Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းအတွင်း ဆဲဗင်းဇူလိုင်အကြို စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းသပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၄)မှာ ဆဲဗင်းဇူလိုင်အကြိုစစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြပါတယ်။

ဇူလိုင် ၄၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းသပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၄)မှာ ဆဲဗင်းဇူလိုင်အကြိုစစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြပါတယ်။

ကလေးမြို့နယ်မှာ လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပြည်သူ့ပညာရေးသပိတ်စစ်ကြောင်းနဲ့အတူ ဆဲဗင်းဇူလိုင်အကြို အလံမလိပ် အသံမတိတ် လူထုလှုပ်ရှားမှု တရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းအတွင်းရှိ ကိုယ်ထူကိုယ်ထ ကျောင်းတစ်ခုမှာ အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများအဖွဲ့ချုပ် (FBEWU)ရဲ့ တိုက်ပွဲဦးဆောင်ကော်မတီဝင်တချို့က စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးသမိုင်းမှာ အဓိကကျတဲ့ ၁၉၆၂ ခုနှစ် 7 July ကျောင်းသားအရေးတော်ပုံ ၆၃ နှစ်

Public Service Announcement

Public Service Announcement

မြောက်အကြို အထိမ်းအမှတ်အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။အခမ်းအနားမှာ 7 July နဲ့ပတ်သက်၍ ဟောပြောခြင်း၊ သမိုင်းမှတ်တမ်း Video တွေ ပြသခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း ဒေသခံပြည်သူလူထုနဲ့ ပြည်သူ့အားမာန်သပိတ်မှ ရဲဘော်တွေပူး​ပေါင်းကာ”ပြည်သူ့အရေးတော်ပုံမုချအောင်ရမည်” ၊”ဖယ်ဒရယ်ဒီမိုကရေစီအရေးတော်ပုံ မုချအောင်ရမည်” ကြွေးကြော်သံတွေနဲ့ စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်း ဆန္ဒပြခဲ့ပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ FBEWU ၊ကလေးမြို့နယ်မှာ လူထုတိုက်ပွဲဦးဆောင်ကော်မတီ

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်း၊ မကွေးနှင့် တင်္နသာရီတိုင်းတို့တွင် တော်လှန်ပြည်သူများက ဦးဆောင်ပြီး ယနေ့ ကျရောက်သည့် (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုများ အသီးသီး ပြုလုပ်ခဲ့ကြသည်။

သတင်း

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်တွင်ယနေ့ကျရောက်သော(၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးခဲ့သောအာဇာနည်များကို ဦးညွှတ်အလေးပြုခြင်းနှင့် အကြမ်းဖက်စစ်ကောင်စီ ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်း ဖားကန့်မှော်လှည့်သပိတ်ကဆန္ဒထုတ်ဖော်ခဲ့ကြသည်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၁၇)မှာ စစ်အာဏာရှင် တော်လှန်ရေး လူထုသပိတ် ဆန္ဒပြ လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၁၆)မှာ မတရားတဲ့စစ်မှုထမ်းဥပဒေနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ အသီးသီးပြုလုပ်ခဲ့ကြပါတယ်။

Facebook