Connect with us

Hi, what are you looking for?

သတင်း

မင်းကွန်းနယ်ကထွက်လာတဲ့စစ်ကြောင်းတိုက်ခိုက်ခံရပြီး ဒဏ်ရာရသူတွေကို မန္တလေးပြန်သယ်

စစ်တပ်က စစ်ကူနဲ့ လက်နက်ခဲယမ်း​တွေထပ်ပို့ပြီး စစ်ကိုင်းနယ်ကို ထပ်မံစစ်​ကြောင်းထိုး

စစ်​ကောင်စီတပ်ကိုတိုက်ခိုက်​နေ​သော ဝက်လက်နယ်မှ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေ။ဓါတ်ပုံ-PSR(ဝက်လက်)

ဇူလိုင်၃၁၊၂၀၂၅။မေ/People’s Spring

မင်းကွန်းရွာကနေ စစ်ကိုင်းမြို့နယ် မြောက်ခြမ်းကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်​ကြောင်းတိုက်ခိုက်ခံရပြီး ဒဏ်ရာရသူတွေကို မန္တလေးမြို့ကိုပြန်သယ်ခဲ့ကာ အင်အားထပ်တိုးလာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက​ပြောတယ်။

ဇွန်လမှာကတည်းကမင်းကွန်းတိုက်နယ်ကနေ တဆင့် အင်အား၁၅၀လောက် နဲ့ စစ်​ကောင်စီတပ်က စစ်ကြောင်းတွေထိုးနေတာဖြစ်ပါတယ်။ဇူလိုင်လ ၂၇ ရက်နေ့မှာ ဝက်လက်မြို့နယ်၊စဉ့်ကိုင်မြောက်ရွာကို စစ်​ကြောင်းထိုးရောက်ရှိလာတာလို့ PDFတချို့က​ပြောပါတယ်။

အဲဒီစစ်ကြောင်းကို ဇူလိုင်လ၂၈ ရက် နေ့မှာ ဝက်လက်မြို့နယ်က တော်လှန်ရေး ပူး ပေါင်းတပ် တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

“စကစဘက်ကအထိအခိုက်ကတော့ တော်တော်ကိုများတယ်။ဇွတ်တက်လာတာ။တကောင်ဆို ဆေး ကြောင်ပြီး ဒီလောက်ပစ်နေတဲ့ကြားကကို ကျွန် တော်တို့ကြားထဲဇွတ်တက်လာတာ။အထိအခိုက်ကို အတိအကျမသိရပေမယ့် ကျွန် တော်ကိုယ်တိုင်ရှေ့မှာ ကွပ်ကဲနေတော့ စကစ တွေထိခိုက်တာ မြင်ခဲ့ရတယ်”လို့ရွှေဘိုင်ခရိုင်တပ်ရင်း ၉၇၀၆(ဒေါင်းနီတပ်ဖွဲ့) တပ်ရင်းမှူး ဗိုလ်လ်ကျာ်က ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာအထိအခိုက်များစွာနဲ့ပြန်လည်ဆုတ်ခွာသွားပြီး အိုက်ဒိုင်ရွာကို ရောက်ရှိသွားတယ်လို့ သိရပါတယ်။

ဇူလိုင် ၃၀ ရက်နေ့မှာမန္တလေးဂေါဝိန်ဆိပ် ကမ်းကနေ သင်္ဘော၂စီးနဲ့ အိုက်ဒိုင်ရွာကိုလက်နက်ခဲယမ်းနဲ့ စစ်ကူတွေပို့ခဲ့ပြီး ဒဏ်ရာရနဲ့ သေဆုံး စစ်သား ၃၀ ခန့်ကိုလည်း မန္တလေးမြို့ဘက်ကို ပြန်သယ်သွားတယ်လို့ သူကဆက်​ပြောပါတယ်။

အဲဒီနောက်စစ်ကြောင်းဟာစစ်ကိုင်းမြို့နယ်မြောက်ခြမ်းကို ပြန်လည်စစ်ကြောင်းထိုးလာပြီး ဒီနေ့ စစ်ကိုင်းမြို့နယ်၊စဉ့်ကိုင်တောင်ရွာကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

“ဒီစစ်ကြောင်းကလာတုန်းကစဉ့်ကိုင်ကနေဝက်လက်မြို့နယ်၊တိုက်ရွာဘက်အထိထွက်လာတယ်။ရှိမ်းမကားက စစ်ကြောင်းနဲ့ ပေါင်းချင်တဲ့ပုံပဲ။ဒါပေမယ့် ဝိုင်းတိုက်လိုက်တာ။နှစ်ကြောင်းလုံးပြန်ဆုတ်သွားတယ်”လို့ ဗိုလ်လကျာ်ကဆက် ပြောပါတယ်။

ရှိမ်းမကားရဲစခန်းကထွက်လာတဲ့စစ်ကြောင်းလည်း ငါးရယ်ရွာမှာ တိုက်ခိုက်ခံရပြီး သုံးဦးသေဆုံးကာ ရှိမ်းမကားတောစပ်အထိ ပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။

ဒီတိုက်ပွဲတွေကို ရွှေဘိုခရိုင်ညီနောင် ၆ရင်းဖြစ်တဲ့တပ်ရင်း ၉၇၀၆(ဒေါင်းနီတပ်ဖွဲ့)၊တပ်ရင်း၁၅၊တပ်ရင်း၁၈၊တပ်ရင်း၂၆၊တပ်ရင်း၂၃၊တပ်ရင်း (၁၇၀၁)အပါအဝင် တပ်ရင်း၁ ၊၂ ၊ဝက်လက်မြို့နယ်ပကဖ၊ရှိမ်းမကားတိုက်နယ်ပကဖ၊လှတောတိုက်နယ်ပကဖ၊ဗိုလ်လင်းမြွေLPDF၊ ပြည်သူ့အစေခံတော်လှန်ရေးတပ်၊ အမှတ်၂ ရွှေဘိုခရိုင်ဒရုန်းတပ်ဖွဲ့၊Phoenix Wing ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားရဲစခန်းကနေ မြောက်ဘက်ကို စစ်တပ်စစ်ကြောင်းထိုးလာပြီး ဒေသခံ ၁၀၀နီးပါးကို ဖမ်းဆီးထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့နယ်ကတောင်စလုံးကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းမှူးအပါအဝင် သေဆုံးထိခိုက်သူတွေများတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေနဲ့ မြေပြင်ရဲဘော်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းတိုက်ခံရပြီး ၆ဦးသေကာ လက်နက် ၂လက် ရတယ်လို့ Southern Yeasgyo တပ်ပေါင်းစုက ဒီကနေ့ (အောက်တိုဘာ ၁၆ရက်)မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်၊မင်းကွန်းနယ်မြေရဲစခန်းက စစ်ကောင်စီရဲ့ တပ်ကြပ်တစ်ဦးကို ဖမ်းမိတယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ -UGF တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။