Connect with us

Hi, what are you looking for?

သတင်း

မန္တလေး နဲ့ စစ်ကိုင်းမှာ ဇူလိုင် ၁၁ ညကလက်နက်ကြီးသံတွေ ဆူညံ

မန္တလေး နဲ့ စစ်ကိုင်းမြို့မှာ မနေ့ညက လက်နက်ကြီးသံတွေ နေရာအနှံ့က ကြားရကြောင်း မြို့ခံတွေက ပြောပါတယ်။

ဇူလိုင်-၁၁၊၂၀၂၅။ဇေအောင်/People’s Spring

မန္တလေး နဲ့ စစ်ကိုင်းမြို့မှာ မနေ့ညက လက်နက်ကြီးသံတွေ နေရာအနှံ့က ကြားရကြောင်း မြို့ခံတွေက ပြောပါတယ်။

ဇူလိုင် ၁၀ ရက် ညနေပိုင်းကနေ ည ၁၁ နာရီဝန်းကျင်ကြားမှာ ဧရာဝတီမြစ်အနောက်ဘက်ကမ်း စစ်ကိုင်းဘက်ခြမ်းက လက်နက်ကြီးပစ်ခတ်သံတွေကို မန္တလေးတမြို့လုံးနီးပါး ကြားရကြောင်း မြို့ခံတွေက ပြောပါတယ်။

“ညနေ ၅ နာရီလောက်က စကြားတာ။ ငလျင်လားဘာလဲပေါ့။ညအထိခဏခဏကြားရတာ။ တအုန်းအုန်းနဲ့”လို့ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီးအနီး နေထိုင်သူတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်နက်ကြီးသံတွေကို စစ်ကိုင်းမြို့ပေါ်ကလည်း အတိုင်းသားကြားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“အသံတွေ ဆက်တိုက်ပါပဲ။ဘယ်ကပစ်လို့ ဘယ်ကို ထုမှန်းမသိပေမဲ့ လက်နက်ကြီးသံတွေ ဆက်တိုက်ပါ”လို့ မြို့ခံတဦးက ပြောပါတယ်။

အဆိုပါ လက်နက်ကြီးသံတွေဟာ စစ်ကိုင်းတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်နေတာဖြစ်ကြောင်းမြို့ခံအချို့ကပြောပါတယ်။

စစ်ကိုင်းမင်းကွန်းဘက်ခြမ်းနဲ့ စစ်ကိုင်းမြို့အနီးက ဝါးချက်ရွာဘက်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်စစ်အုပ်စုကရမ်းသမ်း ပစ်ခတ်တာဖြစ်နိုင်ကြောင်း စစ်ကိုင်းဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းမြို့နယ်မှာ မင်းကွန်း၊မန္တလေး- ရွှေဘိုလမ်း(အုန်းတော)အထွက်တွေမှာ စစ်ကောင်စီတပ် စစ်ကြောင်း တွေရှိနေတာပါ။ဇူလိုင် ၁၀ ရက်မှာ အုန်း​တောမှာတိုက်ပွဲ​တွေဖြစ်ပွား​နေတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

ဒါအပြင် ဇူလိုင် ၁၁ရက်မနက်စော ၁နာရီကျော်မှာ​တော့ စစ်​ကောင်စီက စစ်ဘေးရှောင်တွေရှိနေတဲ့ စစ်ကိုင်းမြို့နယ်၊လင်းတလူးကျေးရွာကိုလေကြောင်းက​နေ ဗုံး ၂ ကြိမ်ကြဲခဲ့တာ​ကြောင့် က​လေးငယ်​တွေအပါအဝင် ပြည်သူ ၃၀ကျော်သေဆုံးပြီး ဒဏ်ရာရသူများပြားတယ်လို့ ဒေသခံ တွေက​ပြောတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။