Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့ကို ကာထားသော စစ်ကောင်စီအထိုင်စခန်းကို နဂါးနီအထူးတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ပြီး စစ်သုံ့ပန်း ၁၂ ဦး ဖမ်းမိ

မကွေးတိုင်း၊ မြိုင်-ပခုက္ကူလမ်းပိုင်းပေါ်ရှိ စစ်ကောင်စီအထိုင်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး စစ်သုံ့ပန်း ၁၂ ဦးနှင့် လက်နက်ခဲယမ်းများရရှိကြောင်း နဂါးနီအထူးတိုက်ခိုက်ရေးတပ်ဖွဲ့ က ယနေ့ ထုတ်ပြန်သည်။

ဖမ်းမိသော စစ်သုံ့ပန်းများနှင့်အတူ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့

ဇူလိုင်-၁၀၊ ၂၀၂၅။ ရဲခေါင်/People’s Spring

မကွေးတိုင်း၊ မြိုင်-ပခုက္ကူလမ်းပိုင်းပေါ်ရှိ စစ်ကောင်စီအထိုင်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး စစ်သုံ့ပန်း ၁၂ ဦးနှင့် လက်နက်ခဲယမ်းများရရှိကြောင်း နဂါးနီအထူးတိုက်ခိုက်ရေးတပ်ဖွဲ့ က ယနေ့ ထုတ်ပြန်သည်။

တိုက်ပွဲ ဖြစ်စဥ်အရ ယမန်နေ့(ဇူလိုင် ၉ ရက်) နံနက် ၄ နာရီခွဲမှစ၍ မြိုင်မြို့ အရှေ့ပိုင်းရှိ စီမံကိန်းရုံး၏ စစ်ကောင်စီ အထိုင်စခန်းအား ဝင်ရောက်စီးနင်းခဲ့ခြင်းဟု ဆိုသည်။

“မြိုင်မြို့ကို ကာထားတဲ့အထိုင်စခန်းပါ။ အင်အား၂၀ ကျော်ရှိတယ်။ အရှင်၁၂ယောက်ရတယ်”ဟု နဂါးနီအထူးတိုက်ခိုက်ရေးတပ်ဖွဲ့တာဝန်ရှိသူက သိမ်းပိုက်ရရှိသည့် စစ်ကောင်စီအထိုင်စခန်းအခြေအနေကို လူထုနွေဦးသို့ ရှင်းပြသည်။

Public Service Announcement

Public Service Announcement

အထိုင်စခန်း သိမ်းပိုက်ချိန်တွင် သုံ့ပန်း တစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိ၍ ဆေးဝါးကုသပေးနေကြောင်း အသိပေးသည်။ တိုက်ပွဲတွင် တော်လှန်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး ရဲဘော် ၆ ဦး ဒဏ်ရာ ရရှိခဲ့သည်။

တိုက်ပွဲဖြစ်ပွားချိန်တွင် မြိုင်မြို့မရဲစခန်းမှ စစ်ကူပေးမည့် စစ်ကြောင်းကိုလည်း နံနက် ၉ နာရီခွဲ၊ နေနေ့လယ် ၁၂ နာရီ နှင့် ညနေ ၃ နာရီ ၁၅ မိနစ်တို့တွင် သုံးကြိမ်တိတိ ဖြတ်တောက်ခဲ့ကြောင်း နဂါးနီ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့က ပြောသည်။

ထို့အပြင် ယမန်နေ့ညနေပိုင်းက ဂျက်ဖိုက်တာဖြင့် လေကြောင်းပစ်ကူနှစ်ကြိမ်ပြုလုပ်ခဲ့သော်လည်း ည ၇ နာရီတွင် စီမံကိန်းရုံးစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြသည်။

ရန်သူ့ဘက်မှ ဖမ်းမိသည့် သုံ့ပန်း ၁၂ ဦးသည် ရဲအုပ် သောင်းထွေးစိုး၊ ရဲအရာခံ ထွန်းမင်းဇော်၊ ရဲတပ်ကြပ် ဇော်ဝင်းနိုင်၊ ရဲဒုတပ်ကြပ် တင်မျိုးထွန်း၊ရဲတပ်သား ဇော်နိုင်၊ ရဲတပ်သား ရဲရင့်အောင်၊ ရဲတပ်သားသန်းတိုးအောင် ၊ ရဲဒုတပ်ကြပ် မင်းမင်းထွန်း၊ ရဲတပ်သား မင်းမင်းဇော်၊ ရဲဒုတပ်ကြပ်သက်ကိုကို၊ တပ်ကြပ် ဦးထွန်း၊ တပ်သား မျိုးနိုင်ဝင်း တို့ဖြစ်သည်။

သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများမှာ G3 ၁၀ လက်၊ MA3 တစ်လက်၊ MA4 တစ်လက်၊ 79 တစ်လက်၊ G3 ဘောက် ၁၅ ဘောက်၊ MA ဘောက် ၂ ဘောက်၊ G3 ကျည် ၁၃၆ တောင့်၊ ၅.၅၆ ကျည် ၃၇ တောင့်၊ လက်ပစ်ဗုံး ၉ လုံး၊ 79 အဖူး ၆ ဖူး၊ ဦးထုပ် ၅ လုံး၊ ဖုန်း ၃ လုံး၊ အီကွက်မန့် ၇ ခု နှင့် ငွေသား ၂၂ သိန်း တို့ပါရှိသည်။

တိုက်ခိုက်မှုတွင် မြိုင်ညီညွတ်ရေးတပ်ပေါင်းစု (9+) ၊ ဇာမဏီပြောက်ကြားတပ်ဖွဲ့၊ ညီနောင်သုံးဖော် (YSO) ၊ တပ်ပေါင်းစု (Good Brother) ၊ အညာဟီးရိုး လက်နက်ကြီးအဖွဲ့၊ ဂျော်ကာပြောက်ကြားတပ်ဖွဲ့ (ဒရုန်း)၊ ကင်ဒို (ဒရုန်း) ပေါက်၊ အညာမြေပြောက်ကြားတပ်ဖွဲ့ (ဒရုန်း)၊ Burma Revolution Ranger (BRR)၊ NFTA နှင့် Scorpion People Denfece Force တို့ဖြင့်ပူးပေါင်းခဲ့ကြောင်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို ရန်သူ့မကွဲသေးသော ပေါင် ၅၀၀ ဗုံးကို မိုင်းပြန်ဆင်ပြီး ဖောက်ခွဲတိုက်ခိုက်ရာ အများအပြား သေဆုံးထိခိုက်တယ်လို့ ပခုက္ကူခရိုင် အမှတ် - ၆ တပ်ရင်း - Myaing Villages Revolution Front က ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးရဲဘော်တွေက အားပေးသလို နှိပ်စက်တာမရှိ၊ တန်းတူစားရဟု ပြော