Connect with us

Hi, what are you looking for?

သတင်း

တော်လှန်​ရေးအဖွဲ့တွေပစ်ချခဲ့တဲ့ စစ်​တပ်တိုက်​လေယာဥ် ၊ ရဟတ်ယာဥ်အနည်းဆုံး၁၃ စီးရှိလာ

ကရင်နီပြည် ၊ဖား​ဆောင်းမြို့တိုက်ပွဲမှာ ကရင်နီတပ်​ပေါင်းစုက စစ်​ကောင်စီရဲ့ FTC 2000 G တိုက်​လေယာဥ်ကိုပစ်ချခဲ့တာဖြစ်တယ်လို့ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ -JCS ကအတည်ပြုထုတ်ပြန်တဲ့အတွက် စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​တော်လှန်​ရေးအဖွဲ့​တွေက ပစ်ချတဲ့တိုက်​လေယာဥ်နဲ့ ရဟတ်ယာဥ် အနည်းဆုံး ၁၃ စီးရှိလာပြီဖြစ်ပါတယ်။

ဇူလိုင်-၄၊၂၀၂၅။ဒီပ/People’s Spring

ကရင်နီပြည် ၊ဖား​ဆောင်းမြို့တိုက်ပွဲမှာ ကရင်နီတပ်​ပေါင်းစုက စစ်​ကောင်စီရဲ့ FTC 2000 G တိုက်​လေယာဥ်ကိုပစ်ချခဲ့တာဖြစ်တယ်လို့ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ -JCS ကအတည်ပြုထုတ်ပြန်တဲ့အတွက် စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​တော်လှန်​ရေးအဖွဲ့​တွေက ပစ်ချတဲ့တိုက်​လေယာဥ်နဲ့ ရဟတ်ယာဥ် အနည်းဆုံး ၁၃ စီးရှိလာပြီဖြစ်ပါတယ် ။

ဖား​ဆောင်းမြို့က စစ်တပ်ရဲ့ တပ်ရင်း ၂ ရင်းကိုထိုးစစ်ဆင်​နေချိန်မှာ ဇူလိုင် ၂ ရက် ၊နံနက် ၁ နာရီခန့်မှာ ဖားဆောင်းမြို့ တိုက်ပွဲကို ဗုံးလာကြဲတဲ့စစ်ကောင်စီဂျက်လေယာဥ်၄စီးကို ကရင်နီတပ်ပေါင်းစုံ တော်လှန်ရေးတပ်​တွေက တန်ပြန်တိုက်ခိုက်ရာ တရုတ်နိုင်ငံထုတ် FTC 2000 G တိုက်လေယာဥ်တစ်စီးကို ပစ်ချနိုင်ခဲ့တာလို့ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ -JCSကထုတ်ပြန်ပါတယ်။

ပစ်ခတ်ခံရပြီး ပျက်ကျသွားတဲ့ တိုက်လေယာဥ်ကိုဇူလိုင် ၃ရက်မွန်းလွဲ ၂ နာရီခန့်မှာဖားဆောင်းမြို့အနီးမှာရှာဖွေတွေ့ရှိခဲ့ပြီး​တော့ တိုက်လေယာဥ်ကိုယ်ထည်အပျက်အစီး​တွေနဲ့အတူ လေယာဥ်မှူးနှစ်ဦး ရဲ့ရုပ်အလောင်းအပိုင်းအစများကိုပါတွေ့ရှိခဲ့တယ်လို့ JCS က အသိ​ပေးပါတယ် ။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီက​တော့ ဇူလိုင် ၁ ရက်ညကတိုက်​လေယာဥ်ဟာ​လေ့ကျင့်ပျံသန်းစဥ် စက်ချို့ယွင်းမှု ဒါမှမဟုတ်ရာသီဥတုဆိုးရွားမှုတခုခု​ကြောင့်အဆက်အသွယ်ပျက်​ပျောက်သွားတာလို့ဆိုပါတယ်။တိုက်ပွဲပြင်းထန်း​နေတဲ့ ဖား​ဆောင်မြို့ဘက်ကို ညအချိန် ​လေ့ကျင့်ပျံသန်းတယ်ဆိုတဲ့ စစ်​ကောင်စီရဲ့ထုတ်ပြန်မှု အ​ပေါ် ​မေးခွန်းထုတ်မှု​တွေလည်းရှိနေကြပါတယ် ။

​နွေဦး​တော်လှန်​ရေးမှာ ကရင်နီတပ်​​ပေါင်းစုက ပစ်ချနိုင်ခဲ့တဲ့ စစ်တပ် တိုက်​လေယာဥ်နဲ့ ရဟတ်ယာဥ် ၄ စီးအထိရှိလာပါတယ် ။ထူးခြားတာက ၄ စင်းမှာ ၃ စင်းက တိုက်​လေယာဥ်ဖြစ်​နေတာပါ။

မယ့်စဲမြို့နယ်ကစစ်စခန်း​တွေကို ထိုးစစ်ဆင်​နေတဲ့ ၂၀၂၃ ဇွန်လ ၃၀ ရက်​နေ့မှာ ကရင်နီတပ်​ပေါင်းစုက ရွာသစ်မြို့အနီးမှာ စစ်တပ်ရဲ့ K-8W အ​ပေါ့စားတိုက်​လေယာဥ်ကို ပစ်ချခဲ့ပါတယ်။

အလားတူ တစ်​လေးလုံးစစ်ဆင်​ရေး စခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ လ ၁၁ ရက်​နေ့မှာ ကရင်နီပူး​ပေါင်းတပ်​တွေက K-8W အ​ပေါ့စားတိုက်​လေယာဥ် တစ်စင်းကို ထပ်မံပစ်ချခဲ့နိုင်ခဲ့တယ်။တိုက်​လေယာဥ်မောင်း ၁ဦးကိုပါဖမ်းဆီး အ​ရေးယူနိုင်ခဲ့တာပါ။

ဒါအပြင် ၂၀၂၄ ​မေ ၂၆ရက်​​နေ့မှာ ကရင်နီတပ်​ပေါင်းစုက ဖား​ဆောင်းမြို့နယ်တိုက်ပွဲမှာပဲ စစ်တပ်ရဲ့ Mi-17 ရဟတ်ယာဥ်ကို ပစ်ချခဲ့တာမှာ ရဟတ်ယာဥ်မှာ ​ဘောလခဲမြို့မှာ ပျက်ကျခဲ့ပါတယ် ။ဒါ​ကြောင့် ဖား​ဆောင်းမြို့နယ်တိုက်ပွဲမှာပဲစစ်တပ်ရဲ့ တိုက်​လေယာဥ်နဲ့ ရဟတ်ယာဥ် ၂ စင်းကိုပစ်ချနိုင်ခဲ့တာဖြစ်ပါတယ် ။

စစ်အုပ်စုအာဏာသိမ်းပြီး​နောက်ပိုင်းစစ်တပ်ရဲ့ တိုက်​လေယာဥ် ၊ရဟတ်ယာဥ်​တွေကို အများဆုံးပစ်ခတ်ဖျက်ဆီးနိုင်တာက KIA ဖြစ်ပါတယ် ။

KIA က စစ်တပ်ရဟတ်ယာဥ်နဲ့တိုက်​လေယာဥ် ၅ စီးကိုပစ်ချထားပါတယ် ။ ကရင်နီတပ်​ပေါင်းစုကလည်း စစ်​ကောင်စီရဲ့ တိုက်​လေယာဥ် ၊ရဟတ်ယာဥ် ၄ စီးအထိပစ်ချဖျက်ဆီးထားနိုင်တာမို့ ဒုတိယအများဆုံး​တော်လှန်​ရေးအဖွဲ့​ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘရာဇီးနိုင်ငံမှာ ရဟတ်ယာဉ်နှစ်စီး လေထဲ တိုက်မိရာက ထင်ရှားတဲ့ အမေရိကန် ဂီတ ပညာရှင် တစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ဥရောပတိုက်ရဲ့ လုံခြုံရေးအတွက် NATO စစ်မဟာမိတ် အဖွဲ့ထဲမှာ ဖြန့်ကျက်ပေးထားတဲ့ တိုက်လေယာဉ် စုစုပေါင်းရဲ့ သုံးပုံတစ်ပုံကို အမေရိကန်က လျှော့ချသွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် စစ်တပ် ရဟတ်ယာဉ်ကို ပစ်ချခဲ့ကြောင်း စွပ်စွဲပြီး အီရန်ကို အမေရိကန်က စစ်ရေးအရ လက်တုံ့ပြန် တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နိုင်ငံ ကမ်းလွန်က ဟောမုဇ်ရေလက်ကြားနားမှာ အမေရိကန် စစ်တပ်ရဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြုခဲ့ပါတယ်။