Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတိုင်းစစ်ဌာနချုပ်အောက်ရှိတပ်များအတွက် ကျည်ကာများပံ့ပိုးနိုင်ရေး ထောက်ပံ့ပေးရန် NUG ကာကွယ်ရေး နှိုးဆော်

မန္တလေးတိုင်းစစ်ဌာနချုပ်အောက်ရှိကာကွယ်ရေးတပ်ရင်းတပ်ဖွဲများအတွက်လိုအပ်သည့်ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ရန် ရည်ရွယ်ထားသည့် Road to Mandalay ထိုးစစ်ထောက်ပိုမန်းတိုင်းသို့ ကမ်ပိန်းတွင် ပါဝင်ပူးပေါင်းပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာနကယနေ့ နှိုးဆော်သည်။

ဇူလိုင်-၃၁၊၂၀၂၅။​နေ့သစ်/People’s Spring

မန္တလေးတိုင်းစစ်ဌာနချုပ်အောက်ရှိကာကွယ်ရေးတပ်ရင်းတပ်ဖွဲများအတွက်လိုအပ်သည့်ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ရန် ရည်ရွယ်ထားသည့် Road to Mandalay ထိုးစစ်ထောက်ပိုမန်းတိုင်းသို့ ကမ်ပိန်းတွင် ပါဝင်ပူးပေါင်းပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာနကယနေ့ နှိုးဆော်သည်။

“ထိုးစစ်ပြင်ဖို့ ကျည်ကာဆင် တို့မန်းတိုင်းတခွင်” ဟူသောရည်ရွယ်ချက်ဖြင့်မန္တလေးတိုင်းစစ်ဌာနချုပ်အောက်ရှိ ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့များအတွက် လိုအပ်သည့် ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ရန် ရည်ရွယ်ထားတာဖြစ်ပါတယ်။” ဟု ကာကွယ်ရေးဝန်ကြီးဌာနကအသိပေးထားသည်။

တော်လှန်ရေးကို အစဉ်တစိုက်ပါဝင်သူများနှင့် လေ့လာသူများအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများကို မိမိရင်သွေးကဲ့သို မှတ်ယူပြီးလိုအပ်သည့်ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးခြင်းဖြင့် တော်လှန်ရေးအောင်မြင်ရေးအတွက် Forward Myanmar ၏ Road to Mandalay ကမ်ပိန်းမှတဆင့် တဖက်တလမ်းမှ ပူးပေါင်းပါဝင်ပေးကြရန် နှိုးဆော်ထားသည်။

Public Service Announcement

Public Service Announcement

RoadToMandalay ကမ်ပိန်းကို ဇူလိုင် နောက်ဆုံးပတ်တွင် စတင်ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီးကာကွယ်ရေးရဲဘော်များကိုကျည်ကာဦးထုပ်နှင့်ကျည်ကာဝတ်စုံများ တပ်ဆင်ပေးသွားမည်ဟု အသိပေးထားသည်။

ကျည်ကာဦးထုပ် တစ်လုံး ၅ သိန်း၊ ကျည်ကာဝတ်စုံ တစ်စုံ၁၀ သိန်း ဖြစ်၍တစုံ ၁၅သိန်းကျပ်ကျသင့်မည်ဖြစ်ပြီး တဦးချင်းဖြစ်စေ စုပေါင်း၍ ဖြစ်စေ နည်းများမဆို နိုင်သလောက်ကူနိုင်ကြောင်း Forward Myanmarက ကြေညာထားသည်။

“အဝေးက ပစ်မယ့်ပွဲ မဟုတ်တဲ့ အနီးကပ်ပစ်မယ့်ပွဲတွေ ၊ပြောက်ကျားစနစ်နဲ့ ကြိတ်မယ့်ပွဲမဟုတ်တဲ့ သူတင်ကိုယ်တင်ကြိတ်မယ့်ပွဲတွေ၊ပြည်သူ့တော်လှန်စစ်ရဲ့ဗျူဟာအခင်းအကျင်းနဲ့ ဗျင်းမယ့်ပွဲတွေ ဖော်ဆောင်နိုင်အောင် ကျည်ကာဦးထုပ်နဲ့ ကျည်ကာဝတ်စုံတွေ လိုအပ်ပါတယ်။” ဟု Forward Myanmar ကဆိုသည်။

Forward Myanmar အဖွဲ့၏ပထမဆုံးခြေလှမ်းဖြစ်သည့် မကွေးဆီသို့ကမ်ပိန်းမှ ကျပ်သိန်းပေါင်း တစ်သောင်းခန့် ထောက်ပို့ပေးနိုင်ခဲ့ပြီး မကွေးတိင်း စစ်ဌာန လက်အောက်ရှိ တပ်ရင်းများအတွက် အသက်ကယ်ဝတ်စုံ ၆၈၀ ခန့် ရရှိမည်ဟု လည်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူသိန်းချီအကူအညီလိုအပ်နေတဲ့ စစ်ကိုင်းတိုင်းရေဘေးကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ-NUG နဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ "အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)" ကို ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။