Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တွင် “ငလျင်ဘေးအကြောင်းပြ ဗုံးကြဲတိုက်ခိုက်မှုကို တားဆီးကြ” ဘန်နာချိတ်၍ ဆန္ဒပြ

ရန်ကုန်မြို့နေရာအချို့တွင်ရွှေပြည်သာသပိတ်ကော်မတီ(SPTSC)မှလူငယ်များကစစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ယမန်နေ့ (သြဂုတ် ၃) က ပြုလုပ်ခဲ့သည်။

ရန်ကုန်မြို့ရှိ တံတားတစ်ခုတွင် ဆန္ဒထုတ်​ဖော်စဥ်။ဓာတ်ပုံ - SPTSC

သြဂုတ် ၄၊၂၀၂၅။ သုည/People’s Spring

ရန်ကုန်မြို့နေရာအချို့တွင်ရွှေပြည်သာသပိတ်ကော်မတီ(SPTSC)မှလူငယ်များကစစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ယမန်နေ့ (သြဂုတ် ၃) က ပြုလုပ်ခဲ့သည်။

လူငယ်များက YBSကားပေါ်များနှင့် ဂုံးကျော်တံတားတို့တွင် “ငလျင်ဘေးအကြောင်းပြ ဗုံးကြဲတိုက်ခိုက်မှုကို တားဆီးကြ” ဘန်နာချိတ်ဆွဲခြင်းနှင့် “နိုင်ငံတကာအကူအညီ ပြည်သူတွေကိုသတ်ဖို့ မဟုတ်ဘူး” စာသားတို့ကို ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏လူထုအပေါ်ဗုံးကြဲတိုက်ခိုက်မှုများကိုရပ်တန့်စေရေးနှင့် နိုင်ငံတကာအနေဖြင့်လူသားချင်းစာနာထောက်ပံ့မှုငွေကြေးများအားလက်နက်ဝယ်ယူကာ ပြည်သူကိုသတ်ဖြတ်နေခြင်းတို့ ရပ်တန့်စေရေး အတွက် ရည်ရွယ်၍ လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း SPTSC က ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပျောက်ဆုံးသူတွေ့ရင် ဆက်သွယ်ပေးဖို့ မိသားစုအကူအညီတောင်း

သတင်း

ရန်ကုန်မြို့၊မင်္ဂလာတောင်ညွှန့်မြို့နယ်က စတိုးဆိုင်မှာ ဝင်ခိုးတဲ့သူတွေကအိမ်ရှင်တွေကို တိုက်ခိုက်ခဲ့တာ‌ ‌ကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး သက်ကြီးပိုင်းအမျိုးသမီး တစ်ဦး ဒဏ်ရာရကာ အရေးပေါ်အခြေအနေနဲ့ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကားပစ္စည်းဈေးဝင်းအတွင်းမှာ သက်ကြီးပိုင် အမျိုး သား ၁ဦး အပူရှပ်ပြီး လေဖြန်းသွားခဲ့တယ်လို့ ဒေသခံနဲ့ လူမှုကူညီရေးအသင်းအဖွဲ့၀င်တချို့က ပြောပါတယ်။

နိုင်ငံတကာ

အတိုက်အခံ နိုင်ငံရေးပါတီတွေ ဦးဆောင်ပြီး လူပေါင်း ထောင်နဲ့ချီ ပါဝင်တဲ့ ဆန္ဒပြသူတွေဟာ မြို့တော် ဒေလီက အိန္ဒိယ တရားရုံးချုပ်ဆီ ချီတက်ပြီး ရွေးကောက်ပွဲ ကော်မရှင် အကြီးအကဲ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။