Connect with us

Hi, what are you looking for?

သတင်း

စစ်သင်္ဘောအုပ်စု ဝက်လက်မြို့နယ်အ​ရောက် မြစ်ကမ်း​ဘေးရွာ​တွေကို စစ်တပ်ဗုံးကြဲ ၊ပြည်သူ ၂၀ ခန့်သေဆုံး ပြီး ၃၀ ​ကျော်ဒဏ်ရာရ

ဧရာဝတီမြစ်ကြောင်းမှ စစ်ရေယာဉ်အုပ်စု ဝက်လက်မြို့နယ်အတွင်းရောက်လာချိန်မှာ ဝက်လက်မြို့နယ်အရှေ့ခြမ်း၊မြစ်ကမ်းဘေးကျေးရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူ၁၉ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကနဦးသိရပါတယ်။

ဧရာဝတီမြစ်အတွင်းစစ် သင်္ဘော တစ်စီးကို ဇူလိုင်၁၇ ရက် ည​နေပိုင်းက​တွေ့ရစဥ်။ ဓာတ်ပုံ-The voice of wetlet madayar

ဇူလိုင်၁၇၊၂၀၂၅။မေ၊​ဇော်ရမ်း/People’s Spring

ဧရာဝတီမြစ်ကြောင်းမှ စစ်ရေယာဉ်အုပ်စု ဝက်လက်မြို့နယ်အတွင်းရောက်လာချိန်မှာ ဝက်လက်မြို့နယ်အရှေ့ခြမ်း၊မြစ်ကမ်းဘေးကျေးရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူ၁၉ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကနဦးသိရပါတယ်။

ဝက်လက်မြို့‌‌နယ်အရှေ့ခြမ်းက ရေလည်မော်၊သစ်ဆိမ့်ကြီး၊သျှားကွဲ၊ငါးပတ်ချောင်း ကျေးရွာ တွေကို ဇူလိုင် ၁၇ ရက် ညနေ ၅ နာရီခွဲ​ကျော်မှာ စစ်တပ်ကY-12 ​လေယာဥ်နဲ့ ဗုံးကြဲခဲ့ရာမှာ ပြည်သူ၁၉ဦး၊ပကဖ၁ဦး သေဆုံးပြီး ပြည်သူ၃၀ ကျော်ဒဏ်ရာရထားတယ်လို့ ဒေသခံ ​တွေက​ပြောပါတယ်။

“မနက်က မတ္တရာဘက်ကို ဒီသင်္ဘောတွေ ရောက်တဲ့အချိန် လက်နက်ကြီး စပစ်တာပဲ။ရှိမ်းမကားအရှေ့လည်းရောက်ရော လေယာဉ်က ရွာတွေကို ဆက်တိုက်ကြဲတာ။တညနေလုံးပစ်တာ။အလုံးရေ ကိုမ​ရေတွက်နိုင်ဘူး”လို့မြစ်ကမ်းဘေးကျေးရွာက ဒေသခံ တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဒဏ်ရာရနဲ့ သေဆုံးသူစာရင်းအတိအကျကို​တော့ကောက်ယူနေဆဲဖြစ်တယ်လို့လည်း ​ဒေသခံ​တွေက​ပြောပါတယ်။

အခြား​ဒေသခံတဦးကလည်း “သတင်းဝင်လာတယ်။ အခုအပစ်ခံရတဲ့ရွာတွေက ဧရာဝတီ မြစ်ဘေးကရွာတွေဖြစ်တယ်။ သေဆုံးတာတွေလည်းများတယ်။ ဒဏ်ရာရလည်းများတယ်”လို့ပြောပါတယ်။

စစ်တပ်က ‌ဗန်းမော်မြို့ကို စစ်ကူသွားဖို့ဆိုပြီးသတင်းထွက်​နေတဲ့ စစ်သင်္ဘော အစီး​ရေ ၂၀ ​ကျော်ပါတဲ့ စစ်​ရေယာဥ်အုပ်စုဇူလိုင် ၁၇ ရက်မနက်မှာ မန္တလေး ၊​​ဂေါဝိန်ဆိပ်ကနေ စတင်ထွက်ခဲ့တာပါ။ ဒီ​ရေယာဥ်​တွေထဲမှာဇွန်လကတည်းကပြည်သူပိုင်သင်္ဘော​တွေကိုပါဖမ်းဆီးပြီးယာဥ်အမည်​တွေဖျက်ပြီး စစ်တပ်ကသုံးဖို့ပြင်ဆင်ထားတဲ့ သင်္ဘော​တွေပါဝင်ပါတယ် ။

သင်္ဘောအုပ်စုကိူ စစ်ကောင်စီက လေကြောင်းမှလုံခြုံရေး အကူအညီပေးနေပြီး ယနေ့ညနေမှာ မြစ်ကမ်း​ဘေးရွာ​တွေကိုဗုံးကြဲခဲ့တာဖြစ်ပါတယ်။ စစ်သင်္ဘောအုပ်စုဟာ ဇူလိုင် ၁၇ ရက်ညမှာ ဝက်လက်မြို့နယ် ရှိမ်းမကားရွာအနီးမှာရပ်နားထားတယ်လို့ စုံစမ်းသိရပါတယ် ။

ဒီရေလမ်း ကြောင်းကို စစ်တပ်က သပိတ်ကျင်းမြို့ကို တော်လှန်ရေး တပ်တွေသိမ်းပိုက်ခဲ့ချိန် ထွက်​ပြေးစဥ်က​နောက်ဆုံးအသုံးပြုခဲ့တာဖြစ်ပါတယ် ။ သပိတ်ကျင်းမြို့ကို​​တော်လှန်​ရေးတပ်​တွေ သိမ်းပိုက်ချိန် မှာ သပိတ်ကျင်းက စစ်​ကောင်စီဝန်ထမ်း​တွေနဲ့ ကသာမြို့က ပေါ်တာဆွဲလာသူ တွေနဲ့ ၊ Non -CDM စစ်တပ်ဝန်ထမ်းတွေကို ခေါ်ပြီး ဧရာဝတီမြစ်အတိုင်း မန္တလေးမြို့ကို စစ်တပ်ထွက်ပြေးလာခဲ့တာပါ။ သပိတ်ကျင်းမြို့နယ်ကို ​တော်လှန်​ရေးတပ်​တွေက၂၀၂၄ သြဂုတ် ၂၅ ရက်မှာ အပြီးသတ်သိမ်းပိုက်ခဲ့တာပါ ။ဒါ​ကြောင့် ၁၁ လခန့်ကြာမှ အခု​ရေလမ်း​ကြောင်းကို စစ်​ကောင်စီကပြန်သုံးလာတာဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့နဲ့ ရွှေဘိုမြို့တွေမှာ အလုပ်လုပ်နေတဲ့ ဝက်လက်မြို့နယ်က လူငယ်​တွေကို ပေါ်တာဆွဲ ဖမ်းဆီးခံနေလို့ သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က သတိပေးပါတယ်။

သတင်း

မန္တလေးမြို့က တဆင့် အာဏာသိမ်းစစ်တပ်ရဲ့ သင်္ဘောအုပ်စု အစီးရေ ၃၀ ခန့် ဧရာဝတီမြစ်ကြောင်းအတိုင်းအထက်ဘက်ဆီမနေ့ ( စက်တင် ဘာလ ၄ ရက်) ညပိုင်းမှာ စတင်ပြီး ဆန်တက်သွား တယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ကံပေါက်ရွာကို စစ်တပ်က အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာ ကြောင့် အရပ်သားပြည်သူ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။