Connect with us

Hi, what are you looking for?

သတင်း

မြန်မာမှာရွေးကောက်ပွဲကျင်းပဖို့ဆိုတာဦးစားပေး လိုအပ်ချက်မဟုတ်ဘူးလို့အာဆီယံယူဆကြောင်း မလေးရှားပြော

ရွေးကောက်ပွဲကို အကြောင်းပြပြီး အာဆီယံရဲ့ ထောက်ခံမှုကိုရယူဖို့ မျှော်လင့်နေတဲ့ စစ်ကောင်စီအတွက် အထိနာစေမယ့်အခြေအနေတစ်ရပ်ဖြစ်ခဲ့ပါတယ်။

မလေးရှား နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟာဆန်။ဓါတ်ပုံ-​AP

ဇူလိုင်-၁၁၊၂၀၂၅။People’s Spring

လက်ရှိ အခြေအနေတွေမှာ မြန်မာနိုင်ငံအတွက် ရွေးကောက်ပွဲကျင်းပရေးဆိုတာ ဦးစားပေးဖို့ လိုအပ်တဲ့ ကိစ္စမျိုး မဟုတ်ကြောင်း အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က သဘောတူခဲ့ပါတယ်။ အဲဒီအစားအာဏာသိမ်းစစ်ကောင်စီ အနေနဲ့ ကတိပြုထားတဲ့ ငြိမ်းချမ်းရေးအတွက် အားထုတ်မှုတွေနဲ့ ပတ်သက်ပြီး ပိုမိုအာရုံစိုက်ဖို့ တိုက်တွန်းကြောင်း အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ မလေးရှား အစိုးရက ပြောကြားခဲ့ပါတယ်။

အာဆီယံအဖွဲ့ဝင်မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ နိုင်ငံရေး ထွက်ပေါက်တစ်ခုအဖြစ် အသုံးချဖို့ အကြံအစည်နဲ့ ၂၀၂၅နှစ်ကုန်ပိုင်း၊ ဒါမှမဟုတ် ၂၀၂၆နှစ်ဆန်းပိုင်းမှာ ရွေးကောက်ပွဲ ကျင်းပဖို့ အသည်းအသန် ကြိုးစားနေပါတယ်။

ဇူလိုင် ၁၁ ရက်နေ့မှာတော့ မလေးရှား နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟာဆန်က ရွေးကောက်ပွဲကို အကြောင်းပြပြီး အာဆီယံရဲ့ ထောက်ခံမှုကို ရယူဖို့ မျှော်လင့်နေတဲ့ စစ်ကောင်စီအတွက် အထိနာစေမယ့်အခြေအနေတစ်ရပ်အဖြစ်အဲဒီ ရွေးကောက်ပွဲ ကျင်းပဖို့ဟာ အရေးတကြီး လိုအပ်တဲ့ ကိစ္စလို့ အာဆီယံက မယူဆကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ တကယ်တမ်း လုပ်သင့်တာက ၂၀၂၁ ခုနှစ်မှာအာဏာသိမ်းခဲ့တဲ့နောက် အာဆီယံက တောင်းဆိုထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ထဲထဲဝင်ဝင် တိတိကျကျ အကောင်အထည် ဖော်သွားဖို့သာဖြစ်တယ်လို့ဟာဆန်ကပြောပါတယ်။

လက်ရှိ အခြေအနေတွေ အရတော့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ် ဆိုတာဟာ သဘောထား တင်းမာတဲ့ စစ်ကောင်စီကို ကိုင်တွယ်ရမှာ အလုပ်မဖြစ်တဲ့ အခြေအနေမျိုး ကြုံနေရပါတယ်။ အာဏာကို အသည်းအသန် ဆုပ်ကိုင်ထားလိုတဲ့ စစ်ကောင်စီဟာအတိုက်အခံတော်လှန်ရေး အင်အားစုတွေနဲ့ ဆွေးနွေးရေးကိုလည်း ရှောင်လွှဲနေဆဲပါ။

အာဆီယံက အလေးထားတဲ့ဘုံသဘောတူညီချက် ၅ ရပ်ထဲမှာ ရွေးကောက်ပွဲ ကျင်းပဖို့ဆိုတာ ပါဝင်မနေဘူးလို့ ဟာဆန်က ဆိုပါတယ်။ အာဆီယံဖက်က စစ်ကောင်စီကို အကြံပြုလိုတာကတော့ ရွေးကောက်ပွဲ ဆိုတာ လောလောဆယ် ဦးစားပေးရမယ့် ကိစ္စမဟုတ်ဘဲ တကယ်တမ်း လုပ်သင့်တာက ရန်လို တိုက်ခိုက်မှု အားလုံးကို ရပ်တန့်ဖို့ဖြစ်ကြောင်း၊ ဒါမှာအစုအဖွဲ့ အသီးသီးကတစ်စားပွဲတည်းအတူထိုင်ပြီး ဆွေးနွေးလို့ ရနိုင်မှာဖြစ်တယ်လို့သူက ပြောကြားသွားပါတယ်။

စစ်ကောင်စီဟာ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တဲ့နောက် ၂၀၂၂ ကစလို့ အာဆီယံဟာ အဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးတွေမှာ မြန်မာကိုယ်စားလှယ် တက်ရောက်ခွင့်ကို တားမြစ်ထားလိုက်ပါတယ်။

နောက်ပြီး မြန်မာနိုင်ငံမှာ တကယ်တမ်း ကွဲပြားစုံလင်တဲ့ နိုင်ငံရေး အင်အားစုပေါင်းစုံ ပါဝင်ခြင်း မရှိတဲ့ ရွေးကောက်ပွဲမျိုး ကျင်းပရင်လည်း အာဆီယံကအသိအမှတ်ပြု လက်ခံမှာမဟုတ်ဘူးလို့ ဟာဆန်က ဆက်ပြောပါတယ်။ ဟိုတစ်ပိုင်းဒီတစ်ပိုင်း အစုအဖွဲ့တွေလောက်နဲ့ရွေးကောက်ပွဲထလုပ်တယ်

ဆိုတာက အဓိပ္ပါယ်မရှိသလို ဘယ်လို ပြဿနာမျိုးကိုမှ ဖြေရှင်းပေးနိုင်မှာ မဟုတ်ကြောင်း၊ ရှိရင်းစွဲ ကိစ္စတွေကိုတောင် ပိုဆိုးသွားစေနိုင်ကြောင်း သူက ဝေဖန်သွားပါတယ်။

ကိုးကား-Reuters

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။