Connect with us

Hi, what are you looking for?

သတင်း

ပုသိမ်-မုံရွာလမ်းပိုင်းရှိ တိုက်နယ်ဆေးရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပုသိမ် – မုံရွာ လမ်းမကြီးဘေးရှိ တိုက်နယ်ဆေးရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို သရက်ခရိုင် အမှတ်(၄)တပ်ရင်းနှင့် ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့သည်။

ပုသိမ် - မုံရွာလမ်းပိုင်းရှိ တိုက်နယ်ဆေးရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အား တိုက်ခိုက် ရန် ပြင်ဆင်နေသော ရဲဘော်များ။ ဓာတ်ပုံ - Screen Grab

‌ဇူလိုင်-၁၃၊၂၀၂၅ ဇော်ရမ်း/People’s Spring

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပုသိမ် – မုံရွာ လမ်းမကြီးဘေးရှိ တိုက်နယ်ဆေးရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို သရက်ခရိုင် အမှတ်(၄)တပ်ရင်းနှင့် ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့သည်။

ပုသိမ် – မုံရွာလမ်းမကြီးဘေး ၊ကျောက်တိုင် ကျေးရွာရှိ တိုက်နယ်ဆေးရုံ၌ စစ်ကောင်စီတပ်သား ၃၅ဦးခန့် တပ်စွဲထားသည်ကို ဇူလိုင် ၁၁ရက်က တိုက်ခိုက်ခဲ့ခြင်းဟု သရက်ခရိုင် အမှတ်(၄)တပ်ရင်းက ယနေ့(ဇူလိုင် ၁၃ရက်) ထုတ်ပြန်သည်။

သရက်ခရိုင်အမှတ်(၄) တပ်ရင်းမှ တပ်ခွဲ(၁)ခွဲမူးဦးဆောင်သော ဒရုန်းတပ်စိပ်နှင့် မင်းတုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်ရေး ဒရုန်းဖြင့် ​ဗုံးလေးလုံးကြဲခဲ့ပြီး ပစ်မှတ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ရုပ်သံမှတ်တမ်းနှင့်အတူ ထုတ်ပြန် ထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်က အရာရှိအပါအဝင် တပ်သား လေးဦးနှင့်အထက် ထိခိုက်မှုရှိနိုင်သည်ဟု ဆိုသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေပြီး ပုသိမ်-မုံရွာလမ်းမကြီးပေါ်၌ ခရီးသွားပြည်သူများ အား အစစ်အဆေးတင်းကြပ်နေ၍ သတိထားသွားလာကြရန် သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ထုတ်ပြန်ထားသည်။

ယခုရက်ပိုင်း၌ မင်းတုန်းမြို့နယ်အပြင် အောင်လံနှင့် အထက်မင်းလှမြို့နယ်တို့တွင်လည်း စစ်ရေးတင်းမာနေကြောင်း အထက်မင်းလှမြို့နယ် ပကဖတာဝန်ခံရန်ကြီးအောင်က ပြောသည်။

အထက်မင်းလှနှင့် ငဖဲမြို့နယ်အတွင်း ရခိုင်ရိုးမတလျှောက် စခန်းများကို တပ်မ(၉၉) ဦးဆောင်သည့် တပ်ရင်းများနှင့် စစ်သင်တန်းဆင်းအများအပြား အင်အားဖြည့်တင်းနေပြီး ဒေသတွင်း၌ စစ်ရေးတင်းမာလာနိုင်သည့် အခြေအနေကို ကြိုတင်သတိပြုကြရန်ကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။