Connect with us

Hi, what are you looking for?

သတင်း

ဘားအံမြို့ ရပ်ကွက်အချို့ ရေဘေးကြုံနေရ

သံလွင်မြစ်ရေကြီးလာတာကြောင့်ဘားအံမြို့ပေါ်ရပ်ကွက်တချို့မှာရေကြီးနစ်မြုပ်မှုဖြစ်ပေါ်နေပြီးဒေသခံတွေ ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွေဆီ ရောက်ရှိခိုလှုံနေရတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

မြန်မာနိုင်ငံလူမှုကူညီရေးအသင်း(ဘားအံ)

ဇူလိုင် – ၂၇ ၊၂၀၂၅ /People’s Spring

သံလွင်မြစ်ရေကြီးလာတာကြောင့်ဘားအံမြို့ပေါ်ရပ်ကွက်တချို့မှာရေကြီးနစ်မြုပ်မှုဖြစ်ပေါ်နေပြီးဒေသခံတွေ ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွေဆီ ရောက်ရှိခိုလှုံနေရတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

ဇူလိုင်၂၅ ရက်ကစပြီးသံလွင်မြစ်ရေတက်လာတာကြောင့်ဘားအံ၊ ရွှေဂွန်းနဲ့ ကမမောင်းမြို့စတဲ့သံလွင်မြစ်ကမ်းတလျှောက်ကကျေးရွာတွေမှာရေဝင်ရောက်လာနေပြီး အနိမ့်ပိုင်းနဲ့ မြစ်ကမ်းအနီး နေထိုင်တဲ့သူတွေကို ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ လူမှုအဖွဲ့အစည်းတွေက ယာယီရေဘေးသင့်ကယ်ဆယ်ရေးစခန်းတွေဆီ ရွှေ့ပြောင်းပေးနေရတာပါ။

ဒီနေ့မနက်ပိုင်း (ဇူလိုင် ၂၇ ရက် ) မှာတော့ သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၄ ပေခွဲခန့် ကျော်လွန်ရောက်ရှိလာပြီး နောက်တစ်ရက် အတွင်းမှာ ၁ ပေခန့် ထက်မြင့်လာနိုင်တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မိုးဇလက သတိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံလူမှုကူညီရေးအသင်း(ဘားအံ)

ဘားအံမြို့ အနိမ့်ပိုင်းရပ်ကွက်တွေတင်မကဘဲ အမြင့်ပိုင်းရပ်ကွက်တွေမှာပါ မြစ်ရေဝင်ရောက်လာနေပါပြီ။

“ရေတက်ကြမ်းနေတယ်၊ ကြည့်နေရင်းနဲ့ကို တက်နေတာ၊ မိုးကဆက်တိုက်ရွာနေတယ်၊ အနိမ့်ပိုင်းတွေ သိသိသာသာမြုပ်တယ်၊ရပ်ကွက်တိုင်းတော့မမြုပ်သေး” လို့ ဘားအံမြို့ခံကပြောပါတယ်။

ဘားအံမြို့ အမှတ် ၁ ၊ ၂ နဲ့ ၅ ရပ်ကွက်တွေမှာ ရေမြုပ်နေတယ်လို့ သိရပါတယ်။

သံလွင်မြစ်ကမ်းတလျှောက်က ကျေးရွာတွေဖြစ်ကြတဲ့ မိဇံ၊ မင်းဇီ၊ မုက္ကဒိစတဲ့ မြစ်ကမ်းအနီး ကျေးရွာတွေအားလုံးလည်း ရေကြီးနစ်မြုပ်နေပြီး ဘားအံ-သထုံ ကားလမ်းပေါ်က နေရာအချို့မှာ လမ်းမပေါ် ရေကျော်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

“မင်းဇီရွာ ရေမြုပ်သွားပြီ” လို့ ကရင်ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းဇူလိုင် ၂၃ ရက်က ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့တဲ့ မြ၀တီမြို့မှာ ရေပြန်လည်ကျဆင်းသွားခဲ့ပေမယ့်ဒီနေ့မနက်ပိုင်းမှာတော့ မိုးဇလရဲ့ ထုတ်ပြန်ချက်အရ သောင်းရင်းမြစ်ရေဟာ မြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၁ ပေကျော်မှာရောက်ရှိနေပြီး အဲဒီမြစ်ရေဟာ နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

“မြ၀တီမှာ မိုးကောင်းနေတယ်၊ (မြစ်ရေ)စိုးရိမ်ရေမှတ်နား ပြန်ရောက်နေတယ်” လို့ မြ၀တီဒေသခံတစ်ဦးက အသိပေးပါတယ်။

မြ၀တီမြို့မှာ သောင်ရင်းမြစ်ရေဟာ ၂ ရက်ကြာ ရေကြီးခဲ့ပြီး မြစ်ရေကြီးမှုကြောင့် ကယ်ဆယ်ရေးစခန်း ၁၀ ခုမှာ ရေဘေးသင့်သူ လူဦးရေ ၃,၀၀၀ ကျော် ရောက်ရှိခိုလှုံနေခဲ့ရတာပါ။

မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတွေ အဆက်မပြတ် စီးဆင်းလာတာကြောင့် ဒီနေ့ မနက်အစောပိုင်းမှာဆိုရင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ် ကျိုက်ကော်မြို့ စျေးရှေ့မှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့ရာ ယာဉ်တွေ ဖြတ်သန်းသွားလာခွင့်ကို ယာယီရပ်နားခဲ့ရပြီး မနက် ၁၀ နာရီအချိန်မှာတော့ ပေးဖြတ်ခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။

မွန်ပြည်နယ် မြို့နယ်တချို့မှာလည်း အခုရက်ပိုင်းအတွင်း လေပြင်းတိုက်ခိုက်တာ၊ လေဆင်နှာမောင်းဝင်ရောက်တာတွေကြောင့် နေအိမ်အဆောက်အဦးပေါင်း ၅၀၀ ခန့် ထိခိုက်ပျက်စီးသွားခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့ကာ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဘီးလင်းမြစ်ရေကြီးမှုကြောင့် ဘီးလင်းမြို့မှာ ရေဘေးသင့်ကယ်ဆယ်ရေးစခန်းတွေလည်း ဖွင့်ထားခဲ့ရတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိုးရာသီရောက်တိုင်းရေဘေးနဲ့မြေပြိုမှုဘေးရင်ဆိုင်နေရတဲ့ကချင်ပြည် နယ်၊ဖားကန့်မြို့နယ်မှာသုံးရက်ခန့်မိုးကြီးပြီးတဲ့နောက်ဒီကနေ့(ဇွန်လ ၁၄ရက်)မနက်ပိုင်းကစပြီး ရပ်ကွက်နဲ့ကျေးရွာအချို့ရေဘေးကြုံတွေ့နေရပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ ရေကြီးနစ်မြုပ်မှုဆက်တိုက်ရင်ဆိုင်နေရပြီး ယမန်နေ့(‌ဇွန်လ ၆ရက်)ကလည်း ရွှေညောင်မြို့မှာ တောင်ကျရေကြောင့် မြေနိမ့်ပိုင်းနေရာတွေ ရေကြီးမှုဖြစ်ခဲ့ပါတယ်။

သတင်း

ဘင်္ဂလားပင်လယ်အော်မှာမေလနှောင်းပိုင်းအတွင်းလေဖိအားနည်းရပ်ဝန်း ထပ်မံဖြစ်ပေါ်နိုင်ပြီး ရန်ကုန်တိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ မိုးကြီးနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MOSLHA )ကထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမှလောက်ကိုင်မြို့အပါအဝင်ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ဒေသအချို့နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းမှတာချီလိတ်မြို့တွင် မိုးကြီးပြီးနောက် ရေးဘေးတကျော့ပြန်ရင်ဆိုင်နေရသည်။