Connect with us

Hi, what are you looking for?

သတင်း

ချင်းတွင်းမြစ်မှာစစ်တပ်​ရေယာဥ်​တွေကိုတိုက်ခိုက်၊ တစ်စီးမီး​လောင်ပျက်စီးတယ်လို့ Monywa Inventor ​ပြော

ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာတဲ့ စစ်ကောင်စီ ရေယာဥ်တွေကို တိုက်ခိုက်ခဲ့တာ သင်္ဘော တစ်စီး မီးလောင်ပြီး တစ်စီးပျက်စီးတယ်လို့ တိုက်ခိုက်မှုမှာပါဝင်တဲ့ Monywa Inventor အဖွဲ့က ဒီကနေ့(ဇူလိုင် ၉ ရက်)ထုတ်ပြန်ပါတယ်။

Screenshot

ဇူလိုင်-၉၊၂၀၂၅။ရဲခေါင်/People’s Spring

ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာတဲ့ စစ်ကောင်စီ ရေယာဥ်တွေကို တိုက်ခိုက်ခဲ့တာ သင်္ဘော တစ်စီး မီးလောင်ပြီး တစ်စီးပျက်စီးတယ်လို့ တိုက်ခိုက်မှုမှာပါဝင်တဲ့ Monywa Inventor အဖွဲ့က ဒီကနေ့(ဇူလိုင် ၉ ရက်)ထုတ်ပြန်ပါတယ်။

မနေ့က(ဇူလိုင် ၈ ရက်)နေ့လယ် ၁ နာရီဝန်းကျင်မှာ စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်ထဲမှာကြိုတင် စောင့်ဆိုင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီရေယာဥ်အုပ်မှာစစ်သင်္ဘောတွေအပြင် အခြား ရေယာဥ်တွေအများစုပါပြီပျက်စီးသွားတဲ့ ရေယာဥ်ကို မြစ်ကမ်းဘေး ရပ်ခဲ့ရတယ်လို့ အသိ ပေးပါတယ်။

Public Service Announcement

Public Service Announcement

လက်နက်ကြီး၊ လက်နတ်ငယ်တွေ နဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိပေမယ့်အတိအကျမသိရသေးဘူးလို့လည်းMonywa Inventor အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

တိုက်ခိုက်မှုကိုဆားလင်းကြီးမြို့နယ်လက်ရုံးတပ် Monywa inventorနဲ့အတူ ချင်းတွင်းဒိုင်းနမိုက် ၊ Solo Aung Gyi ၊ Salingyi ၊ တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့ ၊ Salingyi ၊ 5/ကွန်မန်ဒိုဖို့ မုံရွာခရိုင်တပ်ရင်း (၄)တပ်ခွဲ(၂) ၊Goeldden Eagle မုံရွာခရိုင်နဲ့တိုက်နယ်B4 အဖွဲ့တို့ကပူးပေါင်းခဲ့တယ်လို့ ထုတ်ပြန်မှာဖော်ပြပါတယ်။

မန္တလေးကနေ ချင်းတွင်းမြစ်အကြောင်းအတိုင်း အထက်ကို ဆန်တက်လာတဲ့ စစ်ကောင်စီသင်္ဘော ၃၃ စီးမှာစစ်ရေယာဥ်လေးစီး၊Speed Boards ငါးစီးနဲ့ တွဲတွန်းဖလပ် ၂၄ စီး ပါတယ်လို့ဒေသခံစစ်ရေး သတင်းရင်းမြစ်တွေက လူထုနွေဦးကို အ တည်ပြုပါတယ်။

မိုးရာသီကြောင့် မြစ်ကြောင်းရေတက်ချိန်ကိုအားပြုဆန်တက်လာတဲ့ စစ်အုပ်စုရေယာဥ်တွေပေါ်မှာ စစ်ဘက်ဆိုင်ရာ ပစ္စည်း တွေနဲ့ ရိက္ခာ ပစ္စည်းတွေ အများစုပါတယ်လို့သူတို့ကယူဆပါတယ်။ဘယ်ဒေသကို ပို့မယ်ဆိုတာတော့ မသိရသေးပါဘူးလို့ ဆိုပါတယ်။

စစ်ရေယာဥ်တွေပေါ်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့် ဆားလင်းကြီးမြို့နယ် ရွှေကုန်းရွာကပြည်သူနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

အဲဒီစစ်ရေယာဥ်အုပ်တွေက မနေ့ကညပိုင်းမှာ မုံရွာကို ရောက်ခဲ့ပြီး အထက်ကို ထပ်ပြီးဆန်တက်လိမ့်မယ်လို့လည်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်း တာဝန်ရှိသူ ကိုအောင်ခန့်ဇော်က အတည်ပြုပါတယ်။

မိုင် ၇၅၀ ဝန်းကျင်ရှည်တဲ့ ချင်းတွင်းမြစ်ကြောင်းပေါ်ရှိ မုံရွာမြို့ကနေ အထက်ကိုဆန်တက်ပါက က လေး၊မင်းကင်း၊ ကလေးဝ၊မော်လိုက်၊ဟုမ္မလင်း၊ထမံသီ၊ခန္တီး မြို့နယ်တို့ရှိပါတယ်။

https://www.facebook.com/LuduNwayOo/videos/715776428005177

(စစ်တပ်​ရေယာဥ်​တွေကို ​တော်လှန်​ရေးအဖွဲ့​တွေက တိုက်ခိုက်​နေစဥ်။ရုပ်သံ-Monywa Inventor)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့မှာ ရှိနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ပြန်လည်ထွက်ခွာလာနိုင်တာကြောင့် ချင်းတွင်းမြစ်ဘေးက ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာ ရှောင်တိမ်းကြဖို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုထဲက တစ်စီးကို​တော်လှန်​ရေးတပ်​တွေကတိုက်ခိုက်နှစ်မြုပ်ဖျက်ဆီးလိုက်ပြီး ထောက်ပို့မော်တော်တစ်စီးကို လည်းသိမ်းယူလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့ကိုရောက်ရှိနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ဖောင်းပြင်မြို့နယ်ကို ဆန်တက်လာလို့ မြစ်ကမ်းဘေးကျေးရွာက ဒေသခံတွေ ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ.) ဖောင်းပြင်မြို့နယ်က အရေးပေါ် သတိပေးချက် ထုတ်ပြန်ပါတယ်။

Facebook