Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းအတွင်း ဆဲဗင်းဇူလိုင်အကြို စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းသပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၄)မှာ ဆဲဗင်းဇူလိုင်အကြိုစစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြပါတယ်။

ဇူလိုင် ၄၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းသပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၄)မှာ ဆဲဗင်းဇူလိုင်အကြိုစစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြပါတယ်။

ကလေးမြို့နယ်မှာ လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပြည်သူ့ပညာရေးသပိတ်စစ်ကြောင်းနဲ့အတူ ဆဲဗင်းဇူလိုင်အကြို အလံမလိပ် အသံမတိတ် လူထုလှုပ်ရှားမှု တရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းအတွင်းရှိ ကိုယ်ထူကိုယ်ထ ကျောင်းတစ်ခုမှာ အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများအဖွဲ့ချုပ် (FBEWU)ရဲ့ တိုက်ပွဲဦးဆောင်ကော်မတီဝင်တချို့က စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးသမိုင်းမှာ အဓိကကျတဲ့ ၁၉၆၂ ခုနှစ် 7 July ကျောင်းသားအရေးတော်ပုံ ၆၃ နှစ်

Public Service Announcement

Public Service Announcement

မြောက်အကြို အထိမ်းအမှတ်အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။အခမ်းအနားမှာ 7 July နဲ့ပတ်သက်၍ ဟောပြောခြင်း၊ သမိုင်းမှတ်တမ်း Video တွေ ပြသခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း ဒေသခံပြည်သူလူထုနဲ့ ပြည်သူ့အားမာန်သပိတ်မှ ရဲဘော်တွေပူး​ပေါင်းကာ”ပြည်သူ့အရေးတော်ပုံမုချအောင်ရမည်” ၊”ဖယ်ဒရယ်ဒီမိုကရေစီအရေးတော်ပုံ မုချအောင်ရမည်” ကြွေးကြော်သံတွေနဲ့ စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်း ဆန္ဒပြခဲ့ပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ FBEWU ၊ကလေးမြို့နယ်မှာ လူထုတိုက်ပွဲဦးဆောင်ကော်မတီ

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ စစ်ကောင်စီ သံရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲ စက်တင်ဘာ ၁၅ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

Facebook