Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနားမြို့တွင် နေအိမ်နှင့် ကားမီးလောင်မှုဖြစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယနေ့(ဩဂုတ် ၇ရက်)နံနက်တွင် မီးလောင်မှု ဖြစ်ပွားပြီး နေအိမ်နှင့် ကားမီးလောင်ပျက်စီးမှုရှိခဲ့ဟု ဒေသခံက ပြောသည်။

မြစ်ကြီးနားမြို့တွင် မီးလောင်မှုဖြစ်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဩဂုတ်-၇၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယနေ့(ဩဂုတ် ၇ရက်)နံနက်တွင် မီးလောင်မှု ဖြစ်ပွားပြီး နေအိမ်နှင့် ကားမီးလောင်ပျက်စီးမှုရှိခဲ့ဟု ဒေသခံက ပြောသည်။

ယနေ့နံနက်တွင် စစ်ကောင်စီ၏ စစ်တိုင်းဌာနချုပ်ဖြစ်သည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် – မပခ သွားရာလမ်း မြို့သစ်ကြီး ကွက်သစ်ရပ်ကွက်၌ အိမ်ရှင်များ အပြင်ထွက်စျေးဝယ်နေစဉ် မီးလောင်မှု ဖြစ်ခဲ့ခြင်းဟု ဆိုသည်။

မီးလောင်မှုကို အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်ဟု သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

“မပခအနီး လက်နက်ကြီးသံကြားရတယ်လို့လည်း ပြောဆိုနေတယ် မီးမလောင်ခင်” ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။

မီးလောင်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်၊ ကား တို့၏ မှတ်တမ်းဓာတ်ပုံကိုလည်း သတင်းရင်းမြစ်က ပြသသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား မီးလောင်မှုမှာ သေဆုံးသူ အရေအတွက်ဟာ ၃၂ ဦးထိ မြင့်တက်လာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား မီးလောင်မှုမှာ လူ ၂၇ ဦးထက်မနည်း သေဆုံးခဲ့တာနဲ့ ပတ်သက်လို့ ရဲတွေက အဓိက ရှုထောင့်နှစ်ခုကို အာရုံစိုက် စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ဆုံဆည်စီမံကိန်းကို ၈နှစ်ကျော်အတွင်း အပြီးလုပ်ဆောင်မယ်၊ ဘေးအန္တရာယ် မဖြစ်စေရဘူးလို့ စစ်ကောင်စီခန့် ကချင်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ရဲ့ ပြောဆိုချက်ဟာ ဘာအာမခံချက်မှ မရှိ၊ လက်မခံဘူးလို့ ဒေသခံနဲ့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW) တာဝန်ရှိသူတို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံကို ကာကွယ်ဖို့၊ ဧရာ၀တီမြစ်ထာ၀ရ လွတ်လပ်စွာ စီးဆင်းစေဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို ဒေသခံ လူငယ်တွေ ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ မြစ်ကြီးနား ဒေသခံက ပြောပါတယ်။