Connect with us

Hi, what are you looking for?

သတင်း

စစ်သင်္ဘောများအား ထပ်မံတိုက်ခိုက်ခံရ၍ ရွှေကူဘက်ပြန်လှည့်သွားဟု KIAပြော

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ စစ်အင်အားဖြည့်တင်းရန် ရွှေကူမြို့မှ တက်လာသည့် စစ်သင်္ဘောများနှင့် မြေပြင်စစ်ကြောင်းကို ယနေ့ ဇူလိုင် ၃၁ရက်မနက်တွင် ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောများ ရွှေကူမြို့ဘက် ပြန်လှည့်သွားကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

ရွှေကူမြို့နယ်တွင် တိုက်ခိုက်ခံရသော စစ်သင်္ဘောတစ်စီးအား တွေ့ရစဉ်။ ဓာတ်ပုံ - Screen Grab

“ထိခိုက်မှာပေါ့ ဒါကတော့ သေချာမှာပါ။ ထိပြီးမှစက်တွေ နှိုးမရတဲ့ သင်္ဘောတွေလည်း ပါတယ်လို့ ပြောတယ်”

− ဗိုလ်မှူးကြီးနော်ဘူ

ဇူလိုင်-၃၁ရက်၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ စစ်အင်အားဖြည့်တင်းရန် ရွှေကူမြို့မှ တက်လာသည့် စစ်သင်္ဘောများနှင့် မြေပြင်စစ်ကြောင်းကို ယနေ့ ဇူလိုင် ၃၁ရက်မနက်တွင် ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောများ ရွှေကူမြို့ဘက် ပြန်လှည့်သွားကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

ဇူလိုင် ၃၁ရက် မနက်၄နာရီကျော်တွင် စစ်ကောင်စီက Y12 လေယာဉ်ဖြင့်ဗုံးကြဲ လမ်းကြောင်းရှင်းပြီး စစ်သင်္ဘောများ အထက်သို့ ဆက်လက်ဆန်တက်လာခြင်းဖြစ်သည်ဟုဆိုသည်။

” လမ်းရှင်းပြီးမှ ပြန်တက်လာတယ်တဲ့။ သင်္ဘောတွေကိုလည်း ပစ်တယ်။ နောက်မြေပြင်ကလည်း တက်လာတယ် အဲဒါကိုလည်း ပစ်တယ်ဆိုတော့ အားလုံးက ပြန်ဆုတ်(ရွှေကူဘက်ပြန်ဆုတ်)သွားတယ်လို့ ကြားရတယ်။ အခုက ဂျက်ဖိုက်တာတွေနဲ့ လာပြီး ဗုံးကြဲတယ်တဲ့”ဟု ဗိုလ်မှူးကြီးနော်ဘူကပြောသည်။

Public Service Announcement

Public Service Announcement

ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ယနေ့ မနက်တွင် စစ်သင်္ဘောများအား တိုက်ခိုက်ရာ ၂စီးထိပြီး တစ်စီးမီးလောင်နေဟု ပြောပြသည်။

“အခုက သင်္ဘောတစ်စီးမီးလောင်နေပြီ။သင်္ဘောတွေ ရွှေကူဘက် ပြန်ခေါက်လာပြီ။ ကုန်းလမ်းဘက်မှာလည်း ဆက်တိုက် တိုက်ပွဲဖြစ်နေတယ်။ ဖိုက်တာ ၂စီးနဲ့ ဗုံးလာကြဲသွားတယ် ဒီမနက်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်သင်္ဘောများထိခိုက်မှု အခြေနေကို ဗိုလ်မှူးကြီးနော်ဘူအားမေးမြန်းရာ ထိခိုက်မှုရှိသည်ဟု ပြောသည်။

“ထိခိုက်မှာပေါ့။ ဒါကတော့ သေချာမှာပါ။ ထိပြီးမှစက်တွေ နှိုးမရတဲ့သင်္ဘောတွေလည်း ပါတယ် လို့ ပြောတယ်။ ဒါပေမဲ့အသေးစိတ်တော့ မကြားရသေးပါဘူး”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

မန္တလေးမြို့မှ ဧရာ၀တီ မြစ်ကြောင်းအတိုင်း တက်လာသည့် စစ်သင်္ဘောအုပ်စုသည် ဇူလိုင် ၂၆ရက်တွင် ရွှေကူမြို့သို့ ရောက်ရှိပြီးနောက် ရွှေကူမှ အထက်သို့ ဆန်တက်ရာ KIAက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အကြိမ်ကြိမ်တိုက်ခိုက်ခဲ့၍ သင်္ဘောများ ထိမှန်ပြီး ရွှေ့ကူမြို့ဘက်သို့ ပြန်လည်ဆုတ်ခွာနေရသည်။

ထို့ပြင် သင်္ဘောများလုံခြုံရေး မြစ်ကမ်းဘေးမှ စစ်ကြောင်းထိုးခဲ့လှုပ်ရှားခဲ့သော်လည်း KIA၏ တိုက်ခိုက်မှုကြောင့် မြေပြင်စစ်ကြောင်းလည်း အထိနာကာ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများ ရှိနေသည်။

“အားလုံးက စစ်မြေပြင်ဖြစ်နေတယ်။ ဒါကြောင့် ပြည်သူလူထုတွေ စစ်ရေးအခြေအနေ အမြဲတမ်း နားစွန့်ရမှာပဲ”ဟုလည်း ဗိုလ်မှူးကြီးနော်ဘူက လတ်တလော စစ်ရေး အခြေအနေများနှင့် ပတ်သက်၍ ပြည်သူလူထုများအား သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး