Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့မှာဆန္ဒပြမရ​အောင် ပျူတွေနဲ့လုံခြုံရေးတင်းကြပ်

မန္တလေးမြို့မှာဆန္ဒပြမှုတွေထပ်ပြီးမပေါ် ​ပေါက်လာဖို့အတွက် ဩဂုတ်လ၁ရက် နေ့ကစပြီး စစ်​ကောင်စီက ရပ်ကွက်တွေအလိုက်ပျူစောထီး တွေကိုလုံခြုံရေးချထားတယ်လို့ ပျူစောထီးတွေနဲ့နီးစပ်သူ တချို့က​ပြောပါတယ်။

မန္တ​လေးသပိတ်အဖွဲ့က မန္တ​လေးမြို့MCC ​ရှေ့မှာဇူလိုင်လကုန်ပိုင်း ဆန္ဒပြ​နေစဥ်။ဓါတ်ပုံ-မန္တ​လေးသပိတ်

ဩဂုတ်-၄၊၂၀၂၅။မေ/People’s Spring

မန္တလေးမြို့မှာဆန္ဒပြမှုတွေထပ်ပြီးမပေါ် ​ပေါက်လာဖို့အတွက် ဩဂုတ်လ၁ရက် နေ့ကစပြီး စစ်​ကောင်စီက ရပ်ကွက်တွေအလိုက်ပျူစောထီး တွေကိုလုံခြုံရေးချထားတယ်လို့ ပျူစောထီးတွေနဲ့နီးစပ်သူ တချို့က​ပြောပါတယ်။

ရှစ်လေးလုံး အ​ရေး​တော်ပုံနှစ်ပတ်လည်ကို ကြိုတင်ဆန္ဒပြမှာစိုးရိမ်တာကြောင့် သြဂုတ်၁ရက်နေ့ကစပြီးရပ်ကွက်အလိုက်ပျူစောထီးတွေကိုလုံခြုံရေး ပေးထားတာလို့သိရပါတယ်။

“ရပ်ကွက်တိုင်းမှာဂျင်ဝိုင်း(လောင်းကစားရုံ)ရှိတယ်။အဲဒီကပျူစောထီးလူမိုက်တွေကိုပေးထားတာ။အရပ်ဝတ်တွေနဲ့လုံခြုံရေးလှည့်ခိုင်းထားတယ်။ကျုံးဘေးမှာလည်းအိမ်စီး ကားတွေနဲ့ပတ်တယ်။မြို့ထဲဝင်ပြီး မန္တ‌​လေးသပိတ်က ဆန္ဒပြတာကိုစစ်တပ်ကိုနားရွက်တံတွေးစွတ်တယ်ဆိုပြီးခံပြင်းနေကြတယ်”လို့ ပျူစောထီးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဓိကလုံခြုံရေး ချထားတဲ့ နေရာ တွေကတော့ကျုံးဘေး ပတ်ဝန်းကျင်၊ Convention Center၊မင်္ဂလာ မန္တလေး၊အောင်ပင်လယ်ရပ်ကွက်၊ပြည်ကြီးတံခွန်မြို့နယ်နဲ့ ဈေး တွေဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဆန္ဒပြမှုတွေအပြီးဖမ်းဆီးနိုင်ဖို့စောင့်ကြည့်ကင်မရာတွေဖြစ်တဲ့ CCTV ​တွေကိုလည်းနေရာအများစုမှာ တပ်ထားတယ်လို့သိရပါတယ်။

မန္ဆလေးမြို့မှာ ​မြို့ပြ​ပျောက်ကြား​တော်လှန်​ရေးအဖွဲ့​တွေရဲ့ စစ်​ရေးလှုပ်ရှားမှု​တွေငြိမ်သက်လာပြီး စစ်တပ်ကအုပ်စိုးလာနိုင်တဲ့ နောက်ပိုင်းမှာ အခုလို တင်းကြပ်တာတွေ ပိုလုပ်လာခဲ့တာပါ။

ဇူလိုင်လ နောက်ဆုံးပတ်မှာပဲစစ်တပ် လုံခြုံရေး ရှိနေတဲ့ မန္တလေးတက္ကသိုလ်နဲ့ MCC (Mandalay Convention Center) တို့မှာ မန္တလေးသပိတ်က ရှစ်​လေးလုံး ​​ခေါင်း​ဆောင်တစ်ဦးဖြစ်တဲ့ ကိုဂျင်မီရဲ့ “တရားတဲ့သူသာ နိုင်​ကြေး​ဟေ” ​ကြွေး​ကြော်သံစာ​တွေကပ်ပြီးဆန္ဒပြခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook