Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့ကို ပြန်သိမ်းမည်ဟု ​တော်လှန်​ရေးတပ်ဖွဲ့များ​ပြော

မိုးဗြဲမြို့ကို စစ်ကောင်စီထံမှ ပြန်လည်သိမ်းယူမည်ဟု မြေပြင်ရဲဘော်များနှင့် တာဝန်ရှိသူများက ပြောသည်။

မိုးဗြဲမြို့အနီးတွင်တော်လှန်​ရေးတပ်ဖွဲ့ဝင်များကို ၂၀၂၂ ခုနှစ်က​တွေ့ရစဥ်

ဇူလိုင်-၆၊၂၀၂၅။ရဲခေါင်/People’s Spring

မိုးဗြဲမြို့ကို စစ်ကောင်စီထံမှ ပြန်လည်သိမ်းယူမည်ဟု မြေပြင်ရဲဘော်များနှင့် တာဝန်ရှိသူများက ပြောသည်။

ရှမ်းပြည်တောင်ပိုင်းမှ ကရင်နီပြည်နယ်သို့ဝင် ပေါက်ဖြစ်ရာ မိုးဗြဲမြို့ကို စစ်ကောင်စီက ၇ လကြာ ထိုးစစ်ဆင်ပြီးနောက် ဇူလိုင် ၂ ရက်တွင် မြို့အတွင်းပြန်လည်ဝင်​ရောက်တပ်စွဲနိုင်ခဲ့သည်။

​တော်လှန်​ရေးတပ်ဖွဲ့ဝင်များအားလုံးသည် စစ်ကောင်စီ၏ ​လေ​ကြောင်းမှဗုံးကြဲမှု ၊အဆိပ်ဗုံး ၊ မီးလောင်ဗုံး၊လက်နက်ကြီး ၊ ဒရုန်း စသည်တို့ဖြင့်အကြိမ်ကြိမ်တိုက်ခိုက်မှုကို ခုခံခဲ့ကြောင်း မိုးဗြဲ မြို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အသိပေးသည်။

Public Service Announcement

Public Service Announcement

“ကျဆုံးစစ်သည်များရဲ့ စတေးမှု အလကားမဖြစ်ရအောင် ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိတယ် ။စိတ်ဓာတ်မကျပဲ အကောင်းဆုံး ပြန်လာကြမယ်၊ ပြန်လာဖို့လိုတယ်”ဟု ၎င်းက ပြောသည်။

မိုးဗြဲမြို့ခုခံစစ်တွင် တပ်ဖွဲ့များအားလုံးတာဝန်ကျေသည်ထက်ပိုကြောင်းလည်း မိုးဗြဲမြို့ကယ်ဆယ်ရေးတပ်ဖွဲ့မှ MBRT တာဝန်ရှိသူကလည်း အသိပေးသည်။

“စစ်တပ်နဲ့ PNA ရဲ့ ၆လကျော် ထိုးစစ်ကို ခုခံကာကွယ်ရင်း ရလိုက်တဲ့ သင်ခန်းစာတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ လိုအပ်ချက်တွေကို ပြန်လည် ဖြည့်စွက်ပြီး အကောင်းဆုံး ပြန်လာလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်”ဟု ၎င်းတို့၏ ခံယူချက်ကို​ရေးသားအသိ​ပေးထားသည်။

မိုးဗြဲ မြို့ကို လက်လွတ်လိုက်ခြင်းမဟုတ်ဘဲ ရှေ့ဆက်ခြေလှမ်းအတွက် နောက်တစ်လှမ်းဆုတ်အားယူနေခြင်းဖြစ်ကာ အကောင်းဆုံးစုဖွဲ့မှု၊တာဝန်ယူမှုများဖြင့် ပြင်ဆင်ကာ ပြန်ယူမည်ဟုလည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက လည်း​ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များကမိုးဗြဲမြို့အတွင်းဝင်​ရောက်ကာ နေအိမ်များကို မီးရှို့ခြင်းများဆက်တိုက်လုပ်နေကြောင်းလည်း သိရသည်။

အိမ်များကို မီးရှို့ဖျက်ဆီးခြင်းမှာ မြို့အတွင်းတပ်စွဲပြီး ပစ်ကွင်းရှင်း​နေခြင်းဖြစ်​ကြောင်းရဲ​ဘော်အချို့က ​ပြောသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် တစ်​လေးလုံစစ်ဆင်​ရေး(၁၁၁၁) ဖြင့် မိုးဗြဲ မြို့စောင့်တပ် အမှတ် (၄၂၂) ​ခြေမြန်တပ်ရင်း (ခမရ ၄၂၂ )ကလွဲ၍ မိုးဗြဲမြို့ရှိ စစ်ကောင်စီတပ်စွဲခဲ့သော ဗျူဟာကုန်းနှင့် ကင်းစခန်းရှစ်ခုကိုကရင်နီတပ်ပေါင်းစုက သိမ်းပိုက်ပြီး မိုးဗြဲ မြို့ကိုထိန်းချုပ်ခဲ့သည်။

မိုးဗြဲမြို့ပြန်ရရေး စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဒီဇင်ဘာ လကတည်းက ခမရ ၄၂၂ ကိုအခြေပြု၍ အင်အား ၇၀၀ ကျော်ဖြင့် ပြန်လည်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

“မိုးဗြဲမြို့ကို ကျွန်တော်တို့ သိမ်းနိုင်ခဲ့တယ် ။အချိန်တစ်ခုထိလဲ ထိမ်းနိုင်ခဲ့တယ် ။ဆက်ပြီးလဲ ပြန်သိမ်းနိုင်လိမ့်မယ်လို့ ယုံကြည်တယ်”ဟု MBRT တာဝန်ရှိသူက ပြောသည်။

လူဦးရေ နှစ်သောင်းကျော်နေထိုင် ခဲ့သည့် မိုးဗြဲ မြို့သည် စစ်အုပ်စုအခြေစိုက်ရာ နေပြည်တော်ကို နာရီပိုင်းနှင့် ရောက်နိုင်သည့် ပင် လောင်း-ဖယ်ခုံ -(မိုးဗြဲ)-လွိုင်ကော် လမ်းပိုင်းပေါ်၌ ရှိသည်။

မိုးဗြဲမြို့ကိုတန်ပြန်ထိုးစစ်ဆင်လာ​သည့်စစ်​ကောင်စီတပ်ကို ရှမ်း​တောင်-ကယား(ကရင်နီ)တပ်​ပေါင်းစုဖြစ်​​သော KNDF ၊ PDF ၊ Local PDF ၊KPLA စ​သောတော်လှန်​ရေးတပ်​များက ခုခံတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည် ။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးတပ်ဖွဲ့အမည်အလွဲသုံးစားပြုလုပ်ပြီး ဓားပြတိုက်သူတွေကို ဖမ်းဆီးဖော်ထုတ်ခဲ့တယ်လို့ (၁၀၀၃) တပ်ရင်းဓနုဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ရင်းက ဒီကနေ့ ဇွန်လ ၂၂ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

ရှမ်း - ကရင်နီပြည်နယ်စပ် မိုးဗြဲမြို့မှာ အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ PNO ပအိုဝ်းပြည်သူ့စစ်တို့ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ မကြာခဏဖြစ်နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်-MBPDF က ဒီကနေ့ မေလ ၂၁ရက်မှာ ထုတ်ပြန်ပါတယ်။