Connect with us

Hi, what are you looking for?

သတင်း

KIAတိုက်ခိုက်မှုကြောင့် စစ်သင်္ဘောအုပ်စု ဗန်းမော်သို့ဆက်မတက်နိုင်သေး

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ဗန်းမော်မြို့ကို စစ်ကောင်စီက စစ်သင်္ဘောများဖြင့် စစ်အင်အား၊ ရိက္ခာခဲယမ်းဖြည့်တင်းရန်ကြိုးပမ်းနေသော်လည်း ရွှေကူမြို့အထွက်တွင် တိုက်ခိုက်ခံရ၍ အထိနာပြီး စစ်သင်္ဘောများ ဆက်မတက်နိုင်သေးဟု ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။

ရွှေကူမြို့နယ်တွင် တိုက်ခိုက်ခံရသော စစ်သင်္ဘောတစ်စီးအား တွေ့ရစဉ်။ ဓာတ်ပုံ - Screen Grab

ဇူလိုင်-၃၀၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ဗန်းမော်မြို့ကို စစ်ကောင်စီက စစ်သင်္ဘောများဖြင့် စစ်အင်အား၊ ရိက္ခာခဲယမ်းဖြည့်တင်းရန်ကြိုးပမ်းနေသော်လည်း ရွှေကူမြို့အထွက်တွင် တိုက်ခိုက်ခံရ၍ အထိနာပြီး စစ်သင်္ဘောများ ဆက်မတက်နိုင်သေးဟု ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။

ဇူလိုင် ၂၇ရက်တွင် ရွှေကူမှ ဗန်းမော်မြို့သို့ ဆက်လက်ထွက်ခွာချိန်ကတည်းက စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံနေရခြင်းဖြစ်ပြီး စစ်သင်္ဘောအချို့ ထိခိုက်မှုရှိနေသည်။

” သင်္ဘောတွေကတော့ ဆက်ပြီးမတက်ဘူး။ ကြက်တူရွေးနဲ့ …မှာ နားနေတယ်။ နှစ်ဖွဲ့ခွဲပြီးနားနေတယ်။ ကုန်းလမ်းကနေ ထိုးစစ်ဆင်တဲ့ စစ်ကြောင်းနှစ်ကြောင်းက ဒီနေ့ တော်တော်အထိနာပြီးမှ ပြန်ခေါက်တာပေါ့”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်သင်္ဘောအချို့ ထိခိုက်မှုရှိခဲ့သည်ဟု သတင်းရင်းမြစ်က ပြောပြီး သင်္ဘော ၂ စီး ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့သည့် ရုပ်သံဖိုင် ၂ခုကို သတင်းရင်းမြစ်က ပြသည်။

အခြား ကချင်စစ်ရေးသတင်းရင်းမြစ်တဦးကလည်း ဝဲမ၌ လူအင်အားနှင့် ရိက္ခာချပြီးသည့် သင်္ဘော ၃ စီး ဝဲမမှ ရွှေကူမြို့ဘက် ပြန်လှည့်ရပ်နားနေသည်ဟု လူမှုကွန်ရက်မှ တဆင့်အသိပေးသည်။ ထို့ပြင် ဝဲမမှ ထွက်လာသည့် စစ်ကြောင်းကို KIA ပူးပေါင်းတပ်က ယနေ့(ဇူလိုင်၃၀ရက်)နံနက်တွင် တိုက်ခိုက်ရာ ၁နာရီခွဲကြာမြင့်ခဲ့ပြီးစစ်ကောင်စီတပ် ၁၀ဦးကျော်သေဆုံးခဲ့ဟု ဆိုသည်။ ထို့ပြင် စစ်ကောင်စီတပ်က Y12 လေယာဉ်ဖြင့် ၁၁ကြိမ် ဗုံးကြဲခဲ့ဟုလည်း အသိပေးသည်။

သတင်းရင်းမြစ်တစ်ဦးကလည်း စစ်သင်္ဘောများကို KIAက တိုက်ခိုက်နေသော်လည်း အမှန်တကယ် ထိရောက်အောင် တိုက်ခိုက်နိုင်မည့် နေရာများ မရောက်သေးဟု သုံးသပ်သည်။

စစ်သင်္ဘောများ ဗန်းမော်မြို့သို့ ဦးတည်လာခြင်းနှင့်ဒေသ စစ်ရေးအခြေအနေများ မေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်နေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး