြည်တော်ကို နာရီပိုင်းနှင့် ရောက်နိုင်သည့် ပင် လောင်း-ဖယ်ခုံ -(မိုးဗြဲ)-လွိုင်ကော် လမ်းပိုင်းပေါ်၌ ရှိသည်။

မိုးဗြဲမြို့ကိုစစ်ကောင်စီက အလုံးစုံပြန်ရခဲ့ပါက ရှမ်းတောင်မှတဆင့်ကရင်နီပြည် နယ်ထဲသို့ အလွယ်တကူစစ်ကူပို့လို့ရသည့် အ​ခြေအ​နေရှိလာ​ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။

မိုးဗြဲမြို့သို့ တန်ပြန်ထိုးစစ်ဆင်လာ​သော စစ်​ကောင်စီတပ်ကို ရှမ်း​တောင်-ကယား(ကရင်နီ)တပ်​ပေါင်းစုဖြစ်​သော KNDF ၊ PDF ၊ Local PDF ၊KPLA စ​သော​တော်လှန်​ရေးတပ်များကခုခံတိုက်ခိုက်ခဲ့ရခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။

သတင်း

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊မြစ်ခြေမြို့ ရဲစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့ပြီးတဲ့နောက်စစ်တပ်စစ်ကြောင်းပြန်ထိုးလာကာ မြို့ထဲကို စစ်ကြောင်းပြန်ရောက်လာတယ်လို့ ​ဒေသတွင်းစစ်​ရေးသတင်းရင်းမြစ် တွေကပြောပါတယ်။

ဆောင်းပါး

ဖိုးသား/People’s Spring အာဏာသိမ်းစစ်တပ်အတွက် စိုးရိမ်ဖွယ်ရာဖြစ်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေတိတ်ဆိတ်သွားပြီး​နောက်ပိုင်း တော်လှန်ရေးအဖွဲ့တွေ အပေါ်ကြီးမားတဲ့သက်ရောက်မှု နဲ့ အချိုးအကွေ့ ကာလတစ်ခု​ရောက်ပါတယ်။ အာဏာသိမ်းစစ်တပ်က ရှမ်းပြည်နယ်​မြောက်ပိုင်းမှာတရုတ်အကူအညီနဲ့ အပစ်ရပ်​အောင်လုပ်ပြီး​နောက် ပြုန်းတီးခဲ့တဲ့အင်အားတွေအတွက်စစ်မှုထမ်းတပ်သားသစ်တွေကိုစစ်တပ်ထိန်းချုပ်​ဒေသ​တွေက​နေ ပုံစံအမျိုးမျိုးနဲ့ စုဆောင်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ‌တော်လှန်ရေးအမာခံနယ်‌မြေတွေ ဖြစ်တဲ့ မန္တလေး၊စစ်ကိုင်း၊မကွေး၊ ချင်း ၊ကချင် ၊ရခိုင်ပြည်နယ်အစပ်အစရှိတဲ့...

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။