Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင်တိုက်ပွဲများဆက်လက်ပြင်းထန်နေ

ကချင်ပြည်နယ် ၊ဖားကန့်​​တွင်ဩဂုတ်လ၁ရက်မှစကာ သုံးရက်ဆက်တိုက်ပွဲဖြစ်နေပြီး ယနေ့ နေ့လယ်ပိုင်း၌ တိုက်ပွဲဆက်လက်ပြင်းထန်နေသည်။

KIA တပ်ဖွဲ့ဝင်များက ၂၀၂၄ မတ်လတွင် ဘွမ်ရေဘွမ့် စစ်တပ်စခန်းကိုသိမ်းပြီး​နောက်လက်နက်ကြီးတစ်လက်သိမ်းဆည်းရရှိစဥ်။။ဓါတ်ပုံ-KIA

သြဂုတ်-၄၊၂၀၂၅။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ် ၊ဖားကန့်​​တွင်ဩဂုတ်လ၁ရက်မှစကာ သုံးရက်ဆက်တိုက်ပွဲဖြစ်နေပြီး ယနေ့ နေ့လယ်ပိုင်း၌ တိုက်ပွဲဆက်လက်ပြင်းထန်နေသည်။

တိုက်ပွဲပြင်းထန်​နေ​သော​ကြောင့် KIA၊KPDF က ပြည်သူများကိုလေကြောင်းအန္တရာယ် သတိပေးထားသည်။

ယူမာ၊ ရှရော်ခနှင့်ဆန်းကြွယ်ကျေးရွာပတ်ဝန်းကျင်၌ တိုက်ပွဲဖြစ်ပွားနေပြီး သြဂုတ်၄ ရက်ညကဖြစ်ပွားသောတိုက်ပွဲတွင် စစ်ကောင်စီပစ်ခတ်သည့်လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍​ဒေသခံပြည်သူအချို့ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်းသတင်းရရှိသည်။ ထို့အပြင် ယနေ့ နံနက်ပိုင်း၌ ဖြစ်ပွား သောတိုက်ပွဲတွင်လည်းအရပ်သားသေဆုံးမှုရှိ​နေသည်။

Public Service Announcement

Public Service Announcement

“ကလေးတွေလည်းကျောင်းမသွားကြဘူး။ တိုက်ပွဲက သုံးလေးနေရာမှာ ဖြစ်နေတာ။ အိပ်ပေါ် ကို လက်နက်ကြီးကျပြီး ထိခိုက်သေဆုံးတာတွေရှိပါတယ်။ နောက်ပြီး လေကြောင်းအန္တရာယ်သတိပေးထားပါတယ်”ဟုဖားကန့်ဒေသခံတဦးကပြောသည်။

သြဂုတ် ၃ ရက်ကရှရော်ခရွာ နှင့် ဆန်းကြွယ်ရွာ ၌ဖြစ်ပွားသောတိုက်ပွဲတွင် အမျိုးသားတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့သည်။ ယနေ့နံနက်ပိုင်း၌ ဖြစ်ပွားသောတိုက်ပွဲတွင် ကလေးငယ်တဦးအပါအဝင် နှစ်ဦးသေဆုံးပြီးငါးဦးဒဏ်ရခဲ့ကြောင်း ဒေသခံများကပြောသည်။

KIA၊KPDF ထိန်းချုပ်ထားသည့် ဖားကန့်-ဆိပ်မူလမ်းနှင့် ဆက်စပ်နေသော ရှရော်ခကျေးရွာမှ ညောင်ပင်ကုန်းစခန်းကို စစ်ကောင်စီက ဩဂုတ်လ၁ရက် သိမ်းယူခဲ့ရာ ယခုအခါ KIA၊KPDFက ပြန်လည်ထိုးစစ်ဆင်နေခြင်းဖြစ်​ကြောင်းသတင်းရရှိသည်။ တိုက်ပွဲအပြင်းအထန်ဖြစ်နေ၍ စစ်တပ်ကလေကြောင်းမှလာရောက်တ်ိုက်ခိုက်နိုင်ကြောင်း KIA၊KPDFတပ်ဖွဲ့ဝင်များကသတိပေးထားသည်။

တိုက်ပွဲနှင့် စစ်ရေးအခြေအနေကြောင့် ယူမာ၊ရှရော်ခ၊ မှော်တောင်းနှင့် ဆန်းကြွယ်ရွာမှ ဒေသခံများ၏တိမ်းရှောင်နေကြရသည်။ဇူလိုင်လ တတိယလပတ်အတွင်းကတိုက်ပွဲပြင်းထန်ခဲ့သည့်မော်မောင်းကုန်းနှင့် လမောင်းကုန်းဘက်တွင်လည်း စစ်ရေးဆက်လက်တင်းမာနေသည်။

ပြီးခဲ့သည့်ဇူလိုင်နားကဖားကန့်မှ အမှိုက်ပုံကျေးရွာအပါအဝင်နေရာအချို့တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီကလေကြောင်းမှမကြာခဏ ဗုံးကြဲခဲ့သည်။ယင်းကာလနောက်ပိုင်းတိုက်ပွဲများငြိမ်သက်သွားသော်လည်း စစ်ကောင်စီကလက်နက်ကြီးများမကြာခဏပစ်ခတ်ခဲ့သည်။စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် မိုင်းပေါက်ကွဲမှုများကြောင့် ၂လခန့်အတွင်း အရပ်သားသေဆုံးသူဦးရေ ၄၀ဦးခန့်ရှိခဲ့သည်။

ဖားကန့်တွင်တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်၍ ဒေသခံပြည်သူများ လုံခြုံရေးသတိပြုနေထိုင်ကြရန်ကချင်လွတ်လပ်ရေတပ်မတော်(KIA)၊ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကထပ်မံသတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မိုးရာသီရောက်တိုင်းရေဘေးနဲ့မြေပြိုမှုဘေးရင်ဆိုင်နေရတဲ့ကချင်ပြည် နယ်၊ဖားကန့်မြို့နယ်မှာသုံးရက်ခန့်မိုးကြီးပြီးတဲ့နောက်ဒီကနေ့(ဇွန်လ ၁၄ရက်)မနက်ပိုင်းကစပြီး ရပ်ကွက်နဲ့ကျေးရွာအချို့ရေဘေးကြုံတွေ့နေရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။