Connect with us

Hi, what are you looking for?

သတင်း

ပြည်ထောင်စုတခုလုံး လွတ်မြောက်ရေး အားစိုက်ရန် ကျောချင်းကပ်ရမည့်ကာလဟု NUG ပြော

နွေဦးတော်လှန်ရေးသည် မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ဝင်များအားလုံး စုပေါင်းညီညွတ်စွာဖြင့် ပြည်သူလူထု၏ မျက်နှာတစ်ခုတည်းကိုသာကြည့်ပြီး အဆုံးသတ်တိုက်ပွဲဖြစ်သည့် စစ်အာဏာရှင်စနစ်နှင့် အသွင်အမျိုးမျိူး ပြောင်းလဲနေသည့် အာဏာရှင်စနစ်များကို အပြီးတိုင်ဖယ်ရှား ချုပ်ငြိမ်းစေရေး ကျောချင်းကပ်ဆောင်ရွက်ရမည့် ကာလဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြောကြားသည်။

ယနေ့ (သြဂုတ် ၈) ကျရောက်သော ရှစ်လေးလုံးအရေးတော်ပုံ (၃၇)နှစ်မြောက်အထိမ်းအမှတ်အနေဖြင့် ရန်ကုန်မြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့၌ လှုပ်ရှားမှုပြုထားစဉ်။ ဓာတ်ပုံ - ရန်ကုန်လူထုသပိတ်

ဩဂုတ်-၈၊ ၂၀၂၅။ ထားမြတ်/People’s Spring

နွေဦးတော်လှန်ရေးသည် မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ဝင်များအားလုံး စုပေါင်းညီညွတ်စွာဖြင့် ပြည်သူလူထု၏ မျက်နှာတစ်ခုတည်းကိုသာကြည့်ပြီး အဆုံးသတ်တိုက်ပွဲဖြစ်သည့် စစ်အာဏာရှင်စနစ်နှင့် အသွင်အမျိုးမျိူး ပြောင်းလဲနေသည့် အာဏာရှင်စနစ်များကို အပြီးတိုင်ဖယ်ရှား ချုပ်ငြိမ်းစေရေး ကျောချင်းကပ်ဆောင်ရွက်ရမည့် ကာလဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြောကြားသည်။

ယနေ့(ဩဂုတ် ၈ရက်) ကျရောက်သည့် ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ (၃၇)နှစ်မြောက် နှစ်ပတ်လည်နေ့သို့ သဝဏ်လွှာပေးပို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေသတခုချင်း စီလွတ်မြောက်ရေးနှင့်အတူ ပြည်ထောင်စုတခုလုံး လွတ်မြောက်ရေးကိုအားသွန်ခွန်စိုက် ရှေးရှု၍ လွန်ခဲ့သော ၃၇ နှစ်ခန့်က ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး၏ စိတ်ဝိညာဉ် ပူးကပ်ပြီး အတူတကွ စုပေါင်းဆောင်ရွက်ရမည့် သမိုင်းဝင်ကာလမျိုး ဖြစ်လာပြီဟု သဝဏ်လွှာ၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဆိုးရွားလွန်းသော စစ်ရာဇဝတ်မှုနှင့် ရက်စက်သောရာဇဝတ်မှုများကို ဆယ်စုနှစ် ပေါင်းများစွာသာမက ယခုလက်ရှိအချိန်ထိ အကြိမ်ကြိမ်ကျူးလွန်နေဆဲ ဖြစ်သူတို့ကို အပြစ်ပေး အရေးယူနိုင်ရေးနှင့်အတူ စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်မှ အမြစ်ပြတ် မောင်းထုတ်မည် ဟူသော စိတ်ပိုင်းဖြတ်မှုဖြင့် သမိုင်းတလျှောက် အကြီးကျယ်ဆုံးသော စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးကြီးကို မဆုတ်မနစ်ဆင်နွှဲနေကြောင်း NUGက အသိပေးပြီး အရေးကြီးသော ကာလတခုကိုလည်း ရောက်ရှိနေပြီ ဟု ဖော်ပြထားသည်။

နွေဦးတော်လှန်ရေးသည် ပြည်သူလူထု၏ ထိန်းကျောင်းမှုနှင့်အတူ အမျိုးသားညီညွတ် ရေးအစိုးရသည် နိုင်ငံရေးစစ်မျက်နှာ၊ စစ်ရေးစစ်မျက်နှာ၊ ဘဏ္ဍာရေးစစ်မျက်နှာ၊ နိုင်ငံခြားရေးစစ် မျက်နှာ၊ လူထုလှုပ်ရှားမှုစစ်မျက်နှာ၊ စိတ်ဓါတ်စစ်ဆင်ရေးစစ်မျက်နှာ စသည့်စစ်မျက်နှာပေါင်းစုံဖြင့် စစ်အာဏာရှင်စနစ်ကို အမြတ်ပြတ်စေရန် လုပ်ဆောင်နေကြောင်းလည်း ထုတ်ပြန်သည်။

ခေတ်အဆက်ဆက် တော်လှန်ရေးများမှ ယခု နွေဦးတော်လှန်ရေးကာလထိ လမ်းမများ ပေါ်တွင်လည်းကောင်း၊ အကျဉ်းထောင် ရဲဘက်စခန်းများတွင်လည်းကောင်း၊ တောတွင်း နယ်စပ် ဒေသများတွင်လည်းကောင်း ကျဆုံးစွန့်လွှတ်ခဲ့ကြသော အသက်၊ သွေး၊ ချွေး ပေါင်းများစွာ ပေးဆပ် စတေးခဲ့သော ဒီမိုကရေစီသူရဲကောင်း အပေါင်းတို့၏ မြင့်မြတ်သည့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန် တာဝန်ရှိကြောင်း လေးနက်စွာ ခံယူထားဟု NUG၏ သဝဏ်လွှာ၌ ပါရှိသည်။

စစ်အာဏာရှင်စနစ်၏ အငွေ့အသက်၊ အကြွင်းအကျန် အလျဉ်းကင်းစင်ပြီး စစ်မှန်သည့် အမျိုးသားတန်းတူရေးရရှိသော ဖက်ဒရယ်ဒီမိုကရေစီစနစ်သစ် ဖြင့် အစားထိုး ပြောင်းလဲနိုင်ရေး ရည်မှန်းချက် ပန်းတိုင်ဆီသို့ လက်တွဲညီညီ အတူချီတက် တည်ဆောက်ကြရန်လည်း NUGက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook