Connect with us

Hi, what are you looking for?

သတင်း

ရိန်းဂျားRKDFတပ်ဖွဲ့ထံ သုံးလအတွင်း အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ၁၉ဦးရှိ

ရိန်းဂျားကလေးကာကွယ်ရေးတပ်(RKDF)ထံမေလမှ ဇူလိုင်ကုန်အထိ သုံးလအတွင်း အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ဦးရှိပြီး အများစုမှာ စစ်မှုထမ်းတပ်သားသစ်များဖြစ်ကြောင်း RKDFက ဩဂုတ် ၆ရက်တွင် သတင်းထုတ်ပြန်သည်။

ရိန်းဂျားကလေးကာကွယ်ရေးတပ်(RKDF)ထံမေလမှ ဇူလိုင်ကုန်အထိ သုံးလအတွင်း အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ဦး။ ဓာတ်ပုံ - RKDF

ဩဂုတ်-၇၊ ၂၀၂၅။ ထားမြတ်/People’s Spring

ရိန်းဂျားကလေးကာကွယ်ရေးတပ်(RKDF)ထံမေလမှ ဇူလိုင်ကုန်အထိ သုံးလအတွင်း အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ဦးရှိပြီး အများစုမှာ စစ်မှုထမ်းတပ်သားသစ်များဖြစ်ကြောင်း RKDFက ဩဂုတ် ၆ရက်တွင် သတင်းထုတ်ပြန်သည်။

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားများသည် ကလေးမြို့မှ ချင်းတောင်ပေါ်သို့စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကြောင်းမှဖြစ်သည်ဟု အသိပေးသည်။

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ၁၉ဦးအနက် ၁၈ဦးသည် စစ်ကောင်စီတပ်က အတင်းအဓမ္မ စစ်မှုထမ်းရန် ဖမ်းဆီးခဲ့သူများဖြစ်ပြီး တစ်ဦးမှာ ဒုတပ်ကြပ်ဖြစ်သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အလင်းဝင်လာသူများထဲမှ လက်နက် ၃လက်၊ ကျည် ၈၀၀ ၊ ကျည်ဘောက် ၂၀ ၊ လက်ပစ်ဗုံး ၈လုံး ယူဆောင်လာရာ လက်နက်ငယ်များ ယူဆောင်လာခဲ့သည့် စစ်သည်များကို ဆုငွေ ကျပ်သိန်း ၅၀ ပေးအပ်ခဲ့ကြောင်း အသိပေးသည်။

အလင်းဝင်လာသူအားလုံးအား နေထိုင်စားသောက်ရေး ၊ ကျန်းမာရေး ၊ မိသားစုနှင့်အဆက်အသွယ်ရရှိရေးများ လုပ်ဆောင်ပေးထားကြောင်း RKDFက ထုတ်ပြန်သည်။

အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားများနှင့်ပတ်သက် အသေးစိတ်အချက်အလက်များ၊ လက်ရှိ အခြေအနေမျာမေးမြန်းရန် RKDF ထံ ဆက်သွယ်ထားဆဲဖြစ်သည်။

စစ်ကောင်စီတပ်သည် ၂၀၂၅ မေလ ၁၈ရက်တွင် ကလေးမြို့မှ စစ်အင်အားအလုံးအရင်းဖြင့် ချင်းပြည်နယ်ဘက်သို့ ထိုးစစ်ဆင်ခဲ့ရာ ကလေး-သိုင်းငင်းကြား မွှာပီးရွာ ဝန်းကျင်တွင် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ ချင်းပြည် ဖလမ်း၊ တီးတိန်မြို့များသို့ ဦးတည်ထိုးစစ်ဆင်လာသည့် အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့ပြီး ဇူလိုင်ပထမပတ်တွင် စစ်ကြောင်းသည် ကလေးဘက် ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လအတွင်း စစ်ကောင်စီတပ်မှ တော်လှန်ရေးအဖွဲ့များထံ အလင်းဝင်၊ လက်နက်ချနှင့် စစ်သုံ့ပန်း ဦးရေ၂၄၀ ကျော်ရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ထားသည်။

အလင်းဝင်လိုသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ချိတ်ဆက် အကူအညီပေး​နေသည့် ပြည်သူ့ပန်းတိုင်က ကောက်ယူထားသည့် မှတ်တမ်းတွေအရ ဇူလိုင်လအတွင်း အလင်းဝင်ပူးပေါင်း၊ လက်နက်ချနှင့် စစ်သုံ့ပန်း စစ်သား၊ ရဲနှင့် ပြည်သူ့စစ်အဖွဲ့ဝင် ၂၄၃ ဦးရှိကြောင်း အဲဒီအဖွဲ့၏ အပတ်စဥ်ထုတ်ပြန်ချက်အရ သိရသည်။

အလင်းဝင်သူစုစုပေါင်း ၁၃၂ ဦးရှိသည့်အနက်၈၀ဦးသည် စစ်မှုထမ်းတပ်သား သစ်များဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်၏ အပတ်စဥ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာ ကျွေးမွေးထားကြောင်း ရုပ်သံမှတ်တမ်းဖော်ပြပြီး အလင်းဝင်သူနဲ့ စစ်သုံ့ပန်းကို ခွဲခြားထားရှိတာဖြစ်လို့ စစ်ကောင်စီတပ်သားတွေ အလင်းဝင်မလား စစ်သုံ့ပန်းအဖြစ်ခံမလား စဉ်းစားစေလိုတယ်လို့ သတိပေးခဲ့ပါတယ်။