Connect with us

Hi, what are you looking for?

သတင်း

ပဲခူးတိုင်းအရှေ့ပိုင်းရှိ ရေဘေးသင့်ပြည်သူများအား NUGက အရေးပေါ်ကူညီမှုပေး

ပဲခူးတိုင်းအရှေ့ပိုင်းရှိ မြို့နယ် ၆ခုမှ ရေဘေးသင့် ပြည်သူများအား အရေးပေါ် အကူအညီများ ပေးအပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ပဲခူးတိုင်းအရှေ့ပိုင်းရှိ မြို့နယ် ၆ခုမှ ရေဘေးသင့် ပြည်သူများအား NUGက အရေးပေါ် အကူအညီများ ပေးအပ်နေစဉ်။ ဓာတ်ပုံ - NUG

ဩဂုတ်-၆၊ ၂၀၂၅။ ထားမြတ်/People’s Spring

ပဲခူးတိုင်းအရှေ့ပိုင်းရှိ မြို့နယ် ၆ခုမှ ရေဘေးသင့် ပြည်သူများအား အရေးပေါ် အကူအညီများ ပေးအပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံတစ်ဝှမ်း မိုးအဆက်မပြတ် ရွာသွန်းပြီး မြစ်ရေမြင့်တက်မှုတိုကြောင့် ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းရှိ ညောင်လေးပင်၊ ကျောက်တံခါး၊ ဖြူး၊ အုတ်တွင်း၊ ထန်းတပင်၊ ရေတာရှည် မြို့နယ်များရှိ ရေဘေးသင့် ပြည်သူများကို အရေးပေါ် စားနပ်ရိက္ခာ ထောက်ပံ့ခြင်း၊ အရေးပေါ် ရွှေ့ပြောင်းပေးခြင်း၊ လူသားချင်း စာနာမှုအကူအညီများနှင့် ကျန်းမာရေးစောင့်ရှောက်မှု အချိန်မီရရေး ဆောင်ရွက်ခဲ့ဟု ဖော်ပြသည်။

ရေဘေးသင့် ပြည်သူအခြေအနေများ ဖော်ပြထားရာ ညောင်လေးပင်မြို့နယ်တွင် လူဦးရေ ၁၇,၀၀၀ ကျော်၊ ကျောက်တံခါးတွင် ၃၄၀ ကျော်၊ ဖြူးတွင် ၁၃,၀၀၀ ကျော်၊ အုတ်တွင်းတွင် ၁၇,၀၀၀ ကျော်၊ ထန်းတပင်တွင် ၁၀,၀၀၀ ကျော် နှင့် ရေတာရှည်မြို့နယ်တွင် ၃၀၀ ကျော်ရှိဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

အကူအညီများ အချိန်မီရရှိနိုင်ရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ မြိုနယ် ပအဖအဖွဲ့၊ လူသားစာနာတာဝန်ခံများနှင့် ချိတ်ဆက်ကာ ထောက်ပံ့ပေးနေကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး ယခုကဲ့သို့ ပြည်သူမှပြည်သူသို ထောက်ပံ့နိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပမှ လှူဒါန်းပေးကြသည့် စေတနာရှင်၊ အလှူရှင်များကိုလည်း အထူးကျေးဇူးတင်ကြောင်း ထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်ရှိ ကျောက်ကြီး (လယ်ဒို)၊ မုန်း(မူး)မြို့နယ်များတွင်လည်း ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း ၁၀၀ ကျော် ရေဘေးကြုံနေရပြီး လယ်ဧက သောင်းချီ ရေနစ်မြုပ်ပျက်စီးလျက်ရှိဟု KNUက အသိပေးထားသည်။

ကျောက်ကြီးတွင် ကျေးရွာပေါင်း ၈၀ မှ အိမ်ခြေ ၅၊၀၀၀ ကျော်မှ လူဦးရေ သုံးသောင်းနီးပါး ရေဘေး ကြုံနေရပြီး စာသင်ကျောင်းများလည်း ပိတ်ထားရသည်ဟု ဆိုသည်။ မုန်းမြို့နယ်တွင်လည်း ရွာပေါင်း ၅၀ကျော် ရေဘေးကြုံရကာ နေအိမ် ၁၄လုံးထက်မနည်း ရေထဲမျောပါသွားသည်ဟု KNUက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook