Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်၌ ယနေ့ည တိုက်ပွဲပြင်းထန်နေ၊ ပြည်သူ နှစ်ဦးသေဆုံးပြီး နေအိမ်အချို့ မီးလောင်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယ‌နေ့ (ဇူလိုင် ၁၂ရက်) ညပိုင်း၌ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ပစ်သည့် လက်နက်ကြီးကျည်ကျ၍ နေအိမ်အချို့မီးလောင်ကာ တိုက်ပွဲအတွင်း ပိတ်မိသူ အမျိုးသားနှစ်ဦး သေနတ်ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့သည်။

ဖားကန့်မြို့ မှော်မောင်းလျှံကျေးရွာအတွင်း စစ်ကောင်စီတပ် ပစ်ခတ်သည့်လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး နေအိမ်အချို့မီးလောင်နေစဉ်။ ရုပ်သံ - ဆိုင်းတောင် ဘမောင်

ဇူလိုင်-၁၂၊၂၀၂၅။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယ‌နေ့ (ဇူလိုင် ၁၂ရက်) ညပိုင်း၌ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ပစ်သည့် လက်နက်ကြီးကျည်ကျ၍ နေအိမ်အချို့မီးလောင်ကာ တိုက်ပွဲအတွင်း ပိတ်မိသူ အမျိုးသားနှစ်ဦး သေနတ်ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့သည်။

ဖားကန့်မြို့ အမှိုက်ပုံကျေးရွာနှင့် မရှီကထောင်ရပ်ကွက်၊ ဆိပ်မူကျေးရွာသွားလမ်းပေါ်ရှိ ရွှေမြန်မာဆီဆိုင်ရှေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ကချင်ဒေသကာကွယ်ရေးတပ်(KPDF)ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ယနေ့ည တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။

” ဒီည ဖားကန့်ပတ်ချာလည် တိုက်ပွဲဖြစ်နေတယ်။ ရွှေမြန်မာဆီဆိုင်ရှေ့မှာက ဖြတ်သွားသူနှစ်ဦး သေနတ်ကျည် ထိတယ်။ သေတယ်။ဘယ်ကလူတွေလဲ မသိရသေးဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

https://www.facebook.com/LuduNwayOo/videos/24383018907978009

သေဆုံးသူတစ်ဦးမှာ လင့်ခရူဇာကားအမျိုးအစား ကားနံပါတ် 7E-9966 မောင်းနှင်လာသူအမျိုးသားဖြစ်ပြီး နောက်အမျိုးသားတစ်ဦးမှာ လမ်းမပေါ်တွင် လဲကျသေဆုံးနေသည်ဟု ဆိုသည်။

အချို့ကမူ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရနေခြင်းဟုပြောသည်။ အသေးစိတ်ကို ဆက်လက်စုံစမ်းမေးမြန်းနေဆဲဖြစ်သည်။

ယနေ့ နံနက်ပိုင်းကလည်း တောင်ပြိုကျေးရွာအနီးရှိ ကချင်အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးကျောက်တူးဖော်ရေးကုမ္ပဏီ အဆောင်ပေါ် စစ်ကောင်စီတပ်က ဒရုန်းဗုံးကြဲချမှု‌ကြောင့် ကုမ္ပဏီဝန်ထမ်း ခြောက်ဦးဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

အမှိုက်ပုံကျေးရွာ၌လည်း တိုက်ပွဲဆက်ဖြစ်နေပြီး ယနေ့ညပိုင်းအထိ ပစ်ခတ်သံများကြားနေရကြောင်း ဒေသခံများက ပြောသည်။ ယင်းနေရာအနီး၌ ယမန်နေ့က ဖြစ်ပွားသောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်းသေဆုံးခဲ့သလို KIA၊KPDFက ပစ်ခတ်သည့်လက်နက်ကြီးကျည်သည် လက်နက်ခဲယမ်းများထားသည့်နေရာကိုကျရောက်ပေါက်ကွဲပြီး အထိအခိုက်များပြားကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

အမှိုက်ပုံကျေးရွာသည် မူလက KIA၊KPDF နယ်မြေစိုးမိုးမှုရယူထားသည့် နေရာဖြစ်သည်။ ဖားကန့်သ်ို့ဝင်ရောက်လာသည့်စစ်ကောင်စီတပ်စစ်ကြောင်းက ဇွန်လကုန်ပိုင်းတွင် ပြန်လည်ထိုးစစ်ဆင်လာ၍ ဒေသခံများထွက်ပြေးခဲ့ကြရပြီး KIA၊KPDFကလည်း ယာယီဆုတ်ခွာထားသည့်နေရာ ဖြစ်သည်။ ယခုအခါ KIA၊KPDF က ပြန်လည်ထိုးစစ်ဆင်နေပြီး တိုက်ပွဲပြင်းထန်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

ယနေ့ည၉နာရီခန့်တွင် ဖားကန့်မြို့ မှော်မောင်းလျှံကျေးရွာအတွင်း စစ်ကောင်စီတပ် ပစ်ခတ်သည့်လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး နေအိမ်အချို့မီးလောင်ခဲ့ကြောင်း ‌ဒေသခံအချို့က ပြောသည်။

ယနေ့ညပိုင်း၌ တိုက်ပွဲပြင်းထန်နေ၍ လေကြောင်းအန္တရာယ်သတိပြုကြရန် KIA၊KPDFနှင့် နီးစပ်သူများက ဒေသခံများအား သတိပေးနေကြသည်။

“တပ်မကုန်းကို KIAက ပစ်တာ။ စကစက အထိနာပြီး အရပ်ရှစ်မျက်နှာ လက်နက်ကြီးပတ်ပစ်နေတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။