Connect with us

Hi, what are you looking for?

သတင်း

လက်နက်ယူပြီးအလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးကို ကျပ်သိန်း ၈၀ပေးအပ်ဟု ကလေး၀ PDF ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ကလေးခရိုင် အမှတ်(၉)တပ်ရင်း – ကလေး၀ PDF ထံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦး အလင်းဝင်လာကြောင်း ကလေး၀ PDFက ဩဂုတ် ၆ရက်တွင် သတင်းထုတ်ပြန်သည်။

အလင်းဝင်လာသော စစ်ကောင်စီတပ်သား နှစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - People's Defence Force

ဩဂုတ်-၇၊ ၂၀၂၅။ ထားမြတ်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ကလေးခရိုင် အမှတ်(၉)တပ်ရင်း – ကလေး၀ PDF ထံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦး အလင်းဝင်လာကြောင်း ကလေး၀ PDFက ဩဂုတ် ၆ရက်တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ ခံစစ်စခန်းများဖြစ်သော ကလေးဝမြိုနယ် အောင်ချမ်းသာစခန်းနှင့် မစိန်စခန်းတိုမှ စစ်သား(၁)ဦးနှင့် ပြည်သူ့စစ် (၁)ဦး လက်နက်အပြည့်အစုံနှင့် အလင်းဝင်ရောက်လာခြင်းဖြစ်ဟု အသိပေးသည်။

အောင်ချမ်းသာကျေးရွာ စခန်းမှ ပြည်သူ့စစ်တပ်သး ၁ဦးက သေနတ် ၁လက်၊ ကျည်ဘောက် ၁ခု၊ ကျည်အတောင့် ၂၀ ယူဆောင်လာပြီး မစိန်ကျေးရွာစခန်းမှ စစ်ကောင်စီတပ်သားက သေနတ် ၁လက်၊ ကျည်ဘောက် ၂ခု၊ ကျည် အတောင့် ၄၀၀ ကျော် ယူဆောင်လာသည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အလင်းဝင်ရောက်လာသူ (၂)ဦးအား ကလေးခရိုင်အမှတ်(၉)တပ်ရင်း၊ ကလေးဝမြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ (ပအဖ)၊ကလေးဝမြိုနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ (ပကဖ)တို့မှ (၂)ဦးပေါင်းကျပ်သိန်း(၈၀)တိတိ ဂုဏ်ပြုခဲ့ကြောင်းလည်း မှတ်တမ်းဓာတ်ပုံများဖော်ပြ ထုတ်ပြန်သည်။

စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွက် ပူးပေါင်းပါဝင်ပေးခြင်းအတွက်ဝမ်းမြောက်စွာ ကြိုဆိုနေကြောင်းလည်း စစ်ကောင်စီတပ်၌ကျန်နေသည့် စစ်ကောင်စီတပ်သားများကို ကလေး၀ PDFက ဖိတ်ခေါ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရကလည်း အဓမ္မ စစ်သားစုဆောင်းခြင်းခံရသူများအပါအဝင် စစ်ကောင်စီ တပ်သားများ အခွင့်သာသည့် အခြေအနေတွင် နီးစပ်ရာ တော်လှန်ရေးအဖွဲ့များနှင့်ဆက်သွယ်ပြီး ပြည်သူ့ဘက် ပူးပေါင်းကြရန် ဖိတ်ခေါ်ထားသည်။

တဖက်တွင် အာဏာသိမ်းစစ်ကောင်စီကလည်း လူငယ်များအား နည်းမျိုးစုံဖြင့် အဓမ္မ စစ်သားစုဆောင်းကာ ရှေ့တန်း စစ်မြေပြင်များသို့ လူသားဒိုင်းအဖြစ် အသုံးချလျက်ရှိ၍ ရသည့်နည်းဖြင့် ရှောင်ရှားရန် စစ်ကောင်စီတပ်မှ ထွက်ပြေးပြီး တော်လှန်ရေးတပ်များထံ အလင်းဝင်လာသူများက တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း စစ်ကောင်စီတပ်မှ တော်လှန်ရေးအဖွဲ့များထံ အလင်းဝင်၊ လက်နက်ချနှင့် စစ်သုံ့ပန်း ဦးရေ၂၄၀ ကျော်ရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ထားသည်။

အလင်းဝင်လိုသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ချိတ်ဆက် အကူအညီပေး​နေသည့် ပြည်သူ့ပန်းတိုင်က ကောက်ယူထားသည့် မှတ်တမ်းတွေအရ ဇူလိုင်လအတွင်း အလင်းဝင်ပူးပေါင်း၊ လက်နက်ချနှင့် စစ်သုံ့ပန်း စစ်သား၊ ရဲနှင့် ပြည်သူ့စစ်အဖွဲ့ဝင် ၂၄၃ ဦးရှိကြောင်း အဲဒီအဖွဲ့၏ အပတ်စဥ်ထုတ်ပြန်ချက်အရ သိရသည်။

အလင်းဝင်သူစုစုပေါင်း ၁၃၂ ဦးရှိသည့်အနက်၈၀ဦးသည် စစ်မှုထမ်းတပ်သား သစ်များဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်၏ အပတ်စဥ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။