Connect with us

Hi, what are you looking for?

သတင်း

တော်လှန်​ရေးအဖွဲ့များသိမ်းထား​သောကြံသာရွာကို ပြန်ရရန် စစ်​ကောင်စီထိုးစစ်ဆင်လာ၍ တိုက်ပွဲများဆက်တိုက်ဖြစ်

လေးနှစ်အတွင်း CDF-KKG ရဲဘော် ၇၀ကျော်ကျဆုံး၊စစ်ကောင်စီကိုဆက်လက်ရင်ဆိုင်နိုင်ရေး ပြည်သူများတော်လှန်ရေး၌ပါဝင်ပေးရန်တောင်းဆို

က​လေး-ဂန်​ဂေါလမ်းရှိ စစ်တပ်စခန်းများကို CDF-KKG နှင့်​တော်လှန်​ရေးအဖွဲ့များကသိမ်းပိုက်ရာသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-CDF-KKG

ဇူလိုင်-၄၊၂၀၂၅။ထားမြတ်/People’s Spring

ချင်းဒေသကာကွယ်ရေတပ်(ကလေး-ကဘော်-ဂန့်ဂေါ)-CDF-KKG တပ်ဖွဲ့ နှင့် မဟာမိတ်များ တိုက်ခိုက်သိမ်းပိုက်ထားသည့် ကလေး-ဂန့်ဂေါကြားရှိ ကြံသာရွာကို စစ်တပ် နှင့် ပျူစောထီးများကပြန်လည်ရယူနိုင်ရန် ထိုးစစ်ဆင်​လာသဖြင့် မကြာခဏ တိုက်ပွဲများဆက်ဖြစ်နေကြောင်း CDF-KKG ဗဟိုသတင်းပြန်ကြားရေး တာဝန်ရှိသူ ကိုအားမှုန်ကပြောသည်။

CDF-KKG အထူးစစ်ဆင်​ရေးအမည်ဖြင့်​​တော်လှန်​ရေးအဖွဲ့များက ကလေး-ဂန့်ဂေါကြားရှိစစ်တပ်နှင့် ပျူစောထီး စိုးမိုးနေရာများကို ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလတွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ကမ်းပါးနီစခန်း၊ မှန်တောစခန်း၊ အောင်သာယာ (အရှေ့ ၊ အနောက်)စခန်း နှင့် ကြံသာရွာတို့ကို နှစ်လတာအတွင်း သိမ်းပိုက်နိုင်ခဲ့သည်။ အဆိုပါ စခန်းများအနက် ပျူစောထီးရွာများအတွက် အရေးပါသည့် ကြံသာရွာ ပြန်ရရေး စစ်ကောင်စီတပ်ကပြန်ထိုးစစ်ဆင်နေသည်ဟု CDF-KKGကပြောသည်။

“ကျနော်တို့ကမ်းပါးနီကိုသိမ်းပြီးတော့ကြံသာအထိသိမ်းနိုင်တယ်။ လက်ရှိကတော့ ကျနော်တို့က ကြံသာအထိ စိုးမိုးနယ်မြေဖြစ်သွားပြီပေါ့။ ဟိုဘက်အခြမ်းကနှမ်းခါးတို့ဟံသာ၀တီတို့ဆိုတော်တော်လေး ပျူစောထီးအင်အားကောင်းတဲ့ အကြီးဆုံးရွာပေါ့။ကျန်တဲ့ရွာတွေလည်းရှိသေးတယ် ၁၀ရွာ၊ ၁၂ရွာလောက်ရှိအုံးမယ်ထင်ပါတယ်။ သူတို့အနေနဲ့ပေါင်းပြီးတော့ စကစကနေ လက်နက်ခဲယမ်းတွေချပေးပြီးတော့ ကျနော်တို့ကို ထိုးစစ်ဆင်တာမျိုးတွေခဏခဏ လုပ်တဲ့အနေအထား။ သူတို ကြံသာကို ပြန်ရဖို့။ဘာဖြစ်လို့လဲဆိုရင်ကြံသာကပျူစောထီးရွာတွေရဲ့ အရှေ့တံခါးပေါက်ဖြစ်တဲ့အတွက် သူတို့အတွက် တော်တော်လေး အရေးပါတဲ့ နေရာလည်းဖြစ်တဲ့အတွက် ပြန်ယူဖို့ထိုးစစ်ဆင်ဖို့ အနေအထားတွေပေါ့”ဟု CDF-KKG သတင်းပြန်ကြားရေးတာဝန်ခံကပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေ၍အခက်အခဲစိန်ခေါ်မှု အချို့ရင်ဆိုင်နေရသည်ဟုလည်း အသိပေးသည်။

“ကျနော်တို့ဒီဘက်(ကလေး-ကဘော်ဒေသ)မှာကြတော့ လုံး၀ အချက်အခြာကျတဲ့နေရာဒေသတွေ ဖြစ်တဲ့အတွက် ကျနော်တို့မှာကတော့ ခက်ခဲမှုတွေအများကြီးရှိတယ်။ ဒီဘက်မှာ စစ်ကောင်စီလည်း အင်အားကောင်းတဲ့နေရာဆိုတော့ကျနော်တို့ မှတ်ချက်ပေးဖို့ ထွေထွေထူးထူးတော့မရှိဘူး အဓိကတော့ ပြည်သူပါဝင်ပေးဖို့ရယ် ကျနော်တို့မှာ လက်နက်ခဲယမ်းရှိဖို့အဓိကပစ်မှတ်ထားပြီးလုပ်ဆောင်နေရတဲ့ အနေအထားပေါ့နော်။ အဲဒါကြောင့် ကျနော်တို့ ပြည်သူ့တော်လှန်ရေးဖြစ်တဲ့အတွက် ပြည်သူ ပါဝင်ပေးဖို့ ပေါ့နော်” ဟုကိုအားမှုန်က ပြောသည်။

CDF-KKG အထူးစစ်ဆင်​ရေးဆက်လက်ဖော်ဆောင်နေပြီး တိုက်ပွဲများမပြီးသေး၍စစ်ကောင်စီက မကြာခဏဆင်နွှဲနေသည့် ထိုးစစ်ဆင်မှုကို ရင်ဆိုင်ရန် CDF KKGကို ပြည်သူများ ပိုမိုထောက်ပံ့ပေးရန် ကိုအားမှုန်က နှိုးဆော်သည်။

CDF KKG သည် ကလေး-ကဘော်-ဂန့်ဂေါ ဒေသတွင်သာမက ချင်းတောင်ပေါ်ဒေသများနှင့် ချင်း-စစ်ကိုင်း၊ချင်း-မကွေးဆက်စပ်နယ်မြေများ၌ တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းပြီးစစ်ကောင်စီကိုတိုက်ခိုက်လျက်ရှိရာ တပ်ဖွဲ့ ဖွဲ့စည်းခဲ့သည့်လေးနှစ်တာအတွင်းတိုက်ပွဲပေါင်း၄၀၀ ကျော်တွင် ပါဝင် တိုက်ခိုက်နိုင်ခဲ့ဟု CDF KKGက ဇူလိုင် ၁ရက်တွင် ထုတ်ပြန် အသိပေးထားသည်။

တော်လှန်ရေး လေးနှစ်တာအတွင်း CDF -KKG ရဲဘော် ၇၃ဦး ကျဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရသူ ၁၅၀ ကျော်ရှိခဲ့သည်ဟုလည်း အသိပေးသည်။

ကလေး-ကဘော်-ဂန့်ဂေါ ဒေသလွတ်မြောက်ရေးမှသည် မြန်မာတပြည်လုံးစစ်ကောင်စီလက်အောက်မှ လွတ်မြောက်ပြီး ပြည်သူ တရပ်လုံး လိုလားသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်သည်အထိ တိုက်ပွဲဝင်သွားမည်ဟုလည်းCDF KKGကတပ်ဖွဲ့ ဖွဲ့စည်းမှု ၄နှစ်ပြည့်နေ့ဖြစ်သော ဇူလိုင် ၁ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီပြည်ဒေသအစပ် မိုးဗြဲဒေသမှာ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ဖြစ်စဥ်ကို စုံစမ်းစစ် ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့က မေလ ၁ရက်မှာ ပူးတွဲထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် မောတောင်မြို့သိမ်း စစ်ဆင်ရေးမှာ တာဝန်ထမ်းဆောင်ပြီး ပြန်လာတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ရဲ့ မဟာမိတ် ဗထူးတပ်ဖွဲ့ရဲ့ ရဲဘော်တွေကို ဗိုလ်စောအယ်ခွီး (ခ) ကော်လားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲက ခြုံခိုတိုက်ခိုက်ခဲ့လို ရဲဘော် ၄ဦး ကျဆုံးကာ ၁ဦးပျောက်ဆုံး၊ ၃ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က...

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အနီးကပ်စစ်ဆိုင်ထားတဲ့ စစ်တပ်က တပ်ကြပ်တစ်ဦး လက်နက်ယူပြီး အလင်းဝင်လာတယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။

သတင်း

အညာမြေတပ်ပေါင်းစုထံ ပခုက္ကူခရိုင်မှာ အခြေစိုက်တဲ့ GOD OF MYAING တပ်ဖွဲ့နဲ့ EAGLE FIGHTERတပ်ဖွဲ့တို့က ဒီကနေ့ (ဒီဇင်ဘာ၂ရက်)မှာ ထပ်မံပေါင်းစည်းလိုက်တယ်လို့ သတင်းရပါတယ်။