Connect with us

Hi, what are you looking for?

သတင်း

အကြော်ဝယ်ရင်း ပေါ်တာအဆွဲခံရတဲ့တပ်သားသစ်ကို PDFတွေခေါ်ထုတ်

ရန်ကုန်မှာ အကြော်ဝယ်ရင်း ပေါ်တာအဆွဲခံရလို့ စစ်တပ်ထဲ ရောက်သွားတဲ့ တပ်သားသစ်တစ်ဦးကို PDF တွေ သွားရောက်ကယ်ထုတ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

အလင်းဝင်တပ်သားကို တွေ့ရစဥ်။ ဓာတ်ပုံ-GTF

ဇူလိုင်-၃၀၊၂၀၂၅။ဇေအောင်/People’s Spring

ရန်ကုန်မှာ အကြော်ဝယ်ရင်း ပေါ်တာအဆွဲခံရလို့ စစ်တပ်ထဲ ရောက်သွားတဲ့ တပ်သားသစ်တစ်ဦးကို PDF တွေ သွားရောက်ကယ်ထုတ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

ဇူလိုင် ၂၅ ရက်နေ့က မုံရွာအနောက်မြောက်တိုင်း စစ်ဌာနချုပ်အနီး၊ထောက်ပို့တပ်ရင်း (၉၂၉)အထိုင်စခန်းက အဓမ္မ စစ်မှုထမ်းခံရတဲ့ ပြည်သူ့စစ်တစ်ဦးက အလင်းဝင်လိုကြောင်း ချိတ်ဆက်လာလို့ Golden Target Force (GTF)နဲ့ မုံရွာမြို့နယ် တိုက်နယ်(၁) ပြည်သူ့လုံခြုံရေး အဖွဲ့သားတွေက သွားရောက်ခေါ်ဆောင်ခဲ့ကြောင်း GTF အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အလင်းဝင်တပ်သားဟာ ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ်မှာ ညနေပိုင်း အကြော်ထွက်ဝယ်ချိန် အဖမ်းခံခဲ့ရတာဖြစ်ပြီးတိုက်ကြီးမြို့နယ်၊ ဂျိုးဖြူသင်တန်းကျောင်းမှာ(၂)လခွဲ သင်တန်းပေးခံခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက်ပဲခူးမြို့နယ်(၁၀၅)တပ်ရင်းရောက်ရှိပြီးနောက် မုံရွာမြို့ရှိ (န.မ.ခ)အနီးထောက်ပို့တပ်ရင်း(၉၂၉)ကို ထပ်အပို့ခံခဲ့ရတာဖြစ်ကြောင်း၊ အဲဒီတပ်ရင်း (၉၂၉)မှာ ‌စစ်ကောင်စီတပ်ကြပ်ကြီး ကိုယ်တိုင်က လက်အောက်ခံ တပ်သားတွေကို မူးယစ်ဆေးဝါး(ရာမ)တွေကို (၁)ပြားကျပ်တစ်သောင်းနဲ့ ရောင်းချ ပေးနေတယ်လို့ တပ်သားသစ်က ထွက်ဆိုပါတယ်။

“မူးယစ်ဆေးဝါးကိစ္စနဲ့ပတ်သက်ပြီးအဲဒါပဲသိရသေးတယ်။ သူကတော့ ပြန်ရင် ပြန်ဆွဲ ခံရမှာကြောက်လို့ဒီမှာနေပြီးပြန်တိုက်မယ်ပြောနေပါတယ်။ သူနေချင် ထားမှာပါ”လို့ GTF အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အလင်းဝင် တပ်သားဟာ လုံခြုံရေးအရ လက်နက်တော့ယူဆောင်လာနိုင်ခြင်းမရှိကြောင်း၊ ဆက်လက် အလင်းဝင်လိုတဲ့ စစ်ကောင်စီတပ်သားတွေ ဆက်သွယ်နိုင်ပြီး ရအောင်ခေါ်ထုတ်ပေးမယ်လို့ Golden Target Force(GTF)က အသိပေးထားပါတယ်။

ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ တတိယပတ်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက အလင်းဝင်၊ လက်နက်ချ၊စစ်သုံ့ပန်းစုစုပေါင်း – ၁၇၁၁ ဦးထိရှိခဲ့ကြောင်းသိရပါတယ်။

စစ်ကောင်စီကလည်းစစ်မှုထမ်းအပတ်စဥ် ၁၆ ကို စတင်ဖို့ ကြိုးစားနေပြီး မန္တလေးမြို့၊ ဝမ်းတွင်းမြို့၊ မုံရွာမြို့နဲ့ စစ်ကိုင်းမြို့တွေမှာ အဓမ္မဖမ်းဆီးတာတွေဆက်တိုက်လုပ်နေပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့အတင်းအဓမ္မ စစ်သားစုဆောင်းခံရတဲ့ တပ်သားသစ်တွေ အနေနဲ့အခွင့်သာတဲ့ အချိန်တိုင်း တော်လှန် ရေးအင်အားစုတွေဆီ ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံးကူးပြောင်းခိုလှုံဖို့ အမျိုးသားညီညွတ်ရေးအစိုးရက(NUG)က တိုက် တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာဇူလိုင် ၂၂ ရက်ညက သားဖြစ်သူအလုပ်မှအပြန်ပေါ်တာဆွဲခံရတာကြောင့် ဖခင်ဖြစ်သူကတညင်းကုန်းမှာရှိတဲ့စစ်သားစုဆောင်းရေးတပ်ကို သွားရောက်စုံစမ်းမေးမြန်းခဲ့ရာ ဖခင်ကိုပါ စစ်တပ်ကထပ်မံဖမ်းဆီးလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မုံရွာမြို့မှာ အာဏာသိမ်း စစ်တပ်နဲ့ ရဲတွေက ၆ ရက်အတွင်း လူငယ်နဲ့ လူလတ်ပိုင်း ၁၈၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးပြီး အနောက်မြောက် တိုင်းစစ်ဌာနချုပ် (နမခ) အတွင်း ပို့ဆောင်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။