Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ တစ်ဦးထပ်တိုး

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ဦးထပ်မံသေဆုံးပြီး ဒဏ်ရာရသူ​တွေထဲမှာလည်းစိုးရိမ်ရသူတွေ ရှိနေပါ​သေးတယ်။

မိုးကုတ်မြို့ကိုစစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက်တွေ့ရစဥ်။ ဓာတ်ပုံ-CJ

ဇူလိုင်-၃၁၊၂၀၂၅။ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ဦးထပ်မံသေဆုံးပြီး ဒဏ်ရာရသူ​တွေထဲမှာလည်းစိုးရိမ်ရသူတွေ ရှိနေပါ​သေးတယ်။

ဇူလိုင် ၂၉ ရက်မနက်ပိုင်းက မိုးကုတ်မြို့ကလူနေရပ်ကွက် ၃ ခုကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရှေ့ရွာရပ်ကွက်က ဒေါ်ဝင်းကြည် ၈၉ နှစ်၊ ကိုနိုင် ၃၈ နှစ်၊ မင်းတံတား ရပ်ကွက်က ဦးဝင်းမြင့် ၅၀ နှစ်၊ ကိုအယ်လေး ၂၈ နှစ်နဲ့ ဦးရီဌေး ၄၈ နှစ်တို့ ၅ ဦး သေဆုံးပြီး ၁၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မိုးကုတ်မြို့နယ် ပကဖအဖွဲ့က ပြောပါတယ်။

ဇူလိုင် ၃၀ ရက်မှာတော့အရှေ့ရွာကဦးခေါင်းထိထားတဲ့ အသက် ၆၄ နှစ်အရွယ်ဦးမြင့်အောင် ထပ်မံသေဆုံးခဲ့ကြောင်း မိုးကုတ်မြို့နယ်ပကဖအဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ပျောက်ဆုံး ၂ ဦး ကိုလည်းရှာမတွေ့သေးဘူးလို့ သိရပါတယ်။

“ပျောက်ဆုံးရဲ့ ခန္ဓာကိုယ် အသားစတွေကိုတော့ မနေ့က အနည်းအကျဉ်း ရှာဖွေတွေ့ရှိပါတယ်”လို့ မိုးကုတ်မြို့နယ် ပကဖအဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။

ထိခိုက်ဒဏ်ရာ ရရှိခဲ့လို့ ဆေးကုသနေသူ ၁၂ ဦးအနက် ၃ ဦးကတော့ စိုးရိမ်ရတယ်လို့ မိုးကုတ်ပကဖအဖွဲ့က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မိုးကုတ်မြို့က မင်းတံတားရပ်ကွက်၊ ရွှေဘုံသာရပ်ကွက်နဲ့ BOC ကားကြီးကွင်းအနီးနေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ပြည်သူထိခိုက်သေဆုံးတာတွေအပြင် နေအိမ် (၁၈)လုံး ဗုံးထိမှန်ပျက်စီးခဲ့ပါတယ်။

ဒီဖြစ်စဥ်မတိုင်ခင်ကလည်းဇူလိုင်လအတွင်း စစ်တပ်က မိုးကုတ်မြို့ကို ဗုံး​လေးကြိမ်ကြဲခဲ့လို့ က​လေးငယ် ၂ ဦး အပါအဝင်ပြည်သူ ၆ ဦး​သေဆုံးပြီး ၂၅ဦးဒဏ်ရာရရှိခဲ့​ကြောင်း TNLA ကထုတ်ပြန်ထားပါတယ်။

TNLA နဲ့တော်လှန်​ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီက ပြန်လည်ရရှိဖို့ကို ကြိုးစားနေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မိုးကြီးပြီး မြေပြိုမှုတွေဖြစ်ခဲ့လို့ နေအိမ် ၂၀ခန့်နဲ့ ဘုရားစောင်းတန်းထိခိုက်ပျက်စီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

Facebook