Connect with us

Hi, what are you looking for?

သတင်း

နောင်ချို ​ဝင်လာတဲ့စစ်တပ်က မြို့ပေါ်ကျန်နေတဲ့ လူအနည်းစုကိုဒန်ပေါက်ကျွေးပြီး လူမရှိတဲ့နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေ

ရှမ်းမြောက်က နောင်ချိုမြို့ကို ဝင်ရောက်လာတဲ့စစ်တပ်က မြို့ပေါ်မှာကျန်နေတဲ့ လူအနည်းငယ်ကို ဒန်ပေါက်ကျွေးပြီး ဝါဒဖြန့်စည်းရုံးနေကာ တဖက်မှာလည်း စစ်ဘေးရှောင်ကြတဲ့ လူမရှိတဲ့နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေတယ်လို့ နောင်ချိုမြို့ခံတွေက လူထုနွေဦးကို ပြောပါတယ်။

နောင်ချိုမြို့အတွင်းဝင်ရောက်လာတဲ့နေ့ စစ်ကောင်စီတပ်သားတွေ ဇူလိုင် ၁၅ရက်က နောင်ချိုစီးပွားရေးဘဏ်‌ရှေ့မှာတွေ့ရသော ။ ဓာတ်ပုံ - စကစ/တယ်လီဂရမ်

ဇူလိုင်-၁၈၊ ၂၀၂၅။ခွန်ဖ/People’s Spring

ရှမ်းမြောက်က နောင်ချိုမြို့ကို ဝင်ရောက်လာတဲ့စစ်တပ်က မြို့ပေါ်မှာကျန်နေတဲ့ လူအနည်းငယ်ကို ဒန်ပေါက်ကျွေးပြီး ဝါဒဖြန့်စည်းရုံးနေကာ တဖက်မှာလည်း စစ်ဘေးရှောင်ကြတဲ့ လူမရှိတဲ့နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေတယ်လို့ နောင်ချိုမြို့ခံတွေက လူထုနွေဦးကို ပြောပါတယ်။

နောင်ချိုမြို့နဲ့ မိုင်(၂၀)နီးပါးကွာဝေးတဲ့ တောင်းခမ်းဒေသက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ နောင်ချိုမြို့ကို ဇူလိုင် ၁၃ရက် ညနေပိုင်းမှာမြို့ကိုစတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။အဲဒီနောက်စစ်သား​တွေက ဇူလိုင် ၁၅ရက်မှာ မြို့ပေါ်က ဌာနဆိုင်ရာရုံးတွေနဲ့ မြို့မဈေးကို ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီကနေ့(ဇူလိုင် ၁၈ရက်)မှာတပ်မ(၁၁)ဗိုလ်မှူးကြီးမိုးမြင်ဟိဏ်းဦးဆောင်တဲ့အဖွဲ့ဟာနောင်ချိုမြို့ပေါ်က ကျန်နေတဲ့ ဒေသခံအနည်းငယ်ကို ဒန်ပေါက်တွေ လိုက်လံပေးပြီးစစ်တပ်က လုံခြုံရေးဆောင်ရွက်နေကြောင်း၊ အေးချမ်းစွာနေထိုင်နိုင်ပြီးဖြစ်ကြောင်းနဲ့ မစိုးရိမ်ကြဖို့ စတာတွေ ပြောပြီး စည်း

Public Service Announcement

Public Service Announcement

ရုံးဝါဒဖြန့်နေပါတယ် ။ဒါ​ပေမယ့် တဖက်မှာလည်း စစ်သားတွေက လူမရှိတဲ့ နေအိမ်တွေက ပစ္စည်းတွေကို ခိုးယူနေတယ်လို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။လက်ရှိမှာနောင်ချိုမြို့ပေါ်မှာကျန်နေတဲ့ ဒေသခံပြည်သူ ၁၀၀ လောက်ရှိမယ်လို့ နောင်ချိုမြို့ခံတွေက ခန့်မှန်းပါတယ်။မြို့ခံအများစုက​တော့ စစ်​​ကြောင်း​တွေလာကတည်းက ​ဘေးလွတ်မယ်ထင်တဲ့​နေရာ​တွေကိုထွက်​ပြေးကုန်ကြတာပါ။

နောင်ချိုမြို့ကို ဝင်လာတဲ့ စစ်တပ်ဟာ မြို့ပေါ်က နေအိမ်တွေမကဘဲ ကျေးရွာတွေက နေအိမ်တွေပါ ခိုယူးခဲ့တာလို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။

“ကံကြီးဘက်ရောအုမ္မသီးဘက်ရောအဲလိုပဲအကုန်ခိုးနေတယ်လို့ ပြောတယ်။ ဆမ္မဆယ်ဘက်ကို နေအိမ်တွေ ဘူဒိုဇာနဲ့ ထိုးပြီး သံတွေရောင်းစားဖို့ သံချောင်းတွေ ကောက်တဲ့သူပါ ခေါ်လာတာလို့ ပြောတယ်”လို့ နောင်ချိုမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်တပ်က နောင်ချိုမြို့ကို ပြန်ရပြီးနောက် အောင်ပွဲလို့ဆိုကာ အကြီးအကျယ်ဝါဒဖြန့်နေပါတယ်။ ဒီကနေ့မှာလည်းနောင်ချိုမြို့ကဝန်ထမ်းတွေကို မြို့ပေါ်ကို ပြန်လည်ခေါ်ယူခဲ့ပါတယ်။ ဒါ့အပြင် စစ်ဘေးရှောင်နေကြတဲ့ ဒေသခံတွေကိုလည်း ပြန်လာကြဖို့ ခေါ်နေပါတယ်။နောင်ချိုမြို့ခံ အများစုကတော့ စစ်တပ်ရဲ့ လုပ်ရပ်မယုံတဲ့အပြင် တော်လှန်ရေးတပ်တွေ နောက်တစ်ကြိမ်ပြန်တိုက်ခိုက်မယ်ဆိုတာ ယုံကြည်တာကြောင့် နေရပ်မပြန်သေးဘူးလို့ ပြောပါတယ်။

“ပြန်တိုက်မယ်လို့သတင်းတွေတော့ထွက်နေတယ်။တရုတ်ကပေးခိုင်းလို့ ပြန်ပေးတာဆို ပြန်မလာနိုင်တော့ဘူး။ အဲလိုမဟုတ်ဘူး ဒီတိုင်းအခြေအနေတစ်ခုကြောင့် ဆုတ်ပေးရတာဆို ပြန်တိုက်မှာပဲ”လို့ နောင်ချိုမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ရှမ်းမန်းစစ်ဆင်ရေးမှာပါဝင်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့က တာဝန်ရှိသူကလည်း တအာင်းတပ်မတော်(TNLA)ဟာ နောင်ချိုမြို့ကို ပြန်ပေးလိုက်တာ မဟုတ်ဘူးလို့ မှတ်ချက်ပေးပါတယ်။

“တရုတ်ကြောင့်လို့ မထင်ဘူး။တအာင်းကသူကသိမ်းထားတဲ့နယ်မြေတွေလည်းများတယ်။ အဲဒီတွေမှာလည်း လုံခြုံရေးက လုပ်ရသေးတယ်။ သူ့လူအင်အားနဲ့ မနိုင်တဲ့ ပုံစံဖြစ်တယ်လို့ ထင်တယ်။ တိုက်ပွဲကလည်း ရေရှည်ဆိုတော့ ပန်းတာလည်းပါမယ်”လို့ သူက​ဆိုပါတယ်။

နောင်ချိုမြို့ကို သိမ်းပိုက်ထိန်းချုပ်ခဲ့တဲ့ တအာင်းတပ်မတော်(TNLA)ကတော့ မြို့ကို လက်လွှတ်မှာမဟုတ်ဘူးလို့ ပြီးခဲ့တဲ့ ဇူလိုင် ၅ရက်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ TNLAရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောကြားထားပါတယ်။

“လက်ရှိအချိန်အထိ ကျမတို့ နောင်ချိုကို လက်လွှတ်ရတာမျိုး၊ နောင်ချိုလက်လွှတ်ဖို့ ဆုံးဖြတ်ချတာမျိုး မရှိသေးပါဘူး။ ခုခံကာကွယ်ဖို့အတွက် အကောင်းဆုံး ပြင်ဆင်ထားပါတယ်”လို့ လွေးယေဦးက ပြောပါတယ်။

၁၀၂၇စစ်ဆင်ရေးအပိုင်း(၂)မှာ တော်လှန်ရေးတပ်ဖွဲ့တွေ ပထမဆုံးသိမ်းပိုက်ရခဲ့တဲ့ နောင်ချိုမြို့ တစ်မြို့လုံးနီးပါးကို တစ်နှစ်ပြည့်ချိန်မှာ စစ်တပ်က ပြန်ရရှိခဲ့တာဖြစ်ပါတယ်။

နောင်ချိုမြို့ကို TNLAနဲ့ ပူးပေါင်းတပ်တွေက ၁၀၂၇အပိုင်း(၂)စစ်ဆင်ရေးစတင်တဲ့နေ့မှာဘဲ အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့ပေမယ့်မြို့ရဲ့တောင်ဘက်က အမြောက်တပ်ရင်းတွေရှိနေတဲ့ တောင်းခမ်းရွာကို တစ်နှစ်ကြာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့် အပြီးသတ်မသိမ်းပိုက်နိုင်ခဲ့ပါဘူး။

နောင်ချိုမြို့တောင်ဘက် ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်မှာရှိတဲ့ တောင်းခမ်းကျေးရွာမှာ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂) နဲ့ သူရဲ့လက်အောက်ခံ အမြောက်တပ်ရင်း သုံးရင်းဖြစ်တဲ့အမတ(၃၅၄)၊ အမတ (၂၀၆)နဲ့ အမတ(၄၀၆)တပ်ရင်းတို့ ရှိပါတယ်။

တောင်းခမ်းဒေသကအမြောက်တပ်တွေရှိတဲ့နေရာမှာ တစ်နှစ်နီးပါးကြာ တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်းမှာ နှစ်ဖက်တပ်တွေ ထိခိုက်မှုတွေများခဲ့ပါတယ်။

စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ်သြဂုတ်လက စတင်ထိုးစစ်ဆင်ပြီး ၁၁ လ​ကျော်မှာ​နောင်ချိုမြို့ကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့ထုတ်ပြန်ပါတယ် ​။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။