Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမှာစစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ၂ နှစ်သားကလေးအပါအဝင် ၂ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို စစ်တပ်က တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ၂ နှစ်သားကလေးအပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းဒေသခံတွေကပြောပါတယ်။

စစ်တပ်လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့တဲ့ကလေးငယ်ကို တွေ့ရစဥ်။ ဓာတ်ပုံ-CJ

သြဂုတ်-၆၊၂၀၂၅။ဇေအောင်/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို စစ်တပ်က တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ၂ နှစ်သားကလေးအပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းဒေသခံတွေကပြောပါတယ်။

ဩဂုတ် (၄) ရက် နေ့လယ် ၁၂ နာရီခန့်ကရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသက ဖြုံဘူးကျေးရွာတောင်ဘက်မှာလက်နက်ကြီး ၂ လုံးကျရောက်ပေါက်ကွဲခဲ့ပါတယ်။လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့်ဖြုံဘူးကျေးရွာကအသက် (၂) နှစ်အရွယ် မောင်ပေါက်စီဟာ ဦးခေါင်းမှာ လက်နက်ကြီး ကျည်စထိမှန်ကာ ဒဏ်ရာရခဲ့ပြီး အသက် (၆၇)နှစ်အရွယ်ဦးဝင်းကြည်ဆိုသူလည်းခြေ​ထောက်နဲ့ တင်ပါးမှာ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ကလေးအခြေအနေကတော့ ခုထိ ဆေးကုသနေရဆဲပါ”လို့ ရေလယ်ကျွန်းဒေသက ပကဖတာဝန်ခံတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလက်နက်ကြီးဟာရေစကြိုမြို့ပေါ် စည်ပင်ပန်းခြံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဟောင်ဝှစ်ဇာနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပြီး ဖြုံဘူးရွာအပြင် မီးလောင်ကျွန်းကျေးရွာ (ရွာကွဲ) နှစ်ရွာကြားက ကျွန်းပေါ်သို့ (၂) လုံး၊ မီးလောင်ကျွန်းတောင်ဘက်ရွာရဲ့ အရှေ့မြောက်ဘက်မှာ (၁) လုံးပါကျရောက်ပေါက်ကွဲခဲ့တယ်လို့ အထက်ပါကော်မတီက ပြောပါတယ်။

“တိုက်ပွဲတွေဘာမှမရှိဘူး။အကြောင်းမဲ့သက်သက် ရမ်းကားပစ်ခတ်နေတာ”လို့ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ရေစကြိုမြို့နယ်ကစစ်အုပ်စုဟာလက်နက်ကြီတွေနဲ့ နေ့စဉ်နီးပါး ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူတွေစိုးရိမ်နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဇူလိုင် ၃၀ ရက်ကမနက်ကလည်းရေစကြိုမြို့နယ်၊ ကုန်းရင်းရွာမ(ကိုရင့်)ရွာကို စစ်တပ်က စက်တပ်လေထီး(paramotor)၂ စီးလေကြောင်းတိုက်ခိုက်မှု (၄) ကြိမ် ပြုလုပ်သွားပြီးထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။