Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းတွေကို ၃ရက်ဆက်တိုက်ခိုက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ယာဥ်တန်းတွေကို နေရာ၃နေရာမှာရက်ဆက်တိုက်ခိုက်ခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ် မြောက်ရေးတပ်တော်(DNLA)က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်မှ ရဲဘော်အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - DNLA

ဇူလိုင်-၂၄၊ ၂၀၂၅။ ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ယာဥ်တန်းတွေကို နေရာ၃နေရာမှာရက်ဆက်တိုက်ခိုက်ခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ် မြောက်ရေးတပ်တော်(DNLA)က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဇူလိုင် ၂၁ရက် မနက် ၉နာရီခန့်ကထားဝယ်မြို့နယ်၊ ဇဟာကျေးရွာဘက်မှ ဘုရားမဲစစ်ဆေးရေးဂိတ်ကိုလာတဲ့စစ်ကောင်စီတပ်သားအင်အား ၁၀၀ ဝန်းကျင်ပါတဲ့ ကျောက်တင်ကားသုံးစီးကို ဓဝယ်အမျိုးသားလွတ်မြောက် ရေးတပ်တော်(DNLA)ရဲ့ ဒူရကစစ်ကြောင်း၊ ရေဖြူမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(YPPDF)တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် ဇူလိုင် ၂၂ ရက် မနက် ၈နာရီခွဲဝန်းကျင် မှာ ဇီးကျကျေးရွာဘက်ကနေ ညင်းထွေးကျေးရွာဘက်ကိုလာတဲ့ စစ်တပ်ရဲ့ သံပြားကာပွိုင့်ကားတစ်စီးနဲ့ အိမ်စီးကားသုံးစီးကိုဒူရက စစ်ကြောင်း၊ YPPDF ၊ ကျားသစ်နက် (က္လားသစ်နက်)၊ ဘီလုံးပြောက်ကျားတပ်ဖွဲ့၊ Dawei Guerrilla Revolutio- nary Force – DGRF တို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ ဇူလိုင် ၂၃ ရက် မနက် ၁၁နာရီခွဲဝန်းကျင်မှာလည်း ကျောက်ဆိပ်ကုန်းကျေးရွာဘက်မှမောင်မယ်ရှောင်ရွာဘက်ကိုအင်အား၇၀ လောက် နဲ့ ​ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ သံပြားကာပွိုင့်ကားနှစ်စီးနဲ့လာတဲ့ တပ်ကူစစ်ကြောင်းတွေကို ၆နာရီကြာ ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း DNLA တာဝန်ရှိသူက ပြောပါတယ်။

“ရန်သူထိခိုက်မှုကတော့ စုံစမ်းဆဲပါခင်ဗျာ။ အ ခုထိကတော့ နှစ်ဘက်အခြေအနေ တင်းမာနေဆဲပါ”လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)ရဲ့ တာဝန်ရှိသူတစ်ဦးက တိုက်ပွဲအခြေအနေတွေကို ခြုံငုံပြောပါတယ်။

ကျောက်ဆိပ်ရွာဘက်ကနေ မောင်မယ် ရှောင်ကျေးရွာဘက်ကိုလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ တပ်ကူယာဥ်တန်းတွေဟာ DNLAနဲ့ ပူးပေါင်းအဖွဲ့တွေရဲ့ကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့်ရှေ့ဆက်မတိုးနိုင်ဘဲမောင်မယ်ရှောင်ရွာအနီးလမ်းပိုင်းမှာ ဆက်ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

အခုချိန်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးအရှိန်မြင့်လာသလို ပြည်သူတွေအနေနဲ့ စစ်ရေးအသိသတိရှိကြဖို့ လိုအပ်သလို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ အချိန်မရွေးလုပ်လာနိုင်တာကြောင့် လေကြောင်းအန္တရာယ်ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာဖို့လိုအပ်တဲ့ကြောင်း DNLAက အသိပေးတိုက်တွန်းထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးနဲ့ စစ်ရေးအရှိန်မြင့်လာတာနဲ့အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက်ရပ်တည်လိုတဲ့ စစ်ကောင်စီလက်အောက်ခံ စစ် သားနဲ့ ရဲတွေအနေနဲ့ ပြည်သူ့ရင်ခွင်ခုံလှုံပြီး ပြည်သူနဲ့အမြန်ဆုံးပူးပေါင်းကြဖို့ ဓဝယ်အမျိုး သားလွတ်မြောက်ရေးတပ်တော်(DNLA) မဟာ မိတ်ညီနောင်တွေက ဖိတ်ခေါ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)ထံ KTLA ရဲဘော် ၃၇ဦး အလင်းဝင်လာကြောင်း KNU မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြိုနယ်၊ မောင်မယ်ရှောင်ကျေးရွာ ထားဝယ်နည်းပညာတက္ကသိုလ် (GTC)ရှေ့က စစ်တပ်ကို တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးရုပ်သံကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ ထားဝယ်နည်းပညာတက္ကသိုလ်(GTC) ရှေ့မှာတပ်စွဲထားတဲ့ စစ်တပ်ကို မတ်လ၁ရက်က တိုက်ခိုက်ခဲ့ရာ စစ်သား ၃ဦး သေဆုံးပြီး လက်နက် ၃လက်သိမ်းရခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ထားဝယ်မြိုနယ် မောင်မယ်ရှောင်ရွာတိုက်ပွဲမှာ ထိခိုက်သေဆုံးများထားတဲ့ စစ်ကောင်စီတပ်က လက်ရှိမှာ အင်အားတွေ ဖြည့်တင်းထားလို့ စစ်ရေးတင်းမာနေကြောင်း ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။